နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

တနင်္လာနေ့တွင် ဓားစာခံများ လွှတ်ပေးမည်ဟု အစ္စရေးကဆို, ထရန့် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာ

CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် ဂါဇာတွင် အသက်ရှင်လျက်ရှိသည်ဟု ယူဆ ရသည့် အစ္စရေးဓားစာခံ ၂၀ ဦးကို တနင်္လာနေ့ အစောပိုင်းတွင် လွှတ်ပေးရန် မျှော်လင့် ထားခြင်း မပြုမီ အစ္စရေးသို့ ဦးတည်ထွက်ခွာလျက်ရှိသည်။ အမေရိကန်က ကြားဝင် ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်အနေဖြင့် အစ္စရေးရှိ ပါလက်စတိုင်း အကျဉ်းသားနှင့် အဖမ်းခံထားရသူ ၂,၀၀၀ နီးပါးကိုလည်း လွှတ်ပေးမည်ဖြစ်သည်။

ထရန့်သည် အစ္စရေးပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနှင့် ဓားစာခံများ၏ မိသားစုများနှင့် တွေ့ဆုံမည်ဖြစ်သည်။ တနင်္လာနေ့ နောက်ပိုင်းတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များသည် ဂါဇာ၏ အနာဂတ်ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွက် အီဂျစ်တွင် ထရန့်နှင့် ပူးပေါင်းပါဝင်မည်

ကုလသမဂ္ဂက အစ္စရေးသည် ယခုအခါ စုစုပေါင်း မက်ထရစ်တန် ၁၉၀,၀၀၀ အထိရှိသော အကူအညီများ ထပ်မံပို့ဆောင်ခြင်းကို ခွင့်ပြုလိုက်ပြီဟု ပြောကြားခဲ့ပြီး၊ ၎င်းအားဖြင့် ထိုဒေသသို့ အရေးပါသော ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိရေး၏ “ အစ” သာဖြစ်လိမ့် မည် ဟု မျှော်လင့်နေသည်။

တနင်္လာနေ့တွင် လွှတ်ပေးရန် မျှော်လင့်ရသည့် ဓားစာခံများသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးစုံကို ခံစားရနိုင်သည်ဟု စိတ်ရောဂါကု ဆရာဝန်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ထိုအခြေအနေများတွင် ရှင်သန်သူ၏ အပြစ်ရှိသည်ဟု ခံစားရခြင်း (survivor’s guilt) မှစ၍ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ အိပ်မက်ဆိုးများနှင့် အမှတ်ရနေမှုများ အဖြစ် ပေါ်ထွက်လာသည့် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) အထိ ပါဝင်သည်။

“ စစ်သားဖြစ်ခဲ့တဲ့ ဓားစာခံတချို့ … သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ဖြတ်သန်းခဲ့ရတယ်လို့ ကျွန်တော့်ကို ပြောပါတယ်” ဟု ဒေါက်တာ ဂျက်ဖ် ဂါဒယ်ရီက CNN သတင်းထောက် ဂျက်စီကာ ဒင်းကို ပြောကြားခဲ့သည်။

သားကောင်အချို့သည် တစ်သက်တာလုံး ကုသမှုခံယူရမည်ဟု ၎င်းက ဆိုသည်။

“ ဒီလူတွေဟာ ဥမင်လိုဏ်ခေါင်းတွေထဲမှာ ပိတ်လှောင်ခံထားရပြီး လေကောင်းလေသန့် မရခဲ့တဲ့ သူတွေပါ ဒါကြောင့် အလင်း၊ အထိအတွေ့၊ အသံ စတဲ့ အာရုံခံစားမှု လွန်ကဲခြင်း တွေကို တဖြည်းဖြည်းချင်း သတိထားပြီး ကုသပေးဖို့ သေချာစေချင်ပါတယ်” ဟု ဒေါက်တာ ဂျက်ဖ် ဂါဒယ်ရီ က ပြောကြားသည်။

ဤလုပ်ငန်းစဉ်သည် “ ကုထုံးနှစ်များစွာအပါအဝင်နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်” ဟု ၎င်းက ဆိုသည်။

ဂါဇာတွင် ဟားမတ်စ်တို့ ထိန်းသိမ်းထားသည့် ဓားစာခံများသည် ၎င်းတို့၏ မျှော်လင့် ထားသော လွတ်မြောက်မှု နီးကပ်နေပြီဆိုသည်ကိုပင် မသိနိုင်ဟု CNN၏ ကမ္ဘာလုံးဆိုင်ရာ ရေးရာ ခွဲခြမ်းစိတ်ဖြာသူ ဘရက် မက်ဂါ့ခ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခင်က ဓားစာခံများကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကူညီချမှတ်ခဲ့သော သမ္မတ၏ အတိုင်ပင်ခံဟောင်းနှင့် အရှေ့အလယ်ပိုင်းအထူးကိုယ်စားလှယ် ဟောင်းဖြစ်သည့် မက်ဂါ့ခ်သည် ဓားစာခံများ ကြုံတွေ့နေရနိုင်သည့် အခြေအနေများကို အလင်းပြပြောကြားခဲ့သည်။

“ ဒီအချိန်လောက်မှာတော့ ဓားစာခံတွေကို သူတို့ရဲ့ ဖမ်းဆီးသူတွေက လာတွေ့နေလောက်ပြီ။ သူတို့ ဘာဖြစ်နေလဲဆိုတာကိုတောင် မသိနိုင်ဘူး” ဟု ၎င်းက CNN သတင်းထောက် ဂျက်စီကာ ဒင်းကို ပြောကြားသည်။

“ ကျွန်တော် ဒီလိုမျိုး ဖြတ်သန်းခဲ့ရတဲ့ ဓားစာခံများစွာနဲ့ စကားပြောခဲ့ဖူးပါတယ်။ သူတို့ ဘာကြောင့် နိုးလာရတာလဲ။ ဥမင်လိုဏ်ခေါင်းထဲကနေ ဘာကြောင့် ခေါ်ထုတ်ခံရတာလဲ ဆိုတာကို မသိကြပါဘူး။ နောက်ဆုံးမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က လာရောက်ကြိုဆိုတဲ့အခါမှ သူတို့ တကယ်လွတ်မြောက်တော့မယ်ဆိုတာကို သဘောပေါက်ကြလိမ့်မည်“ ။

ဓားစာခံများ ဂါဇာမှ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝထွက်ခွာသွားသည်အထိ စိတ်မချနိုင်သေးဟု မက်ဂါ့ခ်က ပြောသည်။

“ ဒီအစီအစဉ်အတိုင်း အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ “ ဓားစာခံတွေ ICRC ယာဉ်ထဲကို ရောက်တဲ့အခါ ဂါဇာတစ်လျှောက်လုံး ယာဉ်ကို ခြေရာခံပြီး အစ္စရေးကိုရောက်ပြီး ဘေးကင်းတဲ့လက်ထဲ ရောက်ရှိတဲ့အထိ ကျွန်တော်တို့ ခြေရာခံခဲ့ရပါတယ်။ အဲဒီအချိန်အထိ မအောင်မြင်သေးဘူးလို့ ယူဆရမှာပါ” ။

အသက်ရှင်နေသောသူ အယောက် (၂၀)

အခြေအနေမသိသူ(၂)ယောက်နှင့် ထိန်းသိမ်းခံထားရစဥ် သေဆုံးသွားခဲ့သူ (၂၆)ယောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 131 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 227 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 334 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က