နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်သာမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မတ်လ (၁၂)ရက်။

မတ်လ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တောင်သာမြို့ အေးကျင်းရွာကို စစ်ကောင်စီက လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဈိုချက်တွေအရ စိရပါတယ်။

“ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်လောက် စကစက အေးကျင်းရွာ ဘုရားဝင်းထဲကို လေယာဉ်နဲ့ ဗုံးသီးချသွားတာ။ အီ့မှာ ဘုရားဝင်းထဲ လိုင်းသုံးနေတဲ့ (၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အေးကျင်းရွာရှိ ဘုရားဝင်းထဲကို လေကြောင်းကနေ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဘုရားဝင်းထဲ ဖုန်းလိုင်းသုံးနေတဲ့ (၁၆)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် မတ်လ (၁၁)ရက်နေ့ကလဲ စစ်ကောင်စီက စက်တပ်လေထီး (၂)စီးနဲ့ ဇရပ်ကြီးရွာကို ဗုံးသီး (၈)လုံး ကြဲချခဲ့ကာ လူထိခိုက်တာမရှိဘဲ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

အခုလို တောင်သာမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 28 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြည်သူ့အသံ၊ CDM တွေရဲ့အသံကို နားထောင်ပြီး ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုပြီး
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုခါ စစ်ကော်မရှင်ဟာ CC တပ်ပေါင်းစုနဲ့ CB တပ်ပေါင်းစုတို့
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 32 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့