နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာစီးတီးတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မျိုးနွယ်စုဝင်များကြား ပဋိပက္ခဖြစ်ပွား

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ဂါဇာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြီးများ ပြီးဆုံးသွားသည့်နောက်ပိုင်း အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခများအနက်မှ တစ်ခုအဖြစ်၊ ဂါဇာစီးတီးရှိ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ဒူဂ်မတ်ရ်ှ (Dughmush) မျိုးနွယ်စုမှ လက်နက်ကိုင်များကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး အနည်းဆုံး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မျက်နှာဖုံးစွပ်ထားသော ဟားမတ်စ် သေနတ် သမားများသည် မြို့တော်ရှိ ဂျော်ဒန်ဆေးရုံအနီးတွင် မျိုးနွယ်စုဝင် တိုက်ခိုက်ရေး သမားများ နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ဟားမတ်စ်မှ အုပ်ချုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၎င်းတို့ကို ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းရံကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဝန်ကြီးဌာနက ၎င်း၏ အဖွဲ့ဝင် ၈ ဦးမှာ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှု” တွင် သေဆုံးခဲ့ကြောင်း ပြောကြားသည်။

ကျန်းမာရေးဌာနများ၏ အဆိုအရ စနေနေ့က တိုက်ပွဲစတင်ခဲ့ချိန်မှစ၍ ဒူဂ်မတ်ရ်မျိုးနွယ်စုဝင် ၁၉ ဦးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၈ ဦး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ပါဝင်သည့် ဟားမတ်စ်တပ်ဖွဲ့သည် ဒူဂ်မတ်ရ်သေနတ်သမားများ တပ်စွဲထားသည့် လူနေအဆောက်အအုံ တစ်ခုကို စီးနင်းရန် ရွှေ့ပြောင်းပြီးနောက် ဂါဇာစီးတီးတောင်ပိုင်းရှိ တယ်လ် အလ်-ဟာဝါ (Tel al-Hawa) ရပ်ကွက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံများက ပြင်းထန်သော သေနတ်ပစ်ခတ်မှုများအောက်တွင် မိသားစု ဒါဇင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းများဖြစ်ပြီး ၎င်းတို့အများစုမှာ စစ်ပွဲ အတွင်း အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခဲ့ရသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေသခံတစ်ဦးက “ ဒီတစ်ကြိမ်တော့ အစ္စရေးတိုက်ခိုက်မှုတွေကနေ ထွက်ပြေးကြတာ မဟုတ်ဘူး” ဟု ပြောကြားသည်။ “ သူတို့ ကိုယ်တိုင်သူတို့တိုက်ခိုက်ရေးသမားတွေဆီကနေ ထွက်ပြေးနေကြတာပါ“ ။

ဂါဇာ၏ ထင်ရှားသော မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည့် ဒူဂ်မတ်ရ်မိသားစုသည် ဟားမတ်စ်နှင့် ရင်းနှီးမှုမရှိဘဲ တင်းမာသော ဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် အတိတ်ကလည်း ဟားမတ်စ်အဖွဲ့နှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွား ခဲ့ဖူးသည်။

ဟားမတ်စ်မှ အုပ်ချုပ်သော ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့၏တပ်ဖွဲ့များသည် စည်းကမ်း ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပြီး “ ခုခံကာကွယ်ရေးဘောင်ပြင်ပမှ မည်သည့်လက်နက်ကိုင်လှုပ်ရှားမှုကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသွားမည်” ဟု သတိပေးခဲ့သည်။

ပဋိပက္ခဖြစ်ပွားစေခြင်းအတွက် မည်သူတွင် တာဝန်ရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်

ဟားမတ်စ်က ဒူဂ်မတ်ရ်သေနတ်သမားများသည် ၎င်းတို့၏ တိုက်ခိုက်ရေးသမား ၂ ဦးကို သတ်ဖြတ်ပြီး ၅ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့အဖွဲ့က စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သည်။

သို့သော် ဒူဂ်မတ်ရ်မိသားစုဝင် တစ်ဦးက ဒေသတွင်းမီဒီယာကို ပြောကြားရာတွင် ဟားမတ်စ် တပ်ဖွဲ့များသည် အလ်-ဆာဘရာ ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်များ မကြာသေးမီက အစ္စရေး တိုက်ခိုက်မှုတွင် ပျက်စီးပြီးနောက် မိသားစုခိုလှုံခဲ့သည့် ဂျော်ဒန်ဆေးရုံအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံသို့ ရောက်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါသတင်းရင်းမြစ်က ဟားမတ်စ်သည် ၎င်းတို့၏တပ်ဖွဲ့များအတွက် အခြေစိုက်စခန်း အသစ်တစ်ခု ထူထောင်ရန်အတွက် ထိုအဆောက်အအုံမှ မိသားစုကို နှင်ထုတ်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ဟားမတ်စ်သည် မကြာသေးမီက အစ္စရေးတပ်ဖွဲ့ များ စွန့်ခွာသွားခဲ့သော ဂါဇာဒေသများအပေါ် ထိန်းချုပ်မှု ပြန်လည်ရရှိရန်အတွက် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူထားသည်

သတင်းများအရ လက်နက်ကိုင် ဟားမတ်စ်ယူနစ်များသည် ခရိုင်များစွာတွင် နေရာချထားပြီး ဖြစ်ကြောင်း၊ အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး အချို့မှာ ဂါဇာရဲ၏ အပြာရောင် ယူနီဖောင်းများ ဝတ်ဆင်ထားကြကြောင်း သိရသည်။ ဟားမတ်စ် မီဒီယာရုံးကမူ “ တိုက်ခိုက်ရေး သမားများကို လမ်းများပေါ်တွင် ဖြန့်ကျက်ချထားခြင်း” မရှိကြောင်း ငြင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 12 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 20 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်