နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းခြံမှာ ပျူအမျိုးသမီးခေါင်းဆောင် သီတာယုမွန်အဖွဲ့ အတိုက်အခိုက်ခံရ ပျူဘက်မှာ အကျအဆုံးများဟုဆို

ဇန်နဝါရီလ (၁၂) ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီး ဒီကနေ့ ဇန်နဝါရီလ (၁၂) ရက် မနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်စစ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သီတာယုမွန်အဖွဲ့ဟာ ကြားဖြတ်အတိုက်ခံရတာဖြစ်ပြီး အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။ သီတာယုမွန်ကိုယ်တိုင် ဒဏ်ရာရရှိသွားလို့ ဆေးကုသမှုခံယူနေရတယ်လို့ သတင်းရရှိပါတယ်။ သီတာယုမွန်အဖွဲ့မှာ ၁၂ ယောက်ကျဆုံးခဲ့ပြီး (၄) ယောက်ရဲ့အလောင်းကိုတော့ ကားနဲ့သယ်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကတော့ လက်နက်တွေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ ဂျန်ဘာစက်တစ်လုံးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်း မြင်းခြံမြို့အဝင် နန်းမြင့်တောင်ကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး PDF တွေက တံတားတစ်စင်းကို မိုင်းထောင်ဖောက်ခွဲသွားတယ်လို့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာလည်း သတင်းဖြန့်ထားပါတယ်။

တော်လှန်ရေးအင်အားစုဘက်ကတော့ မကြာခင်သတင်းထုတ်ပြန်မယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ။

တော်လှန်ရေးအင်အားစုများ သိမ်းဆည်းရရှိသည့်လက်နက်များနှင့် ပျူအမျိုးသမီးခေါင်းဆောင် သီတာယုမွန်အဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆိုးဆိုးဝါးဝါး မီးပျက်နေတဲ့ ရန်ကုန်မှာ မီးစက်နဲ့ ဆိုလာကုန်စည်ပြပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 10 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့ကစပြီး ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်း အင်းယားလိတ်ဟိုတယ်အနီးက Yangon Convention Center မှာ မီးစက်နဲ့ ဆိုလာ
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 10 Views
ဇန်နဝါရီလ (၁၂)ရက်။ ဇန်နဝါရီလ (၁၀)ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်တာ မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ PDF ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံအထိရောက်လာလို့ စစ်ကောင်စီ အင်အားထပ်ဖြည့်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 13 Views
ဇန်နဝါရီလ (၁၂) ရက်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွှေသောင်ယံမြို့အထိ ထိုးစစ်ဆင်ရောက်ရှိလာပြီလို့သိရပြီး ထိတွေ့တိုက်ပွဲတွေမှာလည်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက
မြန်မာသတင်း

လှိုင်သာယာမှာ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတုပြုလုပ်သူ (၉)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 16 Views
ဇန်နဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတုတွေ ပြုလုပ်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတူတွေကို အခကြေးငွေယူပြီး ပြုလုပ်ရောင်းချနေတာကို သတင်းရရှိတာကြောင့်
မြန်မာသတင်း

၂၀၀၅ကစပြီး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အောင်မြင်ခဲ့ရင် ဓါတ်အားလုံလောက်စွာရနေမှာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 11 Views
ဇန်နဝါရီလ (၁၂)ရက်။ ၂၀၀၅ခုနှစ်ကစပြီး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တဲ့စီမံကိန်းတွေ အောင်မြင်ခဲ့ရင် အခုအချိန် ဓါတ်အားလုံလောက်စွာ ရရှိနေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြင်ဦးလွင်ခရီးစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ စွမ်းအားပြည့်မထုတ်လုပ်နိုင်တာ၊ ဖျက်ဆီးတာနဲ့ ဓါတ်ငွေံတာ
1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 14 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ တအာင်းဒေသခံတို့ရဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းမယ်လို့
မြန်မာသတင်း

တနိုင်းရှိ ရွှေမှော်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား (၁၀)ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီဝန်းကျင်က တနိုင်းမြို့ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ စကစ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ရွှေမှော်က အရပ်သားပြည်သူတွေ ရှိတဲ့နေရာပါ။
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်သူကို ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 17 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် လမ်း(၄၀)၊ (၇၂)လမ်းနဲ့ (၇၃)လမ်းကြားရှိ KBZ ဘဏ်ခွဲ (၃၇)မှာ သေနတ်ပြဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ အိမ်နားက