နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မျက်နှာအလိုက် ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီးပြော

မတ်လ (၁၃)ရက်။

စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်မှူးသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တော်လှန်ရေးအစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမဆးအဆင့် ကြိုးပမ်းခဲ့ရတယ်။ ဒုတိယအဆင့်အနေနဲ့ ထုအင်အားစုစည်း၊ မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံ ရဲဘော်တို့ ရယူနိုင်ခဲ့ပြီ” လို့ ဆိုပါတယ်။

ဒါ့ကြောင့် တတိယအဆင့်အနေနဲ့ PDF ပကဖနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွဲပြီး စစ်အာဏာသိမ်းတာကို အဆုံးသတ်လိမ့်မယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး PDF တည်ထောင်ရာမှာ လက်နက်ကိုင် နွေဦးအင်အားစုအားလုံးကို အလံတော်တခုအောက်မှာ စုစည်းရင်း တော်လှန်ရေးဆင်နွှဲဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့အခါ ရှေ့ပြေးအမြုတေဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက် (၂)ရပ်ကို အမြဲနှလုံးသွင်းထားဖို့ မှာကြားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအောင်မြင်ဖို့နဲ့ တော်လှန်ရေးအောင်တဲ့အခါ ပြည်သူတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်အောင်မြင်မြင် ထူထောင်နိုင်ဖို့အတွက်ပါ ကြီးလေးတဲ့တာဝန်ရှိတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

PDF တပ်မှူး အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို NUG ရဲ့ အုပ်ချုပ်ရေးနယ်မြေတနေရာမှာ မတ်လ (၈)ရက်က စစ်ရုံးချုပ်အစီအစဉ်နဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့က သင်တန်းသား (၁၁၅)ဦးနဲ့ ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 25 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 18 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 17 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 31 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 90 Views
စက်တင်ဘာလ (၁၅)ရက်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတဲ့လုပ်ရပ်တိုင်းက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံမြို့ရှိ ထွေအုပ်ရုံးနဲ့ ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 75 Views
စက်တင်ဘာလ (၁၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က မြောက်ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မြောက်ဒဂုံက စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်နေတဲ့ ထွေအုပ်ရုံးနဲ့
မြန်မာသတင်း

မြိုင်မြိုနယ်ထဲ ဝင်/ထွက်သွားလာတာတွေကို စိစစ်ကြပ်မတ်ဖို့ မြို့နယ်ပကဖ ညွှန်ကြားထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 71 Views
တော်လှန်ရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားပြုလုပ်ရင် ထိရောက်စွာအရေးယူမယ်လို့ဆို စက်တင်ဘာလ (၁၅)ရက်။ မြိုင်မြို့နယ်ထဲ လူစိမ်းနဲ့ သင်္ကာမကင်းတဲ့ ဝင်/ထွက်သွားလာတာတွေကို ကျေးရွာတ‌ရွာချင်းစီ စိစစ်ကြပ်မတ်သွားဖို့ မြို့နယ်ပကဖ ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးအစက လူစိမ်းတွေ ဝင်/ထွက်သွားလာတာကို တိတိကျကျ
မြန်မာသတင်း

ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အရေးယူမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 67 Views
စက်တင်ဘာလ (၁၅)ရက်။ ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထိရောက်စွာ အရေးယူမယ်လို့ NLD က မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဆန္ဒမဲပေးတာ (၇၁)ရာခိုင်နှုန်းကျော်ခဲ့ပြီး NLD ပါတီက မဲဆန္ဒနယ်အားလုံးရဲ့