ဇန်နဝါရီလ (၁၃)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စုထဲက ကျောက်မျက်တူးဖော်တဲ့ မြေစာပုံနေရာအချို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ လုံးခင်းထဲက ဆန်ခါရွာထဲနဲ့ အနီးက ကျောက်မျက်တူးဖော်ရေးလုပ်ကွက် မြေစာပုံနေရာတွေကို စကစက လေယာဉ်နဲ့ဗုံးကြဲတာနဲ့ စက်လက်နဲ့ ပစ်ခတ်သွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက လုံးခင်းအုပ်စုရှိ ဆန်ခါကျေးရွာနဲ့ အနီးနားရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် မြေစာပုံနေရာအချို့ကို လေကြောင်းဗုံးကြဲတာနဲ့ စက်လက်နက်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာတွေကြောင့် ဆန်ခါရွာရှိ ဒေသခံပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရကာ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ။
“ စကစက ဗုံးကြဲ ပစ်ခတ်တာကြောင့် ဆန်ခါရွာထဲက ဒေသခံပြည်သူအချို့ ထိခိုက်ခဲ့တယ်။ မြေစာပုံလုပ်ကွက်အချို့မှာ ထိခိုက်တဲ့အခြေအနေနဲ့ သေဆုံး၊ ဒဏ်ရာရတာကို အတည်ပြုနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁)ရက်နေ့ကလဲ တနိုင်းမြို့ KIA နယ်မြေဖြစ်တဲ့ လပူခရွှေမှော်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ကာ အရပ်သား (၁၅)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။