နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

မတ်လ (၁၂) ရက်။

ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“အခုက ယင်းမာပင်မှာ စကစဖရဲသီးက သတင်းပေးလို့ဆိုပြီး တော်လှန်ရေးရဲဘော်တွေကို ခရိုင်ပလဖနဲ့ ABSDF တိုပူးပေါင်းပြီး ဖမ်းဆီးတာတွေရှိနေတာပါ။ ဖမ်းဆီးခံရတဲ့ တော်လှန်ရေးရဲဘော်တွေက မြေပြင်မှာ တကယ်အလုပ်လုပ်ပြီး စကစကို တော်လှန်နေတဲ့ လူငယ်တွေ” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ယင်းမာပင်ခရိုင် သဲစုရွာနေ တော်လှန်ရေးရဲဘော် (၂) ဦးဖြစ်တဲ့ ရဲဘော်သန့်ရှင်းနဲ့ အရှည်ကြီးတိုကို စစ်ကောင်စီတပ်တွင်းကသတင်းပေးတာကြောင့်ဆိုပြီး ခရိုင်ပလဖနဲ့ ABSDF တို ဖမ်းဆီးခဲ့တာလို သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော်(၂) ဦးဟာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခက်အခဲတွေကြောင့် နှုတ်ထွက်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ‌အနေနဲ့ ရပ်တည်ဖို ကြိုးစားနေသလို မုံရွာမြိုရှိ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို စစ်ဆင်ရေးဖော်ဆောင်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလဲ တော်လှန်ရေးရဲဘော်တွေက စစ်ကောင်စီရဲဝန်ထမ်းရဲ့ ဆီဆိုင်ကို စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီသတင်းပေးကြောင့် ရဲဘော်တွေနဲ့ ထောက်ပိုအပါအဝင် (၅) ဦး တပတ်ခန့်အကြာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီထောက်တိုင် ရဲဝန်ထမ်းဆီဆိုင်ကို ပြည်သူဆီဆိုင်လို စစ်ကောင်စီဘက်က သုံးနှုန်းပြီး ရွှေ၊ ငွေတွေပါ ဓါးပြတိုက်သွားတယ်လို မမှန်မကန် ဖော်ပြခဲ့သလို စစ်ကောင်စီတပ်တွင်းကသတင်းပေးသူရဲ့ တိုင်ကြားချက်ကြောင့်ဆိုကာ ကျန်လွတ်မြောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ABSDF နဲ့ ခရိုင်ပလဖတို့က ဖမ်းဆီးခဲ့တာပါ။

“ရဲဘော်သန့်ရှင်း သား (၂) ယောက်ကို မိခင်က အိမ်ခြံမြေကွက်ရောင်းရတဲ့ငွေ ကျပ်သိန်း (၂၀၀)နဲ့ ထိုင်းက သန့်စင်လင်းက (၁၀၀) နဲ့ မြေး(၂)ဦးကို အလှူလုပ်ဖို စီစဉ်ထားတာ။ အဲ့ဒါကို စကစတပ်တွင်း ဖရဲသီးက ဆီဆိုင်ဓါးပြတိုက်တာကနေ ရတဲ့ငွေတွေဆိုပြီး လိမ်လည်သတင်းပိုတာတွေကြောင့် အခုလို ရဲဘော်အချင်းချင်း ဖမ်းဆီးတာ။ ဒီလုပ်ရပ်က ABSDF နဲ့ ခရိုင်ပလဖတို့ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ စကစရဲ့ သပ်လျှိုသွေးခွဲတာကိုယုံကြည်ပြီးလက်ခံလုပ်ဆောင်နေတာ လို့ သူက ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီအတွင်းသတင်းပေးရဲ့ မမှန်မကန် လီဆယ်တိုင်ကြားချက်ကြောင့် တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးထားတာဟာ မမှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံး‌ပြန်လွှတ်ပေးဖို NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေဆီ စာပေးပို့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ တော်လှန်ရေးပြိုပျက်စေဖို ကြံစည်တဲ့ စစ်ကောင်စီနဲ့ တူညီနေကာ စစ်ကောင်စီအတွင်းသတင်းတွေ၊ ချန်နယ်တွေရဲ့ မဟုတ်မမှန် သတင်းပေးစွပ်စွဲချက်တွေနဲ့ တော်လှန်ရေးအင်အားတွေ မဖြိုဖျက်မိစေဖို အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 1 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 2 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 9 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 10 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 8 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို