နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ပစ် တာကို တွေ့ခဲ့ရတယ်လို့ ဂါဇာအကူအညီပေးရေး ကန်ထရိုက်တာ ပြော

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

ဂါဇာကမ်းမြောင်ဒေသ၏ မေးခွန်းထုတ်စရာဖြစ်နေသော အစ္စရေးနှင့် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အစားအစာထောက်ပံ့ဖြန့်ဖြူးရေးနေရာသစ်တွင် တာဝန်ယူလုပ်ကိုင်နေသော လုံခြုံရေး ကန်ထရိုက်တာဟောင်းတစ်ဦးသည် ခြိမ်းခြောက်မှုမရှိဘဲ ဆာလောင်နေသော ပါလက်စတိုင်းများကို စက်သေနတ်များနှင့် ကြိမ်ဖန်များစွာ ပစ်ခတ်သည်ကို တွေ့မြင်ခဲ့ရကြောင်း BBC သို့ ပြောကြားခဲ့သည်။

တစ်ခါက အမျိုးသမီး၊ ကလေးများနှင့် သက်ကြီးရွယ်အိုအုပ်စုတစ်စုသည် နေရာနှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားနေကြစဉ် ကင်းမျှော်စင်မှ အစောင့်တစ်ဦးက စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း (GHF) ကို မေးမြန်းသည့်အခါ စွပ်စွဲချက်များသည် လုံးဝမှားယွင်းကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

GHF ဖြန့်ဖြူးရေးနေရာများတွင် အရပ်သားများကို ပစ်ခတ်မှု တစ်ကြိမ်မျှ မရှိဖူးကြောင်း ကြေညာချက်ကို ကိုးကား၍ ၎င်းတို့က ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။

GHF သည် ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများကို မေလကုန်တွင် စတင်ခဲ့ပြီး ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာအများအပြားမှ အကန့်အသတ်ရှိသော အကူအညီများကို ဖြန့်ဝေခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုအပြီးတွင် ယင်းနယ်မြေအတွင်း စားနပ်ရိက္ခာများဝင်ရောက်မှု မရှိတော့ပေ။

အဆိုပါစနစ်သည် လူအမြောက်အမြားကို စစ်ပူနေသော တိုက်ခိုက်ရေးဇုန်များမှတစ်ဆင့် အကူအညီပေးရေးနေရာ ဆိုက်အချို့သို့ သွားလာခိုင်းသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ GHF စတင်ဖွဲ့စည်းချိန်မှစ၍ အစ္စရေးတပ်ဖွဲ့များသည် ၎င်း၏နေရာများမှ စားနပ်ရိက္ခာအကူအညီများရယူရန် ကြိုးပမ်းနေသည့် ပါလက်စတိုင်း ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ကုလသမဂ္ဂနှင့် ဒေသခံဆရာဝန်များက ပြောကြားခဲ့သည်။ ဖြန့်ဝေမှု စနစ်သစ်သည် ဟားမတ်စ်ထံသို့ အကူအညီများ ရပ်တန့်သွားသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

GHF ဆိုက်တစ်ခုတွင် အစောင့်များက ပါလက်စတိုင်းအုပ်စုကို ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏ ရှင်းလင်းချက်အား ကန်ထရိုက်တာဟောင်းက ဆက်လက်ပြောပြသည်။ “အဲဒီတုန်းက ထွက်ပေါက်ကို အပေါ်စီးက ခုံပေါ်တက်ရပ်ပြီး ကန်ထရိုက်တာတယောက်က လူစုထဲကို သေနတ် ၁၅ ချက်ကနေ ၂၀ ချက်ထိဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။

“ပါလက်စတိုင်း အမျိုးသားတစ်ယောက် မြေပြင်ပေါ် ပြုတ်ကျသွားပြီး မလှုပ်မယှက် ရှိနေတယ်။ ပြီးတော့ အဲဒီမှာ ရပ်နေတဲ့ တခြား ကန်ထရိုက်တာက ‘အင်း၊ မင်းတစ်ယောက်ပဲ ရတယ်ထင်တယ်’ ဟု ပြောဆိုပြီး ရယ်နေကြခဲ့သည်ဟု ဆိုသည်။

GHF မန်နေဂျာများသည် ပါလက်စတိုင်းအမျိုးသားသည် “ချော်လဲသွားနိုင်သည်” သို့မဟုတ် “မောပန်းပြီး သတိမေ့မြောသွားနိုင်သည်” ဟု အကြံပြုထားပြီး သူ၏အစီရင်ခံစာကို တိုက်ဆိုင်မှုတစ်ခုအဖြစ် ငြင်းဆန်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကန်ထရိုက်တာက ပြောကြားခဲ့သည်။

GHF က အဆိုပါစွပ်စွဲချက်များအား ပြောကြားခဲ့သူမှာ အကျင့်ပျက်ခြစားမှုဖြင့် ရပ်စဲခံထား ရသည့် “စိတ်ပျက်စရာ ကန်ထရိုက်တာဟောင်း” ဖြစ်သည်ဟုဆိုပြီး ထိုသူက ငြင်းဆို ထားသည်။ ရာထူးမှထွက်ပြီး နှစ်ပတ်အကြာအထိ သူသည် လခဆက်လက် ပေးနေမှုကို ရရှိခဲ့သည့် လစာစာရွက်များကို ပြသခဲ့သည်။

GHF ဖြန့်ဖြူးရေးဆိုဒ် လေးခုစလုံးတွင် အလုပ်လုပ်ခဲ့ဖူးသည်ဟု ကျွန်ုပ်တို့နှင့် စကားပြော ဆိုသူက ထိုနေရာများတွင် စည်းမျဉ်းအနည်းငယ် သို့မဟုတ် ထိန်းချုပ်မှု အနည်းငယ်သာ ရှိသည့် အပြစ်ပေးခံရခြင်းဆိုင်ရာမရှိသလောက် နည်းပါးနေသည့် ယဉ်ကျေးမှုကို ဖော်ပြ ခဲ့သည်။

ကန်ထရိုက်တာများအား စေ့စပ်ညှိနှိုင်းမှု သို့မဟုတ် စံပြုလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ရှင်းလင်းပြတ်သားသော စည်းမျဉ်းများကို ပေးထားခြင်းမရှိကြောင်းနှင့် အဖွဲ့ခေါင်းဆောင် တစ်ဦးမှ “မင်း (ပါလက်စတိုင်းတွေရဲ့) ခြိမ်းခြောက်မှုခံရတယ်လို့ ခံစားရရင် ပစ်လိုက်ပါ၊ သေအောင်ပစ်သတ်လိုက်ပါ ပြီးမှ မေးခွန်းတွေမေးပါ” ဟု ပြောကြားခဲ့ကြောင်း သူက ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ယဉ်ကျေးမှုသည် “ကျွန်ုပ်တို့သည် ဂါဇာကမ်းမြောင်သို့သွားရမည်ဖြစ်သောကြောင့် ဘာစည်းကမ်းဥပဒေမှမရှိဘူး၊ မင်းတို့လုပ်ချင်ရာလုပ်ပါ” ဆိုသည့်သဘောထားဟု ပြောသည်။

“ပါလက်စတိုင်းတစ်ယောက်ဟာ ရန်လိုတဲ့ ရည်ရွယ်ချက်နဲ့ မပြဘဲ ဆိုက်ရဲ့ နေရာကနေ ထွက်သွားတာကို ငါတို့က ဘာပဲဖြစ်ဖြစ် သူတို့ကို သတိပေးတဲ့အနေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ် ဆိုရင်တော့ ကျွန်တော်တို့ မှားတယ်၊ ကျွန်တော်တို့ဟာ ပေါ့ဆစွာ ရာဇ၀တ်မှု ကျူးလွန်နေတာ” ဟု သူက ပြောခဲ့ပါသည်။

ဆိုက်တစ်ခုစီတွင် ဧရိယာအတွင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် CCTV ပါရှိကြောင်း၊ GHF တွင် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပစ်သတ်ခံရခြင်း မရှိကြောင်း ပြောကြားချက်မှာ လုံးဝမျက်နှာပြောင်တိုက် လိမ်ညာနေခြင်းသာဖြစ်ကြောင်း ၎င်းက ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။

ဘီဘီစီကို မျှဝေသည့် ဗီဒီယိုဖိုင်တွင် သေနတ်သံကြားရသည့်ပစ်ခတ်မှုသည် အစ္စရေးတပ်ဖွဲ့ထံမှ လာသည်ဟု GHF က ပြောသည်။

အသင်းခေါင်းဆောင်များက ဂါဇာပြည်သားများကို “ဖုတ်ကောင်အလုံးအရင်းများ” ဟု ရည်ညွှန်းခေါ်ဆိုပြီး ကန်ထရိုက်တာဟောင်းဖြစ်သူက “ဒီလူတွေဟာ လုံးဝတန်ဖိုး မရှိသူတွေလို့ အယုံသွင်း ပြောဆိုခဲ့တယ်” ဟု ဆိုပါသည်။

ဥပမာအားဖြင့် GHF နေရာများတွင် ပါလက်စတိုင်းလူမျိုးများသည် အခြားနည်းလမ်းများဖြင့် အန္တရာယ်ပြုလာပါကသူတို့ကို ဓါတ်လိုက်စေသည့်သေနတ်ဗုံးများမှ အပိုင်းအစများထိမှန်ခံရမည် ငရုပ်ရည်များဖြင့်ပက်ဖြန်း ခြင်း သို့မဟုတ် လူအုပ်ကို သင်တုန်းဓားများ တပ်ထားသည့် သံဆူးကြိုးဝါယာခွေများဆီသို့ တွန်းပို့ခံရခြင်းကို လုပ်ဆောင်ရမည်ဟု အသင်းခေါင်းဆောင်က ဆိုသည်။

ကန်ထရိုက်တာဟောင်းက သူ့အနေနှင့်ပါလက်စတိုင်း ပြည်သားများကို ထိခိုက်စေမှုကို အချို့သောနေရာများတွင် မျက်မြင်တွေ့ခဲ့ရပြီး မျက်နှာတွင် ငရုတ်ကောင်းမှုန့် ဗူး အပြည့်ဖြင့် ပက်ဖြန်းခံရသော အမျိုးသားတစ်ဦးနှင့် လျှပ်စစ်ဗုံး၏သတ္ထုအပိုင်းအစမှန်မှုခံရသော အမျိုးသမီးတစ်ဦးအပါအဝင် ပါလက်စတိုင်းလူမျိုးများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပုံရသော အကြိမ်ပေါင်းများစွာကို မျက်မြင်တွေ့ခဲ့ရကြောင်း ၎င်းကပြောသည်။

“ဒီသတ္တုအပိုင်းအစက သူမကို ဦးခေါင်းကို တိုက်ရိုက်ထိမှန်ပြီး မလှုပ်မရှား မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်” ဟု ၎င်းက ဆိုသည်။ “သူမသေသွားပြီလားမသိပါဘူး။ သူမ သတိလစ်နေပြီး လုံးဝကို အားလျော့နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။”

ယခုသီတင်းပတ်အစောပိုင်းတွင် ပရဟိတလုပ်ငန်းနှင့် အခြားသော NGO ပေါင်း ၁၇၀ ကျော်က GHF ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့သည်။ Oxfam နှင့် Save the Children အပါအဝင် အဖွဲ့အစည်းများက အစ္စရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များက အကူအညီတောင်းခံ နေသည့် ပါလက်စတိုင်းများကို မကြာခဏ ပစ်ခတ်နေသည်ဟု ဆိုသည်။

အစ္စရေးသည် ၎င်း၏စစ်သားများက အကူအညီလက်ခံသူများအား တမင်ပစ်သတ်ခြင်းအား ငြင်းဆိုထားပြီး GHF ၏စနစ်သည် ဟားမတ်စ် ဝင်ရောက်စွက်ဖက်မှုကို ကျော်ဖြတ်ကာ လိုအပ်သူများကို တိုက်ရိုက်အကူအညီပေးသည်ဟု ပြောကြားခဲ့သည်။

GHF သည် ငါးပတ်အတွင်း အစားအစာထုတ် ပေါင်း ၅၂ သန်းကျော်ကို ပေးအပ်ခဲ့ပြီး အခြားအဖွဲ့အစည်းများက ၎င်းတို့၏အကူအညီများ လုယက်ခံရသောကြောင့် အကူအညီမဲ့စွာ ရပ်တည်နေကြောင်း GHF က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် ၂၀၂၃ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာတွင် လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ထိုအချိန်မှစ၍ ဂါဇာတွင် အနည်းဆုံး လူပေါင်း ၅၇,၁၃၀ သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကြီးမှူးသော ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက