နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

ယူကရိန်း

ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ပေးအပ်ရန် ကတိပြုထားသော ဒုံးကျည်အစင်း ၂၀,၀၀၀ ကို အမေရိကန်က လမ်းကြောင်းပြောင်း၍ အရှေ့အလယ်ပိုင်းသို့ ပို့လိုက်သည်ဟု ဇလန်းစကီးပြော

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

“ ရုရှားတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အဲ့ဒီဒုံးကျည်တွေကို ကျွန်တော်တို့ ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်” ဟု ဇလန်းစကီး က ABC သို့ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီး က ၎င်း၏ကာကွယ်ရေးဝန်ကြီးက သောကြာနေ့တွင် အမေရိကန်သည် ယူကရိန်းသို့ ကတိပြုထားသည့် မောင်းသူမဲ့လေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ ပေးပို့လိုက်ကြောင်း ပြောကြားခဲ့သည်ဟု ABC News ၏ မာသာ ရတ်ဒက်ဇ်(Martha Raddatz) သို့ ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရအဖွဲ့နဲ့သဘောတူညီချက်အရ ယူကရိန်းအတွက် လျာထားတဲ့ ဒုံးကျည် ၂၀,၀၀၀ ကို အမေရိကန်က သူတို့တပ်ဖွဲ့တွေကို ကာကွယ်ဖို့ လမ်းကြောင်းပြောင်းပြီး အရှေ့အလယ်ပိုင်းကို ပို့လိုက်ပြီလို့ ပြောပါတယ်။ အဲဒီမှာရှိတဲ့ အမေရိကန်တပ်တွေကို ကာကွယ့်ဖို့လို့ ယူဆရတယ်လို့လည်း ပြောပါတယ်။

“ အမေရိကန်ရဲ့ အကူအညီ မပါဘဲ၊ ကျွန်တော်တို့ ပိုမိုဆုံးရှုံးမှု ရှိလာနိုင်တယ်” ဟု ဇလန်းစကီးက ပြီးခဲ့သည့်အပတ်က ကိ့ဗ်တွင် ရတ်ဒက်ဇ်သို့ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံအတွင်း ယူကရိန်းက လျှို့ဝှက်မောင်းသူမဲ့ဒရုန်းများဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် လျှို့ဝှက်စစ်ဆင်ရေးအတွင်း ရုရှားကို တုန်လှုပ်ချောက်ချားသွားစေကာ ရုရှားက ပြန်လည် တိုက်ခိုက်ခြင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံတွင်းသို့ တိုက်ခိုက်ရာတွင် မောင်းသူမဲ့လေယာဉ် ၄၇၉ စင်းနှင့် ဒုံးကျည်အစင်း ၂၀ တို့ကို တနင်္လာနေ့ညပိုင်းက ပစ်လွှတ်ခဲ့ပြီး ရုရှား၏ ဝေဟင်ထိုးစစ်အတွက် အများဆုံးအဖြစ် မှတ်တမ်းဝင်ဖြစ်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောဆိုခဲ့သည်။

ပင်တဂွန်သည် အရှေ့အလယ်ပိုင်းအတွက် လက်နက်အစုအဝေးများကို ပို့ဆောင်ခဲ့ကြောင်း အတည်ပြုရန် ငြင်းဆိုခဲ့သည်။

Shahed ဒရုန်းများကို အထူးကာကွယ်ပေးသည့် ကာကွယ်‌ရေးဆိုင်ရာ လက်နက်အစုအဝေးများသည် “စျေးမကြီးသော်လည်း အထူးနည်းပညာ” ဖြစ်သည်ဟု ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။

Shaheds ဒုံးများသည် အီရန်မှ ထုတ်လုပ်ပြီး မော်စကိုမှ တင်သွင်းသည့် ဈေးမကြီးသောဒရုန်းများဖြစ်သည်။ ရုရှားသည် ယခုအခါ ၎င်းတို့ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နေသည်။

ရုရှားမောင်းသူမဲ့ လေယာဉ်များကို ဖယ်ရှားရန် စီစဉ်ထားသည့် ဒရုန်းနည်းပညာကို ယူကရိန်းတွင် ဖြန့်ကျက်ရန် ပင်တဂွန်က လွှဲပြောင်းခွင့်ပြုထားကြောင်း Wall Street ဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”