နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

တနင်္လာနေ့တွင် ဓားစာခံများ လွှတ်ပေးမည်ဟု အစ္စရေးကဆို, ထရန့် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာ

CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် ဂါဇာတွင် အသက်ရှင်လျက်ရှိသည်ဟု ယူဆ ရသည့် အစ္စရေးဓားစာခံ ၂၀ ဦးကို တနင်္လာနေ့ အစောပိုင်းတွင် လွှတ်ပေးရန် မျှော်လင့် ထားခြင်း မပြုမီ အစ္စရေးသို့ ဦးတည်ထွက်ခွာလျက်ရှိသည်။ အမေရိကန်က ကြားဝင် ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်အနေဖြင့် အစ္စရေးရှိ ပါလက်စတိုင်း အကျဉ်းသားနှင့် အဖမ်းခံထားရသူ ၂,၀၀၀ နီးပါးကိုလည်း လွှတ်ပေးမည်ဖြစ်သည်။

ထရန့်သည် အစ္စရေးပါလီမန်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနှင့် ဓားစာခံများ၏ မိသားစုများနှင့် တွေ့ဆုံမည်ဖြစ်သည်။ တနင်္လာနေ့ နောက်ပိုင်းတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များသည် ဂါဇာ၏ အနာဂတ်ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွက် အီဂျစ်တွင် ထရန့်နှင့် ပူးပေါင်းပါဝင်မည်

ကုလသမဂ္ဂက အစ္စရေးသည် ယခုအခါ စုစုပေါင်း မက်ထရစ်တန် ၁၉၀,၀၀၀ အထိရှိသော အကူအညီများ ထပ်မံပို့ဆောင်ခြင်းကို ခွင့်ပြုလိုက်ပြီဟု ပြောကြားခဲ့ပြီး၊ ၎င်းအားဖြင့် ထိုဒေသသို့ အရေးပါသော ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိရေး၏ “အစ”သာဖြစ်လိမ့် မည် ဟု မျှော်လင့်နေသည်။

တနင်္လာနေ့တွင် လွှတ်ပေးရန် မျှော်လင့်ရသည့် ဓားစာခံများသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးစုံကို ခံစားရနိုင်သည်ဟု စိတ်ရောဂါကု ဆရာဝန်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ထိုအခြေအနေများတွင် ရှင်သန်သူ၏ အပြစ်ရှိသည်ဟု ခံစားရခြင်း (survivor’s guilt) မှစ၍ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊ အိပ်မက်ဆိုးများနှင့် အမှတ်ရနေမှုများ အဖြစ် ပေါ်ထွက်လာသည့် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) အထိ ပါဝင်သည်။

“စစ်သားဖြစ်ခဲ့တဲ့ ဓားစာခံတချို့ … သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို ဖြတ်သန်းခဲ့ရတယ်လို့ ကျွန်တော့်ကို ပြောပါတယ်” ဟု ဒေါက်တာ ဂျက်ဖ် ဂါဒယ်ရီက CNN သတင်းထောက် ဂျက်စီကာ ဒင်းကို ပြောကြားခဲ့သည်။

သားကောင်အချို့သည် တစ်သက်တာလုံး ကုသမှုခံယူရမည်ဟု ၎င်းက ဆိုသည်။

“ဒီလူတွေဟာ ဥမင်လိုဏ်ခေါင်းတွေထဲမှာ ပိတ်လှောင်ခံထားရပြီး လေကောင်းလေသန့် မရခဲ့တဲ့ သူတွေပါ ဒါကြောင့် အလင်း၊ အထိအတွေ့၊ အသံ စတဲ့ အာရုံခံစားမှု လွန်ကဲခြင်း တွေကို တဖြည်းဖြည်းချင်း သတိထားပြီး ကုသပေးဖို့ သေချာစေချင်ပါတယ်” ဟု ဒေါက်တာ ဂျက်ဖ် ဂါဒယ်ရီ က ပြောကြားသည်။

ဤလုပ်ငန်းစဉ်သည် “ကုထုံးနှစ်များစွာအပါအဝင်နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်” ဟု ၎င်းက ဆိုသည်။

ဂါဇာတွင် ဟားမတ်စ်တို့ ထိန်းသိမ်းထားသည့် ဓားစာခံများသည် ၎င်းတို့၏ မျှော်လင့် ထားသော လွတ်မြောက်မှု နီးကပ်နေပြီဆိုသည်ကိုပင် မသိနိုင်ဟု CNN၏ ကမ္ဘာလုံးဆိုင်ရာ ရေးရာ ခွဲခြမ်းစိတ်ဖြာသူ ဘရက် မက်ဂါ့ခ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခင်က ဓားစာခံများကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကူညီချမှတ်ခဲ့သော သမ္မတ၏ အတိုင်ပင်ခံဟောင်းနှင့် အရှေ့အလယ်ပိုင်းအထူးကိုယ်စားလှယ် ဟောင်းဖြစ်သည့် မက်ဂါ့ခ်သည် ဓားစာခံများ ကြုံတွေ့နေရနိုင်သည့် အခြေအနေများကို အလင်းပြပြောကြားခဲ့သည်။

“ဒီအချိန်လောက်မှာတော့ ဓားစာခံတွေကို သူတို့ရဲ့ ဖမ်းဆီးသူတွေက လာတွေ့နေလောက်ပြီ။ သူတို့ ဘာဖြစ်နေလဲဆိုတာကိုတောင် မသိနိုင်ဘူး” ဟု ၎င်းက CNN သတင်းထောက် ဂျက်စီကာ ဒင်းကို ပြောကြားသည်။

“ကျွန်တော် ဒီလိုမျိုး ဖြတ်သန်းခဲ့ရတဲ့ ဓားစာခံများစွာနဲ့ စကားပြောခဲ့ဖူးပါတယ်။ သူတို့ ဘာကြောင့် နိုးလာရတာလဲ။ ဥမင်လိုဏ်ခေါင်းထဲကနေ ဘာကြောင့် ခေါ်ထုတ်ခံရတာလဲ ဆိုတာကို မသိကြပါဘူး။ နောက်ဆုံးမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က လာရောက်ကြိုဆိုတဲ့အခါမှ သူတို့ တကယ်လွတ်မြောက်တော့မယ်ဆိုတာကို သဘောပေါက်ကြလိမ့်မည်“။

ဓားစာခံများ ဂါဇာမှ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝထွက်ခွာသွားသည်အထိ စိတ်မချနိုင်သေးဟု မက်ဂါ့ခ်က ပြောသည်။

“ဒီအစီအစဉ်အတိုင်း အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ “ဓားစာခံတွေ ICRC ယာဉ်ထဲကို ရောက်တဲ့အခါ ဂါဇာတစ်လျှောက်လုံး ယာဉ်ကို ခြေရာခံပြီး အစ္စရေးကိုရောက်ပြီး ဘေးကင်းတဲ့လက်ထဲ ရောက်ရှိတဲ့အထိ ကျွန်တော်တို့ ခြေရာခံခဲ့ရပါတယ်။ အဲဒီအချိန်အထိ မအောင်မြင်သေးဘူးလို့ ယူဆရမှာပါ”။

အသက်ရှင်နေသောသူ အယောက် (၂၀)

အခြေအနေမသိသူ(၂)ယောက်နှင့် ထိန်းသိမ်းခံထားရစဥ် သေဆုံးသွားခဲ့သူ (၂၆)ယောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက