နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

“ သမ္မတဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ရင် ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ရပ်ဆိုင်းထားသင့်ဟု MI6 ၏ အကြီးအကဲဟောင်းကပြော

+++++++++++++++++++++++++++++++++++++

“ သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ရင် ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ရပ်ဆိုင်းထားသင့်တယ်” ဟု ဗြိတိန်ရဲ့ ထိပ်တန်းသူလျှိုဟောင်းက ကြာသပတေးနေ့မှာ NBC News ကို ပြောကြားခဲ့ပါသည်။

ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ MI6 ၏ အကြီးအကဲဟောင်း ရစ်ချတ်ဒီရားလာ့ဗ် (Richard Dearlove) က အပစ်အခတ်ရပ်စဲရေးကို အဆောတလျင် လုပ်ဆောင်ခြင်းနှင့် ကရင်မလင်အား လိုက်လျောမှု များစွာပေးခြင်းသည် ဥရောပသို့ အခြားရန်လိုသော တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် သမ္မတဗလာဒီမာပူတင်ကို တွန်းအားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားတို့အနေနှင့် အပစ်အခတ်ရပ်စဲရေးကို လုံးလုံးလျားလျား လိုအပ်နေကြောင်း၊ ကရင်မလင် ငွေသားအရန်ငွေ ဆုတ်ယုတ်ခြင်းနှင့် ၎င်း၏စစ်ယန္တရားကို မော်စကိုမှ ထောက်ပံ့ရန်နှင့် မော်စကိုက တင်ပို့သည့် ရေနံစိမ်းစျေးနှုန်းများ ကျဆင်းနေခြင်းကို ကိုးကား၍ ဒီးရားလာ့ဗ်က ပြောကြားခဲ့သည်။

“ ယူကရိန်းဟာ အပြောင်းအလဲမှတ်တိုင်တစ်ခုကို ရောက်ရှိဖို့ နီးကပ်နေပြီ” ဟု ၎င်းက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “ ဒါပေမယ့် လက်ရှိမှာ စိုးရိမ်စရာကတော့ ထရန့်က ရုရှားတွေနဲ့ အချိန်မတန်ခင် လိုက်လျောမှု အလွန်များပြားစွာပေးပြီး သဘောတူညီချက်တစ်ခု လုပ်သွားမှာကိုပါ” ဟု ဆိုသည်။

“ အလွန်မလိုလားအပ်သော” အကျိုးဆက်များသည် “ အချိန်ကြာလာသည်နှင့်အမျှ ရုရှားလူမျိုးများကို မိမိကိုယ်ကို ယုံကြည်မှု အားကောင်းလာစေရန်နှင့် ပိုမို၍ ရန်လိုလာစေနိုင်သည်” ဟု လန်ဒန်၏ သမိုင်းဝင်ပုဂ္ဂလိကအသင်းဝင်ကလပ်တစ်ခုတွင် ကော်ဖီသောက်နေသည့် ဒီးရားလာ့ဗ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၌ ထိုးစစ်အသစ်တစ်ခု စတင်လိုက်ပြီဖြစ်ကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က ပြောကြားလိုက်ချိန်တွင် ၎င်း၏ ဤမှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

အခြားနိုင်ငံခြားရေး မူဝါဒကျွမ်းကျင်သူများထက် ထရန့်၏ မတူညီသောချဉ်းကပ်မှုကို မကြာခဏ ဝေဖန်မှု နည်းပါးသော်လည်း၊ ထရန့်၏ ဂုဏ်သရေနည်းပါးမှု” နှင့် “ လေးစားအပ်သော အပြုအမူ မရှိခြင်း” သည် “ အလွန်စိတ်ပျက်စရာ” ဖြစ်သည်ကို တွေ့ရကြောင်း အထူးသဖြင့် ၎င်း၏ဘဲဥပုံရုံးတွင် ဖေဖော်ဝါရီလတွင် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် ထိပ်တိုက်တွေ့ခဲ့စဥ်ကအပြုအမူဖြစ်သည်ဟု ဒီရားလာ့ဗ်က ဆိုသည်။

“ အမေရိကန်တွေအပေါ် ကျွန်တော့်ရဲ့ ယေဘူယျအမြင်က သူတို့ဟာ ယဉ်ကျေးသိမ်မွေ့ပြီး အလွန်ရိုသေစွာ ပြုမူတတ်ပါတယ်” ဟု အသက် ၈၀ နှစ်အရွယ် ဒီရားလာ့ဗ်က နှိမ့်ချစွာ ပြောဆိုခဲ့သည်။ ” ထရန့် က အဲဒါတွေအားလုံးကို ဖောက်ခွဲဖျက်စီးပစ်လိုက်တဲ့ပုံစံကတော့ ထူးခြားပါတယ်။”

ပျော်ပျော်နေတတ်ပြီးပွင့်လင်းစွာ‌ပြောတတ်သူ ဒီရားလာ့ဗ်သည် MI6 ကို ၁၉၆၆ ခုနှစ် တွင်ဝင်ရောက်ခဲ့ပြီး ၎င်း၏ကုဒ်အမည် “ C” ဖြစ်ပြီး ၁၉၉၉ နှင့် ၂၀၀၄ ခုနှစ်အကြားတွင် MI6 ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုသူသည် ကမ္ဘာလုံးဆိုင်ရာသတင်းများကို ဖော်ပြသည့် “One Decision” ပေါ့တ်ကာစ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း လီယွန်ပန်နက်တာနှင့်အတူ ပူးတွဲလုပ်ကိုင်ခဲ့ကြသည်။

သူက အမေရိကန်သမ္မတ၏ ဥရောပမဟာမိတ်များကို ကာကွယ်ရေးတွင် ငွေကြေးပိုမို အကုန်အကျခံ သုံးစွဲရန် အမေရိကန်သမ္မတ၏ မဲဆွယ်စည်းရုံးမှုအတွင်း ဖိအားပေးမှုကို အခိုင်အမာ ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ အနောက်နိုင်ငံများက ဥရောပ၏ မျှတမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်စနစ်ကို ခံစားနေသည့်အချိန်တွင် အမေရိကန်ကို အနောက်ကာကွယ်ရေးအတွက် ကုန်ကျမှုများကို မမျှတစွာ ခံစေခဲ့သည်” ဟု သူက ဆိုသည်။

“ ဂျာမဏီ၊ ပြင်သစ်နဲ့ အီတလီလို နိုင်ငံတွေမှာ လူမှုဖူလုံရေးအစီအစဉ်တွေအတွက် အမေရိကန်အခွန်ထမ်းတွေက ဘာကြောင့် ပေးဆောင်ရတာလဲ” ဟုသူက ပြောသည်။

ထရန့်၏အစိုးရအဖွဲ့သည် စာတိုပေးပို့ရေးအက်ပ် Signal တွင် ယီမင်ကို ဗုံးကြဲတိုက်ခိုက်ရန် ဆွေးနွေးခဲ့သည့်ဖြစ်စဉ်တွင် “Signal” အသုံးပြုမှုသည် “မိုက်မဲသော မှားယွင်းသည့်လုပ်ဆောင်မှု” ဖြစ်ပြီး “အပျော်တမ်းအဆင့်သာ ရှိသည်ဟု ဝေဖန်ခဲ့သည်။

ဒီရားလာ့ဗ်၏ပေါ်ဆိုမှုအပေါ် မှတ်ချက်ပေးရန် အိမ်ဖြူတော် လက်ထောက်သတင်းထောက် ဟဲရစ်ဆင် ဖီးလ် (Harrison Fields) က “ သမ္မတထရန့်ဟာ ခေတ်သစ်သမိုင်းမှာ ဘယ်သမ္မတတွေထက်မဆို ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦး ဖြစ်ပါတယ်။”

“ သမ္မတရဲ့ ခွန်အားနဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ ကမ္ဘာတစ်ဝှမ်းရှိ သမိုင်းဝင် အောင်မြင်မှုတွေကို ပေးအပ်ခဲ့ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမေရိကန် လွှမ်းမိုးမှုကို ပြန်လည်ရရှိစေခဲ့ပါတယ်” ဟု ဖီးလ် က ပြောကြားခဲ့သည်။

MI6 အကြီးအကဲဟောင်းက ၎င်း၏ အကြီးမားဆုံး ရေတိုစိုးရိမ်ပူပန်မှုသည် ကိ့ဗ်နှင့် မော်စကို နှစ်ခုစလုံးနှင့် အပြိုင်ဆွေးနွေးမှုများ ပါဝင်ခဲ့သည့် ယူကရိန်းနိုင်ငံသို့ ထရန့်၏ ချဉ်းကပ်မှုဟု ဆိုသည်။ ၎င်းနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများတွင် ဝေဖန်ရေးသမားများက ထရန့်ကို ပြစ်တင်ရှုတ်ချခြင်း ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရချင်ရင် ယူကရိန်းနဲ့ အချိန်မတန်ခင် သဘောတူညီမှုရဖို့ စောင့်ပါ” ဟု ဒီရားလာ့ဗ်က ပြောပါသည်။ (ယခင်လက်ထောက်များအဆိုအရ၊ သမ္မတသည် ၎င်း၏ရှေ့ဆက်ခံသူလေးဦးမှ ရရှိခဲ့သော အထင်ကရဆုအား မက်မောဆဲဖြစ်ပြီး ၎င်းအတွက် ထရမ့်သည် ယခင်က အနည်းဆုံး နှစ်ကြိမ်ခန့် အမည်စာရင်းတင်သွင်းထားခြင်း ဖြစ်သည်။)

ဒီရားလာ့ဗ်သည် ရုရှားလူမျိုးများသည် နောက်တန်းတွင် ရှိနေသည်ဟု ယုံကြည်ပြီး စည်းကမ်းချက်များကို လက်ခံရန် ပိုမိုဖိအားပေးခံရမည်ဟု ယုံကြည်သည်။

“ ရုရှားတို့ကိုယ်တိုင် အပစ်အခတ်ရပ်စဲရေးကို လုံးလုံးလျားလျား လိုအပ်နေပေမယ့် ပူတင်က သူ့မှာ နောက်ပြန်ဆုတ်မဲ့ ဂီယာမရှိလို့ မလုပ်ဆောင်နိုင်ဘူး” လို့ ဒီရားလာ့ဗ်က ပြောပါသည်။

အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တီဟီရန်နှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု ထရန့်၏ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် အီရန်တွင် အုပ်ချုပ်ရေးယန္တရားက အလွန်မြင့်မားသောစျေးနှုန်းကို တောင်းဆိုမည်ဟု ယုံကြည်ကြောင်း၊ ဆိုလိုသည်မှာ အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်တစ်ခုလုံးကို စွန့်လွှတ်ရန်၊ စွမ်းအင်နှင့် နျူလက်နက်များထုတ်လုပ်မှုကို စွန့်လွှတ်ကြောင်းတောင်းဆိုနိုင်သည်ဟု ပြောကြားခဲ့သည်။

“အီရန်မှာ နျူကလီးယား စွမ်းဆောင်နိုင်စွမ်း မရှိစေရဘူးဆိုတာက ထရန့်နဲ့ အစ္စရေးအတွက် အဓိကအချက် ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

“တကယ်လို့ အီရန်က နျူလက်နက်ထုတ်လုပ်ဖို့ ကြိုးစားရင် ဒါမှမဟုတ် အမေရိကန်နဲ့ အစ္စရေးထောက်လှမ်းရေးက ထုတ်လုပ်နေပြီလို့ အကြံပြုရင် အစ္စရေးနဲ့ အမေရိကန်တို့က ပူးတွဲတိုက်ခိုက်မှု ဖြစ်လာမှာ သေချာပါတယ်။”

သံတမန်ရေးအရ မအောင်မြင်ပါက ဆွေးနွေးပွဲများ မအောင်မြင်ပါက ထရန့်က စစ်ရေးအရ အရေးယူခြင်းအား ပယ်ချခြင်း မပြုဘဲ တီဟီရန်တွင် “အလွန်ဆိုးရွားသောနေ့” ဖြစ်လာမည်ဟု ပြောဆိုခဲ့သည်။

ဒီရားလာ့ဗ်က “အီရန်တွေ စေ့စပ်ညှိနှိုင်းခြင်း မပြုဘူးဆိုရင် ဒါမှမဟုတ် သူတို့ မှာ လုပ်ဆောင် နိုင်စွမ်းရှိတယ်လို့ ယုံမှားပြီး ညှိနှိုင်းခြင်း မလုပ်ဘူးဆိုရင် သူတို့ဟာ အကျပ်အတည်းဆီကို ဦးတည်သွားနေသူတွေ ဖြစ်လာလိမ့်မယ်။”

“ Pax Americana” ဟု ခေါ်တွင်ခဲ့သည့် ၁၉၄၅ ခုနှစ် ကတည်းက အကြီးအကျယ် ကျင်းပခဲ့သည့် “ အမေရိကန်ငြိမ်းချမ်းရေး” သည် ဝါရှင်တန်၏စစ်ပြီးခေတ် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုအတွက် စကားလုံးဖြစ်သည်။ ထိုအချက်သည် “ လုံးဝပြိုကွဲသွားပြီ” ဟု သူက ပြောသည်။ “ အဲ့ဒါအစား သမ္မတရှီကျင့်ဖျင်က တရုတ်ရဲ့တန်ဖိုးစံနစ်နဲ့အညီ ၂၀၅၀ ပြည့်နှစ်မှာ “ကမ္ဘာကြီးကို ဖန်တီးလိုပြီး အမေရိကန်နဲ့ တရုတ်ကြား နားလည်မှု တစ်မျိုးမျိုး ရှိဖို့ လိုအပ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“တရုတ်နဲ့ အနောက်နိုင်ငံတွေက တရင်းတနှီး ရောယှက်နေတယ်၊ ​​ခွဲလို့မရဘူး၊ ခွဲထုတ်လို့ မရနိုင်ဘူး” ဟု ၎င်းက ဆိုသည်။ “ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲဒါက အနောက်တိုင်းက တန်ဖိုးထားတဲ့စနစ်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။”

သူက ရှီ၏ တရုတ်ကွန်မြူနစ်ပါတီကို “ကမ္ဘာ့ကြီးကို စိုးမိုးမယ်အကြောင်း ပြောနေတယ်” ဟု ဆိုသော်လည်း ပေကျင်းက ထိုအချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

“သြဇာလွှမ်းမိုးမှု နယ်ပယ်နှစ်ခုအဖြစ် ကျွန်တော် ဖော်ပြမယ့်အရာတွေကို လိုက်လျောညီထွေ ဖြစ်စေမယ့် နိုင်ငံတကာသဘောတူညီချက်မျိုး ရှိရမယ်” ​​ဟု ၎င်းက ဆိုသည်။ သို့မဟုတ်ပါက တရုတ်နိုင်ငံသည် ၂၁ ရာစုတွင် တစ်ချိန်ချိန်၌ အမေရိကန်နှင့် ထိပ်တိုက်တွေ့မှုတွင် အဆုံးသတ်သွားမည် ဖြစ်သည်။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 80 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 73 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 32 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု