နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက်

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက် သိသာထင်ရှားပြီး ခက်ခက်ခဲခဲ တိုက်ပွဲတွင် အောင်ပွဲတစ်ခုအဖြစ် အတည်ပြုပေးခဲ့သည်။

ကာပီတိုလ်ဟေးလ်အောက်လွှတ်တော်တွင် ခက်ခဲကြမ်းတမ်းသော အစည်းအဝေးအပြီးတွင် အောက်လွှတ်တော်သည် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင်ထောက်ခံမဲ ၂၁၈ မဲ – ကန့်ကွက်မဲ ၂၁၄ မဲဖြင့် အတည်ပြုခဲ့သည်။ ထိုဥပဒေကို အင်္ဂါနေ့က အထက်လွှတ်တော်တွင် မဲတစ်မဲဖြင့် ကပ်ပြီး အတည်ပြုခဲ့သည်။

ထရန့်သည် ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော ကွန်ဂရက်အောက်လွှတ်တော်အား ဇူလိုင် ၄ ရက်ကို နောက်ဆုံးထား၍ ဥပဒေအဖြစ်အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် အထက်လွှတ်တော်က အတည်ပြုပေးလိုက်သည့် ဥပဒေကြမ်း၏ နောက်ဆုံးဗားရှင်းကို အောက်လွှတ်တော်ထံသို့ ပေးပို့ခဲ့သည်။

ကွန်ဂရက်လွှတ်တော်ဘတ်ဂျက်ရုံးက အဆိုပါဥပဒေကြမ်းသည် လာမည့် ၁၀ နှစ်အတွင်း ဖက်ဒရယ်လိုငွေပြမှုကို ဒေါ်လာ ၃.၃ ထရီလီယံ (ပေါင် ၂.၄ထရီလီယံ) ပေါင်းထည့်တိုးလာ နိုင်ပြီး သန်းနှင့်ချီသောလူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကာမိစေခြင်း မရှိစေဘဲ ဖြစ်စေလိမ့်မည်ဟုခန့်မှန်းထားခြင်းကို အိမ်ဖြူတော်က ငြင်းဆိုထားသည်။

ကြာသပတေးနေ့ ညနေခင်းတွင် သတင်းထောက်များနှင့် စကားပြောရာတွင် ထရန့်က အဆိုပါဥပဒေမူကြမ်းသည် “ဤနိုင်ငံကို လျှင်မြန်စွာ တိုးတက်လာသည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်” ဟု ပြောကြားခဲ့သည်။

“ဒါက တိုင်းပြည်အတွက် ကြီးကျယ်တဲ့ ဥပဒေကြမ်း ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ၄ ရက်နေ့ နိုင်ငံတော်အားလပ်ရက်၏ ၁၇:၀၀ EDT (၂၂:၀၀ BST) နာရီတွင် ၎င်းအား ဥပဒေအဖြစ် လက်မှတ်ရေးထိုးရန် မျှော်လင့်ပါသည်။

ရီပတ်ဘလစ်ကန်ပါတီ၏ အောင်ပွဲခံပါတီဥက္ကဋ္ဌ မိုက်ဂျွန်ဆင်သည် အောက်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ပြီးနောက်တွင် ထွက်လာပြီး ၎င်း၏ပါတီအတွင်း “ယုံကြည်မှု” သည် အောင်ပွဲ၏ အဓိကသော့ချက်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော်နောက်မှာ ရပ်နေတဲ့လူတွေကို ကျွန်တော်ယုံတယ်။ တချို့နဲ့ ဆက်ဆံရတာ ပိုပျော်စရာ ကောင်းတယ်” ဟု ၎င်းက ဆိုပြီး “ကျွန်တော်ဆိုလိုတာက လေးစားမှု အမြင့်ဆုံးအဆင့်နဲ့ပါ”ဟု ဆိုသည်။

အမတ်များထဲတွင် ဂျွန်ဆင်က လက်ခံလာစေရန်စည်းရုံးခဲ့သည့် တက္ကဆက်ပြည်နယ် ရီပတ်ပလီကင် အောက်လွှတ်တော်အမတ် ချစ်ပ် ရွိုင်း (Chip Roy) သည် လွန်ခဲ့သည့် ရက်ပိုင်းက အထက်လွှတ်တော်က ယင်းဥပဒေမူကြမ်းကို အတည်ပြုပြီးချိန်တွင် ခိုင်မာစွာသဘောမတူကြောင်း “နိုး” ဟု သဘောထားပေးခဲ့ပြီး ဆီးနိတ်လွှတ်တော်ဗားရှင်းကို “ရယ်မောဖွယ်” ဟု ခေါ်ဆို ခဲ့သော်လည်း မဲပေးမှုစတင်ချိန်တွင် စိတ်ပြောင်းသွားခဲ့သည်။

အောက်လွှတ်တော်က ဆီးနိတ်ဥပဒေမူကြမ်းကို အပြောင်းအလဲတစ်စုံတစ်ရာ မလုပ်ထားသော်လည်း ချစ်ပ်ရွိုင်း (Chip Roy)က “ကျွန်တော်တို့ အဓိကအရာတွေမှာ ရလဒ်ကောင်းရတယ်လို့ ခံစားရတယ်” လို့ သူက ဆိုခဲ့သည်။

ရွိုင်း ကဲ့သို့သော ရီပတ်ဘလီကန်အချို့က အထက်လွှတ်တော်ဗားရှင်းကို ဆန့်ကျင်ပြီး ပြန်ထောက်ခံပေး ခဲ့သော်လည်း၊ ထရန့် ၏ပါတီမှ လွှတ်တော်အမတ်နှစ်ဦးကသာ ကြာသပတေးနေ့တွင် “နိုး” ဟု မဲပေးခဲ့ကြသည်။ ၎င်းတို့မှာ သောမတ်စ် မက်ဆီ (Thomas Massie) နှင့် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (Brian Fitzpatrick) တို့ဖြစ်သည်။

ဂျွန်ဆင်သည် ဥပဒေပြုလွှတ်တော်တွင် ဥပဒေကြမ်းကို လေးမဲအသာဖြင့် အတည်ပြုခဲ့ ပြီးနောက် ရီပတ်ဘလီကန်အမတ် ဒါဇင်ပေါင်းများစွာက “USA! USA!” ဟု ကြွေးကြော်ကာ အောက်လွှတ်တော်ကြမ်းပြင်တွင် စုရုံးခဲ့ကြသည်။

ဒီမိုကရက်တစ် အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ဟာခီန်းမ် ဂျက်ဖရီးစ် (Hakeem Jeffries) ၏ရှည်လျားသောမိန့်ခွန်းက ကြာသပတေးနေ့မှာ ဥပဒေကြမ်းကို အတည်ပြုဖို့ နှောင့်နှေးစေခဲ့ပါသည်။

ပါတီခေါင်းဆောင်များကို စိတ်ကြိုက်အချိန်ကြာကြာပြောနိုင်စေသည့် ထုံးစံဖြစ်သည့် ၎င်း၏ “မှော်မိနစ်” မိန့်ခွန်းသည် ရှစ်နာရီနှင့် ၄၅ မိနစ်ကြာအောင် ရှည်လျားခဲ့သည်။

ဂျက်ဖရီးစ် (Jeffries) က ဆင်းရဲသားအမေရိကန်တွေအပေါ် ဥပဒေကြမ်းရဲ့ သက်ရောက်မှုကို ရှုတ်ချပြီး သူ့ရဲ့ “အမေရိကန်ပြည်သူတွေကိုယ်စား ချိုမြိန်တဲ့အချိန်ကို ယူတာပါ” လို့ ရှင်းပြခဲ့ပါသည်။

အဆိုပါဥပဒေသည် အစားအစာအကျိုးခံစားခွင့်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြတ်တောက်ခြင်းနှင့် သန့်ရှင်းသော စွမ်းအင်စီမံကိန်းများအတွက် အခွန်လျှော့ချခြင်းများ ကို ပြန်လှန်ခဲ့ပြီး ထိုဖြတ်တောက်မှုများမှ ထွက်လာသောငွေကို စုဆောင်းခဲ့ပါသည်။

ဥပဒေမူကြမ်းသည် ထရန့်၏ အဓိကမဲဆွယ်စည်းရုံးရေး ကတိနှစ်ခုကို အကောင်အထည် ဖော်ခဲ့သည်။ ၎င်း၏ ၂၀၁၇ အခွန်ဖြတ်တောက်မှုများကို အမြဲတမ်းအတည် ဖြစ်စေခြင်းနှင့်ဘောက်ဆူး တစ်ပေးခြင်း၊ အချိန်ပိုလုပ်ခနှင့် လူမှုဖူလုံရေး လက်ခံသူများအတွက် အခွန်ကောက်ခြင်းကို ပယ်ဖျက်လိုက်သည်။ ထိုအတွက် ၁၀ နှစ်ကျော်အတွင်း ကုန်ကျစရိတ် ၄.၅ ထရီလီယံဒေါ်လာ ရှိမည်ဖြစ်သည်။

နယ်စပ်လုံခြုံရေး၊ ထိန်းသိမ်းရေးစခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများအတွက် ဒေါ်လာ ၁၅၀ ဘီလီယံ (ပေါင် ၁၁၀ ဘီလီယံ) ခန့် သုံးစွဲမည်ဖြစ်သည်။ သမ္မတ၏ “ရွှေအမိုးခုံး” ဒုံးကျည်ကာကွယ်ရေးအစီအစဉ်အပါအဝင် စစ်ရေးအသုံးစရိတ်များအတွက် နောက်ထပ် ဒေါ်လာ ၁၅၀ ဘီလီယံကို ခွဲဝေပေးမည်။

အောက်လွှတ်တော် မဲဆွယ်မှုကို ရပ်တန့်ရန် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆန့်ကျင် ခဲ့သည့် ဒီမိုကရက်များသည် နောက်ဆုံးတွင် ဥပဒေကြမ်းကို ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။

ချမ်းသာသူများကို အခွန်ကောက်ခံမှုကို ဖြတ်တောက်ပေးနေစဉ်တွင် အမေရိကန် သန်းပေါင်းများစွာထံမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများကို ဖြတ်တောက်ခြင်းမှလိုငွေကို ရယူခြင်းအဖြစ် ပုံဖော်ထားသည်။

ကယ်လီဖိုးနီးယားမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ နန်စီပလိုစီ (Nancy Pelosi) က “ဒီနေ့ဟာ အလွန်ဝမ်းနည်းစရာကောင်းပြီး ကြောက်စရာကောင်းတဲ့အချိန်ကို စတင်ခဲ့တယ်” လို့ ပြောခဲ့သည်။ ဥပဒေကြမ်းသည် ရီပတ်ဘလစ်ကန်ပါတီမှ အစွန်းရောက် အတွေးအခေါ်များ ၏အန္တရာယ်ရှိသော စာရင်းတစ်ခုဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ဒဲဘရိုချ် ရော့စ် (Deborah Ross) က “လူနည်းစု အကျိုးအတွက် လူအများအပြားကို နစ်နာစေရန် မဲပေးခဲ့ကြသူများအတွက် ရှက်စရာပါ” ဟု ပြောကြားခဲ့သည်။

အရီဇိုးနားပြည်နယ်မှ ယက်စမင် အန်ဆာရီ (Yassamin Ansari) က သူမသည် ယခုအချိန်တွင် အမှန်တကယ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သော်လည်း တက္ကဆက်ပြည်နယ်မှ မာ့ခ်ဗီရာဆေ (Marc Veasey) က ရီပတ်ပလီကင် ပါတီအား “လူယုတ်မာများ၊ ပရမ်းပတာနှင့် အကျင့်ပျက်ခြစားမှုများ” ဟု တံဆိပ်တပ်ခဲ့သည်။

“ရီပတ်ဘလစ်ကန်တွေက ဘာကိုစောင့်နေတာလဲ။ ဘာကို သင်တို့က သက်သေပြဖို့ ကြိုးစားနေတာလဲ??? အမေရိကန်ပြန်လည်ကြီးမြတ်ရမယ့်MAGA က မပျော်ပါဘူး၊ မင်းအတွက်ပေးမယ့်မဲတွေအတွက် ထိခိုက်လိမ့်မယ်” လို့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ Truth Social မှာ ရေးသားခဲ့သည်။

ကွန်ဂရက်လွှတ်တော်နှစ်ရပ်လုံးကို ထရန့်၏ ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားသော် လည်း ပါတီတွင်းရှိ ရှည်လျားသောဥပဒေပြုရေးဆိုင်ရာ အဓိကမူဝါဒများအပေါ် သဘောထားများ ကွဲလွဲနေခဲ့ပါသည်။

ကြာသပတေးနေ့အစောပိုင်း နာရီများတွင် ရီပတ်ဘလီကန်ခေါင်းဆောင်များသည် ယုံကြည်မှုပိုရှိလာပြီး ၀၃:၀၀ EDT (၀၇:၀၀ GMT) အချိန်အကြာတွင် ဥပဒေကြမ်းအပေါ် လုပ်ထုံးလုပ်နည်းအရ မဲခွဲမှုကို အတည်ပြုခဲ့သည်။

ဥပဒေကြမ်းအပေါ် နောက်ဆုံးမဲခွဲမှုသည် ၁၄:၃၀ EDT (၁၉:၃၀ GMT) ၁၂ နာရီ နီးပါးအကြာတွင် ရောက်ရှိလာခဲ့သည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဥ်ကို ဘာသာပြန်ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက