နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာစီးတီးတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မျိုးနွယ်စုဝင်များကြား ပဋိပက္ခဖြစ်ပွား

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ဂါဇာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြီးများ ပြီးဆုံးသွားသည့်နောက်ပိုင်း အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခများအနက်မှ တစ်ခုအဖြစ်၊ ဂါဇာစီးတီးရှိ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ဒူဂ်မတ်ရ်ှ (Dughmush) မျိုးနွယ်စုမှ လက်နက်ကိုင်များကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး အနည်းဆုံး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မျက်နှာဖုံးစွပ်ထားသော ဟားမတ်စ် သေနတ် သမားများသည် မြို့တော်ရှိ ဂျော်ဒန်ဆေးရုံအနီးတွင် မျိုးနွယ်စုဝင် တိုက်ခိုက်ရေး သမားများ နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ဟားမတ်စ်မှ အုပ်ချုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၎င်းတို့ကို ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းရံကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဝန်ကြီးဌာနက ၎င်း၏ အဖွဲ့ဝင် ၈ ဦးမှာ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှု” တွင် သေဆုံးခဲ့ကြောင်း ပြောကြားသည်။

ကျန်းမာရေးဌာနများ၏ အဆိုအရ စနေနေ့က တိုက်ပွဲစတင်ခဲ့ချိန်မှစ၍ ဒူဂ်မတ်ရ်မျိုးနွယ်စုဝင် ၁၉ ဦးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၈ ဦး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ပါဝင်သည့် ဟားမတ်စ်တပ်ဖွဲ့သည် ဒူဂ်မတ်ရ်သေနတ်သမားများ တပ်စွဲထားသည့် လူနေအဆောက်အအုံ တစ်ခုကို စီးနင်းရန် ရွှေ့ပြောင်းပြီးနောက် ဂါဇာစီးတီးတောင်ပိုင်းရှိ တယ်လ် အလ်-ဟာဝါ (Tel al-Hawa) ရပ်ကွက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံများက ပြင်းထန်သော သေနတ်ပစ်ခတ်မှုများအောက်တွင် မိသားစု ဒါဇင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းများဖြစ်ပြီး ၎င်းတို့အများစုမှာ စစ်ပွဲ အတွင်း အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခဲ့ရသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေသခံတစ်ဦးက “ဒီတစ်ကြိမ်တော့ အစ္စရေးတိုက်ခိုက်မှုတွေကနေ ထွက်ပြေးကြတာ မဟုတ်ဘူး” ဟု ပြောကြားသည်။ “သူတို့ ကိုယ်တိုင်သူတို့တိုက်ခိုက်ရေးသမားတွေဆီကနေ ထွက်ပြေးနေကြတာပါ“။

ဂါဇာ၏ ထင်ရှားသော မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည့် ဒူဂ်မတ်ရ်မိသားစုသည် ဟားမတ်စ်နှင့် ရင်းနှီးမှုမရှိဘဲ တင်းမာသော ဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် အတိတ်ကလည်း ဟားမတ်စ်အဖွဲ့နှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွား ခဲ့ဖူးသည်။

ဟားမတ်စ်မှ အုပ်ချုပ်သော ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့၏တပ်ဖွဲ့များသည် စည်းကမ်း ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပြီး “ခုခံကာကွယ်ရေးဘောင်ပြင်ပမှ မည်သည့်လက်နက်ကိုင်လှုပ်ရှားမှုကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသွားမည်” ဟု သတိပေးခဲ့သည်။

ပဋိပက္ခဖြစ်ပွားစေခြင်းအတွက် မည်သူတွင် တာဝန်ရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်

ဟားမတ်စ်က ဒူဂ်မတ်ရ်သေနတ်သမားများသည် ၎င်းတို့၏ တိုက်ခိုက်ရေးသမား ၂ ဦးကို သတ်ဖြတ်ပြီး ၅ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့အဖွဲ့က စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သည်။

သို့သော် ဒူဂ်မတ်ရ်မိသားစုဝင် တစ်ဦးက ဒေသတွင်းမီဒီယာကို ပြောကြားရာတွင် ဟားမတ်စ် တပ်ဖွဲ့များသည် အလ်-ဆာဘရာ ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်များ မကြာသေးမီက အစ္စရေး တိုက်ခိုက်မှုတွင် ပျက်စီးပြီးနောက် မိသားစုခိုလှုံခဲ့သည့် ဂျော်ဒန်ဆေးရုံအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံသို့ ရောက်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါသတင်းရင်းမြစ်က ဟားမတ်စ်သည် ၎င်းတို့၏တပ်ဖွဲ့များအတွက် အခြေစိုက်စခန်း အသစ်တစ်ခု ထူထောင်ရန်အတွက် ထိုအဆောက်အအုံမှ မိသားစုကို နှင်ထုတ်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ဟားမတ်စ်သည် မကြာသေးမီက အစ္စရေးတပ်ဖွဲ့ များ စွန့်ခွာသွားခဲ့သော ဂါဇာဒေသများအပေါ် ထိန်းချုပ်မှု ပြန်လည်ရရှိရန်အတွက် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူထားသည်

သတင်းများအရ လက်နက်ကိုင် ဟားမတ်စ်ယူနစ်များသည် ခရိုင်များစွာတွင် နေရာချထားပြီး ဖြစ်ကြောင်း၊ အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး အချို့မှာ ဂါဇာရဲ၏ အပြာရောင် ယူနီဖောင်းများ ဝတ်ဆင်ထားကြကြောင်း သိရသည်။ ဟားမတ်စ် မီဒီယာရုံးကမူ “တိုက်ခိုက်ရေး သမားများကို လမ်းများပေါ်တွင် ဖြန့်ကျက်ချထားခြင်း” မရှိကြောင်း ငြင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော