နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ကို ထောက်ခံသူ MAGA ၏ နာမည်ကျော် မီဒီယာများက ‘ဒါဟာ လာဘ်ပေးလာဘ်ယူမှု တစ်ခုပါပဲ’ ဟု ထရန့်၏ ကာတာထံမှ လေယာဉ်လက်ဆောင်ကို ဝေဖန်

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။

“ ကာကွယ်ပြောဆိုလို့မရနိုင်ပါ” “ဒါဟာ လာဘ်ထိုးခြင်းတစ်ခုပါပဲ” အုပ်ချုပ်ရေးမှာ “ အစွန်းအထင်း” ဖြစ်စေခဲ့တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခိုင်မာဆုံး ထောက်ခံသူအချို့သည် သမတ အထူးသီးသန့် လေယဥ် (Air Force One) အဖြစ် အသုံးပြုရန်အတွက် ကာတာမှ ဂျက်လေယာဉ်ကို လက်ခံရန် ထရန့်၏ အစီအစဉ်ကို အပြင်းထန်ဆုံး ဝေဖန်သူများထဲတွင် ပါဝင်ခဲ့သည်။

ထရန့်ကို အစဥ်တစိုက်ထောက်ခံခဲ့သော MAGA မီဒီယာများက ရှားရှားပါးပါး ထောက်ခံမှုကို ချိုးဖောက်ခဲ့ပြီး အချို့သော မီဒီယာများက အလွန်ထူးခြားသော လက်ဆောင်ပေးမှုနှင့်ပတ်သက်၍ ထရန့် ကို စိတ်ပြောင်းရန်အတွက် ၎င်းတို့၏ ပလက်ဖောင်းများကို အသုံးပြု၍ တိုက်တွန်းခဲ့ကြသည်။ အချို့မီဒီယာတို့က ဒီမိုကရက်တစ်သမ္မတတစ်ဦးသည် အလားတူအစီအစဉ်ကို အကောင်အထည်ဖော်ပါက မိမိတို့က မည်သို့တုံ့ပြန်မည်ကို စဉ်းစားရန် ထရန့် မဲဆန္ဒရှင်များအား အသိပေး မေးမြန်းခဲ့သည်။

“ ငါတို့က ဟန်တာဘိုင်ဒင်နဲ့ ဂျိုးဘိုင်ဒင်ဆိုတဲ့ နာမည်တွေကို ပြောင်းလိုက်ရင် ငါတို့အားလုံး ညာဘက်မှာ ကြောက်လန့်နေကြမယ်ထင်တယ်” ဟု Daily Wire ကို ပူးတွဲတည်ထောင်သူ ဘင်ရှာပီရို (Ben Shapiro) က သူ၏ podcast တွင် တနင်္လာနေ့က ပြောကြားခဲ့သည်။

ရှာပီရိုသည် ကာတာမှ “ သြဇာလွှမ်းမိုးရန်လာဘ်ပေးခြင်း ” နှင့်ပတ်သက်သည့် အခြားသတင်းပေးပို့ချက်များနှင့် ချိတ်ဆက်မှုရှိသည်။

“ အစိုးရရဲ့မူဝါဒဟာ ဒီလိုလှုပ်ရှားမှုများအတွက် အလွန်အရေးကြီးပါတယ်” ဟု ရှာပီရိုက သူ့အနေနှင့် ထရန့်ကို အောင်မြင်စေလိုကြောင်း အလေးပေးပြောကြားခဲ့သည်။ “ သမ္မတထရန့်က ရွှံ့နွံအညစ်အကြေးတွေကို ဖောက်ထုတ်မယ်လို့ ကတိပေးခဲ့တယ်။ ဒါက တကယ်တော့ အညစ်အကြေးတွေကို ဖောက်ထုတ်တာ မဟုတ်ဘူး။”

ထရန့်ကို ထောက်ခံအားပေးသည့် သတင်းတင်ပြသူများနှင့် လူမှုမီဒီယာကြယ်ပွင့်အချို့သည် ဇိမ်ခံဂျက်လေယာဉ်နှင့်ပတ်သက်သည့်သမ္မတ၏ “ မိုက်မဲတဲ့လူတွေ” သာ ထိုကဲ့သို့သော လက်ဆောင်ကို ပယ်ချမယ်” ဟု ပြောဆိုမှုအပါအ၀င် သမ္မတ၏ ပြောဆိုချက်ကို သူတို့၏တင်ပြချက်တွင် ပဲ့တင်ထပ် ပြောကြားနေခဲ့သည်။ MAGA မီဒီယာအချို့သည် ဝေဖန်ထောက်ပြမှုများနှင့် အခြေအတင်ငြင်းခုန်မှုများကိုလမ်းကြောင်းပြောင်းရန် လှည့်စားလျက်ရှိသည်။

သို့သော် သိသိသာသာပင် ထရန့်ကို အားပေးထောက်ခံသည့်သူများထဲတွင် လေယာဉ်ကို လက်ခံခြင်းသည် လေးနက်စွာ သိက္ခာမဲ့ပြီး တရားမ၀င်ဟု ပြောသော ဒီမိုကရက်တစ်အမတ်များကဲ့သို့ပင် ထင်ထင်ရှားရှား များပြားစွာ ရှိနေပြီး ဒေါသထွက်နေကြသည်။

လော်ရာလူမာ (Laura Loomer) ကဲ့သို့သော လက်ယာယိမ်းဝေဖန်သူ အများအပြားသည် ကာတာနှင့်စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နှင့် ဆက်ဆံရေးအပေါ် ၎င်းတို့၏ ကန့်ကွက်မှုကို တင်ပြခဲ့ကြသည်။

ကာတာမြို့တော် ဒိုဟာတွင် ဟားမတ်စ်အဖွဲ့ အကြီးတန်းအဖွဲ့ဝင်များသည် ကြာမြင့်စွာကတည်းက အခြေစိုက် နေထိုင်ခဲ့ကြသော်လည်း ကာတာသည် ဟားမတ်စ်အရာရှိများကို နှင်ထုတ်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက သဘောတူညီခဲ့ကြောင်း သိရသည်။

လူမာသည် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့တို့တွင် ထရန့်၏ ဖြစ်နိုင်ချေရှိသော ဂျက်လေယာဉ်ပေးမှုကို သဘောတူညီချက်အား ဆန့်ကျင်ပြီး X တွင် ကာတာဆန့်ကျင်ရေးပို့စ်များ ဆက်တိုက်ရေးသားခြင်းဖြင့် ဝေဖန်ခဲ့သည်။ “ ဒါက မှန်တယ်ဆိုရင် အစိုးရအတွက် တကယ်ပဲ အစွန်းအထင်းဖြစ်မှာပါ” ဟု သူမက ရေးသားခဲ့သည်။ “ ပြီးတော့ ထရန့်အတွက်ပစ်တဲ့ ကျည်ဆန်ကို ရှေ့ကနေခံယူမဲ့ ထောက်ခံသူတစ်ဦးအနေနဲ့ ပြောနေတာပါ။ အရမ်းစိတ်ပျက်မိပါတယ်။”

Fox News ၏ အစီအစဉ်တင်ဆက်သူ မာ့ခ် လီဗင် (Mark Levin) က သူမ၏ ပို့စ်ကို “ ငါလဲ မင်းလိုပဲ (“Ditto”) ဟု ရေးသားထောက်ခံခဲ့သည်။

ယခုအချိန်တွင်၊ ကွန်ဆာဗေးတစ် ဝေဖန်မှုအများစုသည် တီဗီရှိုးများတွင်သာ မဟုတ်တော့ဘဲ ထရန့် နှစ်သက်သဘောကျခဲ့သည့် ဆိုရှယ်မီဒီယာနေရာများတွင်ပါ ပြန့်နှံရေးသားလာခဲ့သည်။

ဂျက်လေယာဉ်အငြင်းပွားမှုကို နိုင်ငံ၏အထင်ကရ လက်ယာယိမ်းရုပ်သံလိုင်းဖြစ်သည့် Fox News တွင် သတင်းပေါ့ပေါ့တန်တန် ဖုံးအုပ်ဖော်ပြထားသည်။ တနင်္လာနေ့တွင် အဆိုပါကိစ္စနှင့် ပတ်သက်သည့် Fox ၏ဝဘ်ဆိုဒ်တွင်ထိုကိစ္စအတွက်ခေါင်းစဥ်တွင် “ကာတာမှ ဇိမ်ခံဂျက်လေယာဉ်ကို လက်ခံခြင်းနှင့်ပတ်သက်၍ ABC သတင်းထောက်မှ ထရန့်အားမေးမြန်းမှုအတွက် ABC သတင်းထောက်ကို ထရန့် မှပြင်းထန်စွာ ဝေဖန်ခဲ့သည်။

သို့သော် “ Fox & Friends” သတင်းတင်ဆက်သူ ဘရိုင်ရင် ကေးလ်မီ (Brian Kilmeade) သည် လေယာဉ်ကိစ္စနှင့် ပတ်သက်၍ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ် (Karoline Leavitt) ကို တနင်္လာနေ့နံနက်တွင် မေးမြန်းခဲ့သည်။

လီဗစ်က ၎င်းအား “ ဥပဒေနဲ့အညီ အပြည့်အဝ လုပ်ဆောင်မယ့် အစိုးရအချင်းချင်း လွှဲပြောင်းမှု” အဖြစ် သတ်မှတ်ခဲ့ပြီး ထရန့်၏ သမ္မတရုံးစာကြည့်တိုက်သည် ထရန့် ရာထူးမှ မထွက်ခွာမီတွင် လေယာဉ်ကို လက်ဝယ်ထားရှိမည်ဖြစ်ပြီး သူ့အနေနှင့် ဆက်လက်အသုံးပြုနိုင်ကြောင်း သေချာစေမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“Fox & Friends” သတင်းတင်ဆက်သူ ကေးလ်မီက တခါထပ်ပြီး လီဗစ်ကို “သူတို့က ငါတို့ကို ဒီလိုမျိုး ပေးရင် သူတို့ ကတစ်ခုခု ပြန်လိုချင်မယ်ဆိုတာကို မစိုးရိမ်ဘူးလား” ဟု မေးမြန်းခဲ့သည်။ လီဗစ်က ထရန့်သည် “ မစိုးရိမ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ထရန့်က အမေရိကန်လူထုရဲ့ အကျိုးစီးပွားအတွက်ကိုပဲလုပ်ဖို့ စိတ်ဆန္ဒရှိတဲ့အတွက် ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ကေးလ်မီသည် ဆက်လက်ပြီး အမေများနေ့အကြောင်း လီဗစ်အား ပြောင်းလဲ မေးမြန်းခဲ့သည်။အခြားသော ရှေးရိုးစွဲကွန်ဆာဗေးတစ် မီဒီယာများသည် ထိုကိစ္စကိုမေးရန် သဘောထားရှိပုံမရပါ။

“ ဒါက ကာတာကလက်ဆောင်အဖြစ်ပေးတာ မဟုတ်ဘူး” ၊ ဒါက “ လာဘ်ထိုးခြင်း” သာ ဖြစ်တယ်ဟု CNN နှင့်အခြားချန်နယ်များတွင် MAGA လှုပ်ရှားမှုကို ဦးဆောင်ပြောကြားခဲ့သူ ဘတ်တရာ အွန်ဂါ ဆာဂွန် (Batya Ungar-Sargon) က တနင်္လာနေ့မွန်းလွဲပိုင်းတွင် Newsmax သို့ပြောကြားခဲ့သည်။

National Review တွင် ပါဝင်ရေးသားနေသော အယ်ဒီတာ အင်ဒရူးမက်ကာသီ (Andrew McCarthy) က လေယာဉ်ကို လက်ခံယူခြင်းသည် အကြောင်းပြချက်ပေး၍ မကာအကွယ်နိုင်ကြောင်း တနင်္လာနေ့တွင် ရေးသားခဲ့သည်၊ “ သမ္မတနဲ့ သူ့ဂိုဏ်းသားတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တာဝန်နဲ့ အကျိုးစီးပွား ပဋိပက္ခဆိုင်ရာ သဘောတရားတွေကို နားမလည်ကြောင်း ထပ်မံသက်သေပြနေပါတယ်။” သူသည် “ ထရန့် မိသားစု၏ crypto venture” စီးပွားရေးကို အခြားဥပမာအဖြစ် ကိုးကားပြောကြားခဲ့သည်။

National Review ကဲ့သို့ပင် မကြာခဏဆိုသလို ထရန့် ကို ရှေးရိုးဆန်သော ရှုထောင့်မှ ဝေဖန်ခဲ့သည့် ရေဒီယို အစီအစဉ်တင်ဆက်သူ အဲရစ် အဲရစ်ဆန် (Erick Erickson) သည် ဖြစ်နိုင်ချေရှိသော ဂျက်လေယာဉ်လက်ဆောင်ကိုလက်ခံခြင်းကို ရှုံ့ချခဲ့သည်။

၎င်း၏တနင်္လာနေ့ရှိုးပွဲ၌ အဲရစ်ဆန်က ကာတာသည် အမေရိကန်၏ မဟာမိတ် မဟုတ်ကြောင်း (အမေရိကန်အစိုးရမှ သဘောမတူသော်လည်း) နှင့် လက်ဆောင်၏ တရားဝင်မှုအဖြစ် လက်မှတ်ထိုးခဲ့သည့် ရှေ့နေချုပ် ပန်းဘွန်ဒီ (Pam Bondi) သည် ယခင်က ကာတာအတွက် အခကြေးငွေဖြင့် လုပ်ဆောင်ခဲ့သူ လော်ဘီသမားများဖြစ်ကြောင်း ထောက်ပြခဲ့သည်။

အဲရစ်ဆန်က “ နောက်ပိုင်းမှာ ဒေါ်နယ်ထရန့်ကို တရားဥပဒေဆိုင်ရာ ပြဿနာဖြစ်လာဖို့ သူမက ဖွင့်ပေးခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု ပြောခဲ့သည်။

တနင်္ဂနွေနေ့တွင် ကနဦးသတင်းများ ထွက်ပေါ်လာချိန်တွင် “ထရန့်ထောက်ခံသူ အများအပြားဟာ ကာတာလေယာဉ်လက်ဆောင်ရမှုအတွက် ပီတိမဖြစ်ကြ” ကြောင်း အဲရစ်ဆန်က လေ့လာတွေ့ရှိခဲ့သည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 78 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 55 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး