နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။

ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။

တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍ လာကြစဥ်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

အဝေးမှ ဖောက်ခွဲခဲ့သည့်အတွက် အစ္စရေးအော်သိုဒေါ့စ်စစ်သားများဖြင့် ဖွဲ့စည်းထားသည့် နက်ဇာ ယေဟုဒါ (Netzah Yehuda) တပ်ရင်းမှ တပ်ဖွဲ့များအတွင်း ပေါက်ကွဲသွားခဲ့သည်။

ထို့နောက်အစ္စရေး တပ်ဖွဲ့ဝင်များက သူတို့၏ရဲဘော်များကို အကူအညီပေးရန် အပြေးအလွှား ရောက်ရှိချိန်တွင် နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲသွားခဲ့သလို အဝေးထိန်းစနစ်နှင့် ဖောက်ခွဲလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ခဏအကြာတွင် တတိယမြောက် ဗုံးထပ်မံပေါက်ကွဲ သွားသောအခါ အနီးနားတွင် ပုန်းအောင်းနေသည့် ဟားမတ်စ်အဖွဲ့မှ လက်နက်ငယ်များ ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။

မိနစ်ပိုင်းအတွင်း အစ္စရေးစစ်သားငါးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပြီး အချို့မှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

အစ္စရေးစစ်တပ် ထိန်းချုပ်မှုအောက်ရှိ ဂါဇာကမ်းမြောင်ဒေသရှိ ဆီဒါရော့ (Sderot) မြို့မှ အလွယ်တကူမြင်နိုင်သော ဂါဇာကမ်းမြောင်ဒေသ အရှေ့မြောက်ဘက်ရှိ ဘိတ်ဟာနွန် (Beit Hanoun) မြို့တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ဟားမတ်စ်ဆဲလ်များသည် ပြီးခဲ့သော ၂၄ နာရီအတွင်း ဗုံးများကို အစ္စရေးပိုင်နက်အနီးတွင် နေရာချပြီး အစ္စရေးတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင် နေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုနေရာ အစ္စရေးနယ်မြေနှင့် အလွန်နီးကပ်စွာ တည်ရှိပြီး စိတ်ချလုံခြုံရသည့်နေရာဖြစ်သည်ဟု အစ္စရေးတို့အနေနှင့် ယုံကြည်ရသည့် နေရာဖြစ်သည်။

ရှုပ်ထွေးသော တိုက်ခိုက်မှုသည် ဟားမတ်စ်အဖွဲ့အား ၂၁ လနီးပါးကြာ စစ်ပွဲအပြီးတွင် စုတ်ပြတ်သတ်ကာ အားနည်းသွားသည့် စစ်သွေးကြွများအဖြစ်မှ ပျောက်ကျားနည်းဗျူဟာသို့ ကူးပြောင်းကာ အစ္စရေးစစ်တပ်အား တန်ပြန်စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။ သို့သော် ၎င်း၏ ဆုတ်ယုတ်နေသည့် အခြေအနေတွင်ပင် ဟားမတ်စ်များသည် နယ်မြေအတွင်း အစ္စရေးတပ်ဖွဲ့များကို အသေအပျောက်များအောင် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။

စစ်ပွဲတစ်လျှောက် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသသို့ အကြိမ်ပေါင်းများစွာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဟားမတ်စ်များကို ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာ ခဲ့သော်လည်း ဟားမတ်စ်များသည် ထိုနေရာတွင် ပြန်လည်ပေါ်ပေါက်လာပြန်သည်။ မကြာသေးမီက တိုက်ခိုက်မှုများသည် အစ္စရေး၏ ဟားမတ်စ်များကို ချေမှုန်းရေး ရည်မှန်းချက်သည် အလွန်ခက်ခဲနေသေးကြောင်းကို ပြသနေသည်။

တနင်္လာနေ့က တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဟားမတ်စ်၏စစ်တောင်ပံ အယ်ကွာဆန် တပ်ဖွဲ့ (Al-Qassam Brigades) က “သိမ်းပိုက်ခံနေရာမှာ ကျောက်တုံး ကျောက်ခဲများသာ ကျန်ရစ်ခြင်းကြောင့် အစ္စရေးတို့က လုံခြုံသည်” ဟု ယူဆထားသည့် နယ်မြေတစ်ခုတွင် တနင်္လာနေ့က အစ္စရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကြေညာချက်တွင် ဟားမတ်စ်ကစစ်ပွဲသည် အစ္စရေးကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ယင်းမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း သူတို့ ဖမ်းဆီးရမိသော စစ်သားများထဲ့သို့ ပေါင်းထည့်ရန် ကြိုးပမ်းမည်ဟု ဖော်ပြခဲ့သည်။

“သူ့စစ်သားတွေကို ငရဲကနေ လွတ်မြောက်အောင် မကြာသေးခင်ကမှ အံ့ဖွယ်နည်းနဲ့ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းကျရင် အရေးနိမ့်ပြီး နောက်ထပ် အကျဉ်းသားတွေကို ထပ်မံရရှိ နိုင်ပါတယ်” ဟု ဟားမတ်စ်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ဟားမတ်စ်စစ်သွေးကြွများသည် ခန်းယူနစ် (Khan Younis) ရှိ အစ္စရေး စစ်အင်ဂျင်နီယာ ယာဉ်တစ်စီးကို ပစ်မှတ်ထားကာ ဒုံးပျံဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကာ ယာဉ်မောင်းက ထွက်ပြေးရန် ကြိုးစားသည့်ဗီဒီယိုကို ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်ကို မြင်တွေ့ရသည်။ အစ္စရေးစစ်တပ်၏ အဆိုအရ စစ်သွေးကြွများသည် စစ်သားတစ်ဦးကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ပြီး ၎င်းကို သတ်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးပမ်းမှုအား အစ္စရေး တပ်ဖွဲ့ဝင်များက အဆိုပါ ဒေသတွင် တားဆီးခဲ့သည်။ နှစ်ရက်အကြာ Telegram တွင်တင်ထားသောကြေငြာချက်တစ်ခုတွင် Al-Qassam Brigades မှ “ နောက်ထပ်စစ်သားများ၏ ကံကြမ္မာသည် ကျွန်ုပ်တို့၏ အကျဉ်းသားအသစ်အဖြစ် ပိုမို ကောင်းမွန်စွာရရှိလိမ့်မည်” ဟု ကတိပြုခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော ဂါဇာကမ်းမြောင်စစ်ပွဲသည် အီရန်တွင် အစ္စရေး၏ လျင်မြန် တိကျသော စစ်ဆင်ရေးနှင့် စစ်ရေးအရ အသေအပျောက်မရှိခဲ့သော်လည်း ကုန်းပေါ်၌ ပြုလုပ်သည့် စစ်ဆင်ရေးနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်သည်။ ၁၂ ရက်ကြာ အစ္စရေး-အီရန် ပဋိပက္ခ ပြီးဆုံးချိန်မှစ၍ ဂါဇာတွင် စစ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘိတ် ဟာနွန် (Beit Hanoun) တိုက်ခိုက်မှု အပါအဝင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ပြောကြားချက်အရ သိရသည်။

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေးနေ့တွင် ဟားမတ်စ်စစ်သွေးကြွတစ်ဦးသည် ဂါဇာ တောင်ပိုင်းရှိ သံချပ်ကာအင်ဂျင်နီယာယာဉ်တစ်စီး၏ အဖွင့်အပေါက်ထဲသို့ဗုံးတလုံးအား ဟားမတ်စ် စစ်သွေးကြွတစ်ဦးက ပစ်ထည့် ခဲ့ပြီး အတွင်းမှ စစ်သားခုနစ်ဦးစလုံး သေဆုံး ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဂါဇာရှိ IDF အတွက် လများအတွင်း အသေအပျောက် အများဆုံး ဖြစ်ရပ် များထဲမှ တစ်ခုဖြစ်သည်။

IDF စစ်ဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီဟာလ်လီဗီ (Herzi Halevi) က စစ်ပွဲစတင်ကတည်းက အစ္စရေးသည် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၂၀,၀၀၀ သေဆုံးခဲ့ကြောင်း ဇန်နဝါရီတွင် ပြောကြားခဲ့သည်။ အစ္စရေးသည် အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် အများအပြားကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့သည်။ သို့သော် ဟားမတ်စ်သည် တိုက်ခိုက်ရေးသမား အသစ်များကိုလည်း စုဆောင်းထားသည်ဟု အစ္စရေး စစ်တပ်အကြီးတန်းအရာရှိတစ်ဦးက ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့ပြီး ၎င်းတို့၏ရာထူးများကိုလည်း တိုးမြှင့်ပေးခဲ့သည်ဟု ဆိုသည်။ မတ်လတွင် အစ္စရေး၏ အများသူငှာ ထုတ်လွှင့်သည့် Kan News တွင် ဟားမတ်စ်သည် တိုက်ခိုက်ရေးသမားအသစ် ရာနှင့်ချီ ခေါ်ယူခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကျန်ရှိနေသည့် ဟားမတ်စ်အစုအဖွဲ့သည် ဂါဇာ၏မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်၏ ကျန်ရှိနေသည့်အရာများကို အသုံးပြုကာ လျော့တိလျော့ရဲ ဖွဲ့စည်းထားသော စစ်သွေးကြွ အစဆဲလ်အုပ်စုတစ်စုဖြစ်ကြောင်း IDF ၏ စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ အကြီးအကဲဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး အစ္စရေး ဇီဗ် (Israel Ziv) က ပြောကြားခဲ့သည်။

ဟားမတ်စ်သည် IDF ၏လည်ပတ်ဆောင်ရွက်မှုများကို လေ့လာရန် အချိန်ရခဲ့ပြီးဖြစ်ကြောင်း ဇီဗ် က CNN သို့ ပြောကြားခဲ့ပြီး ၎င်းတို့သည် ထိုအချက်ကို ၎င်းတို့၏ အားသာချက်အဖြစ် ပြောင်းလဲလျက်ရှိသည်။

“သူတို့ရဲ့ စစ်ပွဲက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို လေ့လာပြီး တည်ဆောက်ထားတယ်။ သူတို့က နယ်မြေကို မကာကွယ်ဘူး၊ ပစ်မှတ်တွေကို ရှာပြီးတိုက်နေတယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေး၏ စစ်ဘက်ဆိုင်ရာ လူအင်အားအပေါ် ခက်ခဲနေမှုသည် ဟားမတ်စ်အား အားနည်း နေသည့် အခြေအနေတွင်ပင် အားနည်းချက်များကို အသုံးချနိုင်စေသည်ဟု ဇီဗ်က ပြောကြား ခဲ့သည်။

“ ဟားမတ်စ်အဖွဲ့ဟာ အသွင်ကူးပြောင်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ဆဲလ်သေးသေးလေးတွေနဲ့ လည်ပတ်နေတဲ့ ပြောက်ကျားအဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။ သူ့မှာ ပေါက်ကွဲ စေတတ် တဲ့ အရာတွေ အများအပြား ရှိပါတယ်။ အများစုဟာ အဲဒီနေရာမှာ IDF က (လေယဥ်ပေါ်က) ဖြုတ်ချ ခဲ့တဲ့ ခဲယမ်းတွေ ကနေ အများအပြားရရှိခဲ့တာပါပဲ။ ဒါဟာ IEDs တွေရဲ့ စစ်ပွဲပါပဲ။ ဟားမတ်စ်က ချောင်းမြောင်းတိုက်ခိုက်မှုတွေကို ဖန်တီးပြီး အဓိက ဝင်ပေါက် ထွက်ပေါက် တွေကို ပိတ်ဆို့မှုတွေနဲ့ ထိန်းချုပ်ဖို့ စတင်လုပ်ဆောင်နေပါတယ်” ဟု ဇီဗ်က ပြောကြားခဲ့သည်။

ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ခြင်းဖြင့် လွတ်လပ်စွာ လုပ်ဆောင်နေသည့် အုပ်စုများကို စည်းလုံးသော ခေါင်းဆောင်မှု ဖွဲ့စည်းပုံ မဟုတ်သည့်အတွက် ပစ်မှတ်ထားရန် အစ္စရေး အတွက် ပိုမိုခက်ခဲ စေသည်။ ပြီးခဲ့သည့်လက အစ္စရေးစစ်ဘက်အရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် ဟားမတ်စ်၏ လက်ကျန်များကို ထိထိရောက်ရောက် ပစ်မှတ်ထားရန် ပိုမိုခက်ခဲလာကြောင်း ပြောကြားခဲ့သည်။

“နည်းဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အခုက ပိုခက်ပါတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ဟိုးယခင်က ဟားမတ်စ်သည် ၎င်း၏ ဒုံးပျံလက်နက်အများစုကို အသုံးချခဲ့ပြီး ယခုအခါ သုညသာသာရှိသော ကြိုကြားကြိုကြား ဒုံးပျံများကိုသာ ပစ်လွှတ်နိုင်ခဲ့သည်။ သို့သော် ဂါဇာ၏ အပျက်အစီးများအကြားတွင် အစ္စရေးလက်နက်ထောင်ပေါင်းများစွာမှ ဖယ်ရှားရှင်းလင်း ထုတ်ယူထားသော ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် ၎င်းတို့၏ ရွေ့လျားတပ်ဖွဲ့များသည် ဝိုင်းရံထားသောနယ်မြေ၏ အပျက်အစီးများကို ခံနိုင်ရည်ရှိသော အရင်းအမြစ် အဖြစ်သို့ ပြောင်းလဲအသုံးချနိုင်စေခဲ့သည်။

ဂါဇာတောင်ပိုင်းရှိ လက်နက်ကိုင်ဂိုဏ်းများနှင့် ဟားမတ်စ်ကို ပွင့်ပွင့်လင်းလင်း ဒေါသထွက် နေသော လူထုရှိနေလင့်ကစား ဂါဇာတွင် ဟားမတ်စ်သည် အပစ်အခတ်ရပ်စဲရေး မပြုဘဲ ကုန်ဆုံးသွားသော ရက်သတ္တပတ်တိုင်းတွင် လူများကိုသေစေသည့် ပေးဆပ်မှုဖြင့် ဆက်လက် တိုက်ပွဲဝင်ရန် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ဒိုဟာတွင် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေပြီး တိုးတက်မှုအချို့ ရှိနေသည့် အရိပ်အယောင်များ ရှိနေသည့်တိုင် အပစ်အခတ် ရပ်စဲရေးသည် ခက်ခဲနေဆဲဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေးမှူးများသည် နှစ်ဖက်အကြား အဓိက ကွာဟချက်များကို ပေါင်းကူး နိုင်ခြင်း မရှိသေးပေ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဝါရှင်တန်ဒီစီသို့ မကြာသေးမီက ခရီးစဉ်အတွင်း ဟားမတ်စ်တို့က ၎င်းတို့၏လက်နက်များကို စွန့်လွှတ် ရမည်ဖြစ်ပြီး ၎င်း၏စစ်တပ်နှင့် အုပ်ချုပ်မှုစွမ်းရည်ကို စွန့်လွှတ်ရမည်၊ သို့မဟုတ်ပါက အစ္စရေးသည် စစ်ပွဲကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ဟားမတ်စ်သည် စေ့စပ်ညှိနှိုင်းမှုများတွင် ယင်းသို့သော အဓိက လိုက်လျောမှုများ ပြုလုပ်ရန် ဆန္ဒ မရှိကြောင်း၊ မကြာသေးမီက တိုက်ခိုက်မှုများသည် ၎င်းတို့၏ဆက်လက် ထိန်းသိမ်းထားနိုင်သည့် ပါဝါရှိနေသေးကြောင်းကို ညွှန်ပြနေသည်။

အစ္စရေးစစ်သားများက အစ္စရေးနိုင်ငံ ဟိုင်ဖာတွင် အင်္ဂါနေ့တွင် ပထမတန်း ဆာဂျင် ဘင်ယာမင် အာဆူလင် (Benyamin Asulin) ၏ ဈာပနအခမ်းအနား ကျင်းပနေစဉ် အာဆူလင် သည် တနင်္လာနေ့တွင် ဘိတ်ဟာနွန် (Beit Hanoun) တွင် သေဆုံးသွားသော အစ္စရေးစစ်သား ငါးဦးထဲမှတစ်ဦး ဖြစ်သည်။ (ဓာတ်ပုံ ၁)

ဂါဇာမြောက်ပိုင်း ဘိတ် ဟာနွန် (Beit Hanoun) အနီးတွင် ကြာသပတေးနေ့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးများနှင့် အပျက်အစီးများ မြင့်တက်လာပုံ။ (ဓာတ်ပုံ-၂ )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 27 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 42 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို