နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

DKBA က တရုတ်လူဆိုးဂိုဏ်းတွေကို ထွက်ခွာဖို့ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့ ။

DKBA သည် လိမ်လည်လှည့်စားသည့်စင်တာများနှင့် အခြား တရား မဝင် စီးပွားရေး လုပ်ငန်းများကို တရားမဝင်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအား ယခုလကုန်တွင် နယ်မြေအားလုံးရှိ ၎င်းတို့၏ထိန်းချုပ်မှုအောက်မှ ထွက်ခွာရန် ရာဇသံ ထုတ်ပြန် ထားသည်။

တစ်ချိန်တည်းတွင် ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံမှ လျှပ်စစ်၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ပေးဝေမှု ပိတ်ပင်ထားမှုအားဖောက်ဖျက်သူများအား တားဆီးရန် ကြိုးပမ်းနေချိန်တွင် ဂိုဏ်းများသည် မြန်မာနိုင်ငံအတွင်းသို့ လောင်စာဆီ မှောင်ခို တင်သွင်းမှုကို လှည့်ပတ် လမ်းရှာနေခဲ့ကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ကြေညာချက် နှစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရားမဝင်အွန်လိုင်းလောင်းကစားဆိုဒ်များ၊ ကာစီနိုများ သို့မဟုတ် စားသောက်ဆိုင်များနှင့် တရားမဝင်ရောင်းဝယ်မှု သို့မဟုတ် အခြားလိမ်လည်လှည့်စားမှုများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီလကုန်တွင် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်မှ ထွက်ခွာရမည်ဖြစ်ကြောင်း ဒုတိယထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတိပေးချက်ကို ဖီဆန်သူတိုင်းသည် တရားဥပဒေ၏ အကျိုးဆက်ကို ခံရမည်ဖြစ်သည်ဟု ဆိုသည်။

DKBA အနေဖြင့် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်ပြီး ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများသို့ တရုတ်များ ဝင်ရောက်ခြင်းမှ တားဆီးရန် အခြားအစီအမံများ လုပ်ဆောင် မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောအေဝမ်းက ပြောသည်။

ထိုင်းနိုင်ငံမှ ဘုရားသုံးဆူ နှင့် အခြားနယ်စပ်နေရာ လေးခုကို ဓာတ်ဆီ၊ ဒီဇယ်နှင့် အင်တာနက် လိုင်းများ ဗုဒ္ဓဟူးနေ့တွင် ဖြတ်တောက် ပြီးနောက် DKBA မှ ဘုရားသုံးဆူ ရှိ ပြည်သူများ၏ အခက်အခဲများကိုကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း DKBA မှ တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဘုရားသုံးဆူရှိတာဝန်သိပြည်သူများက လက်အောက်ငယ်သား အတင်းအကြပ် ခိုင်းစေခံရသူများကိုသာပြန်ပို့ပေးပြီး အရေးကြီးသည့် ကျားဖြန့်တရုတ်ဂိုဏ်း ခေါင်းဆောင် အများစုကို ဘုရားသုံးဆူနှင့်မဝေးကွာသည့် DKBAထိန်းချုပ်ထားသော ကျွန်းချောင်း ဒေသရှိ ရော်ဘာတောထဲတွင် ဝှက်၍နေရာချပေးထားသည်ဟုဆိုသည်။ DKBA သည်တဖက်တွင် ထိုင်းနှင့်ကမ္ဘာကို သူတို့အနေနှင့်ကျားဖြန့်ဂိုဏ်းများကိုထွက်ခွာရန်ပြောထားသော်လည်း အဓိကခေါင်းဆောင်များကိုမူအကာအကွယ်ပေးထားဆဲဖြစ်ကြောင်းသိရသည်။

တဖက်တွင်လည်း ဘန်ကောက်မြို့ မှလျှပ်စစ်ဓာတ်အား ပြန်လည်ချိတ်ဆက်ပြီး လောင်စာဆီ များ ပြန်လည် ပေးပို့နိုင်ရေးအတွက် ထိုင်းအစိုးရနှင့် ယုံကြည်မှုတည်ဆောက်ရန် အရေးကြီး ကြောင်း DKBA အဖွဲ့မှ အလေးပေးပြောကြားနေခဲ့သည်။

ဘုရားသုံးဆူ သည် ကန်ချနဘူရီ ပြည်နယ်ရှိ ဆန်ခလဘူရီ ခရိုင်ရှိ ဘုရားသုံးဆူစေတီအနီးတွင် တည်ရှိသည့်မြို့ဖြစ်သည်။ မြို့နယ်နှင့် အနီးနား နယ်မြေများသည် DKBA ၏ လွှမ်းမိုးမှု အောက်တွင် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 53 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 51 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို