နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

ထရန့်ပ်က သတင်းထောက်များကို “ဟုတ်သည်” ဂါဇာစစ်ပွဲ တရားဝင် ပြီးဆုံးပြီဟု ပြောကြားခဲ့

CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ် (Donald Trump) သည် ဂျေရုဆလင်ရှိ ပါလီမန် အဆောက်အအုံကို ဖြတ်လျှောက်လာစဉ် သတင်းထောက်တစ်ဦးက စစ်ပွဲသည် ယခုအခါ တရားဝင် ပြီးဆုံးပြီလား” ဟု မေးမြန်းခဲ့သည်။

ဟုတ်ပါတယ်” ဟု ထရန့်ပ်က ပြန်လည်ဖြေကြားခဲ့ပြီး၊ သူကူညီစေ့စပ်ပေးခဲ့သည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်သည် ပဋိပက္ခကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်ဟူသော ၎င်း၏ရပ်တည်ချက်နှင့် ယခင်မှတ်ချက်များကို ထပ်လောင်းပြောကြားခဲ့သည်။

ယင်းအမြင်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က သဘောမတူပေ။ ၎င်းက ဂါဇာရှိ စစ်ရေးလှုပ်ရှားမှုသည် မပြီးဆုံးသေးကြောင်း မနေ့ညက ပြောကြားခဲ့သည်။ ထို့အပြင် ထရန့်ပ်၏ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်မှ ကိစ္စရပ် အများအပြားမှာလည်း မဖြေရှင်းရသေးပေ။ သို့သော်လည်း အနည်းဆုံးတော့ ထရန့်၏စိတ်ထဲ တွင်မူ ထပ်မံတိုက်ခိုက်မှုများ မရှိသင့်ကြောင်း ယုံကြည်ထားသည်မှာ ရှင်းလင်း နေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်အား ပါလီမန်ဥက္ကဋ္ဌက ကြိုဆိုပြီးနောက် ဧည့်သည် မှတ်တမ်း စာအုပ်တွင် မက်ဆေ့ချ်တစ်ခုရေးရန် ထိုင်ခဲ့သည်။

ထရန့်ကသူ၏ ထင်ရှားသော လွှသွားပုံ လက်မှတ်ကို မရေးထိုးမီ မဲနယ်ရောင် မှင်အထူဖြင့် “ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ယူမှုပါ — ကြီးမြတ်ပြီး လှပတဲ့နေ့တစ်နေ့။ အစပြုခြင်း အသစ်တစ်ခု” ဟု ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ