နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ စီးနင်းတိုက်ခိုက်ခံရ

ဇန်နဝါရီလ (၁၃)ရက်။

ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က တောင်သာမြိ့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တောင်သာမြို့ပေါ် အထက(၁)ဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၁)ဦးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားတွေကို ဘေးလွတ်ရာ ပို့ဆောင်ခဲ့်လို့ ဆိုပါတယ်။

အဲ့ဒီကျောင်းဝင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီးနင်းတိုက်ခိုက်ခံရချိန် အနည်းဆုံး (၁၀)ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေနဲ့ အုတ်တံတိုင်းကျော် ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက MA-3 တစ်လက်သာ အကောင်းကျန်ခဲ့ပြီး ကျန်လက်နက်တွေဟာ RPG ထိမှန်ပျက်စီးခဲ့သလို ခဲယမ်းကျည်တွေလဲ ပျက်ဆီးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီး‌အဆင့်ရှိသူ အောင်မင်းပါဝင်ကာ အထက(၁)ကျောင်းထဲက အလံကို ဖြုတ်ချပြီး မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းအလံနဲ့ တပ်ခွဲ(၂)အလံ ချိတ်ဆွဲကာ အလေးပြုပြီး မြို့ထဲကို အတင်းကြုံးတဲ့ ရင်း(၃)လို့ ကြွေးကြော်ခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီနောက် မြို့တော်ခန်းမရှေ့နဲ့ အင်းဝဘဏ်ရှေ့တို့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ခဲ့ပြီး ပျူစောထီးခေါင်းဆောင် သန့်စင်နဲ့ ပျူစောထီး မိုးဝင်းတို့ရဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုလဲ ပစ်ခတ်ခဲ့ကာ  မြို့အနောက်ဇဂျမ်းဂိတ်နဲ့ စွပ်ကျယ်စက်ရုံကိုလဲ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီလို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပြီး အသေးစိတ်ကိုတော့ မသိရသေးကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့တာကြောင့် မြို့နေပြည်သူတွေ ထိခိုက်မှာစိုးတဲ့အတွက် ဗျူဟာအရ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 5 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 5 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 13 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 31 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို