နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

မတ်လ (၁၄) ရက်။

ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်သည် အေဂျင်စီ ၁၈ ခုကို ၂ ပတ်ကြာ အကျုံးဝင်သက်ရောက်စေမည်ဖြစ်ပြီး နိုင်ငံတော် ရှေ့နေချုပ်၏ ရာထူးမှရပ်စဲခြင်းဆိုင်ရာကိစ္စကို စိန်ခေါ်မှုတစ်ရပ်ဖြစ်စေခဲ့သည်။

ကယ်လီဖိုးနီးယားရှိ သီးခြားတရားစွဲဆိုမှုတစ်ခုအား ဦးဆောင်နေသည့် ပြည်ထောင်စု တရားသူကြီးတစ်ဦးသည် ကြာသပတေးနေ့အစောပိုင်းတွင် အေဂျင်စီငယ်များကြား အစမ်းသပ်ခံ အလုပ်သမားများကို အစုလိုက် အပြုံလိုက် အလုပ်မှ ထုတ်ပယ်ခြင်းကို ပြန်လည်ခန့်ရန် အမိန့်ပေးလိုက်ခြင်းအတွက် ဗရီဒါ၏တရားဝင်အကြောင်းပြချက်မှာ ကယ်လီဖိုးနီးယားတရားသူကြီး ဝီလီယံအယ်အပ် (William Alsup) နှင့် ကွဲပြားခဲ့သည်။

ဘော်လ်တီမိုး၏ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းသောပြည်နယ်များ၏အမှုတွင် အစိုးရသည်အင်အားလျှော့ချခြင်း သို့မဟုတ် RIFS ဟုခေါ်သော အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်မည်ဖြစ်ကြောင်း ၆ ရက် ကြိုတင်အသိပေးရမည်ဆိုသည့် လိုအပ်ချက်ကို မပြုလုပ်ဘဲ ချိုးဖောက်ခဲ့သည်ဟု ရှေ့နေချုပ်ကဆိုသည်။

အစိုးရ၏ အစောပိုင်းကာလများတွင် ရာထူးမှရပ်စဲခြင်းအတွက် ယင်းသတိပေးချက် မလိုအပ်ကြောင်း အစိုးရက တုံ့ပြန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုဥပဒေသည် အချို့သောအခြေအနေများတွင် အစိုးရအနေနှင့် အစမ်းခန့်ဝန်ထမ်းများအား ကြိုတင်အသိပေးရန် မလိုအပ်ဘဲ အလုပ်မှ ရပ်စဲရန်ခွင့်ပြုထားသောကြောင့်ဖြစ်သည်။

ဝန်ထမ်းများသည် စံနှုန်းအောက်နိမ့်ကျသော စွမ်းဆောင်ရည်ကြောင့် အလုပ်ထုတ်ခံရခြင်း ဖြစ်သောကြောင့် အလုပ်ထုတ်ခံရခြင်းများသည် အသိပေးရန် မလိုအပ်သည့် အမျိုးအစားနှင့် ကိုက်ညီကြောင်း အစိုးရ၏ ငြင်းဆိုချက်များကို ကြာသပတေးနေ့တွင် တရားသူကြီးဘရီဒါမှ ပယ်ချခဲ့သည်။

“ဒီမှာ အလုပ်ရပ်စဲထားတဲ့ အစမ်းခန့်ဝန်ထမ်းတွေကို အကြောင်းပြချက်တွေကြောင့် ရပ်စဲတာမဟုတ်ဘူး” ဟု ဘရက်ဒါက စာမျက်နှာ ၅၆ မျက်နှာပါ သုံးသပ်ချက် ရေးသားခဲ့သည်။ “ ရက်အနည်းငယ်အတွင်း အစုလိုက်အလုပ်မှ ရပ်စဲခံရသည့် ဝန်ထမ်းတစ်ဦးချင်းသည် စွမ်းဆောင်ရည် ကျေနပ်စရာ မရှိခြင်း သို့မဟုတ် အကျင့်စာရိတ္တကြောင့်ဟု အလုပ်မှရပ်စဲခဲ့သည်ဆိုသည့် အကြောင်းပြချက်သည် လိမ်ညာထားမှုသာဖြစ်သည်” ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

သူက အစိုးရ၏ဖြေရှင်းချက်သည် တာဝန်မဲ့ပြီး ခိုင်လုံသောအကြောင်းပြချက် မရှိဟု ဆိုခဲ့သည်။

အင်္ဂါနေ့က ကြားနာပွဲ၌ ဘရီဒါ၏ စီရင်ချက်၏ အထွတ်အထိပ်မှာ အစိုးရအနေနှင့် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများအား အစုလိုက်အပြုံလိုက် ရာထူးမှ ထုတ်ပယ်ခြင်းတွင် ကြိုတင်အသိပေးချက်အပါအဝင် သင့်လျော်သော RIF လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

၎င်း၏စီရင်ချက်အရ အစိုးရသည် “တစ်ဦးချင်း၏သစ္စာရှိမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အခြေခံ၍ RIF စည်းမျဉ်းများကို မလိုက်နာဘဲ တစ်ဦးချင်း ဝန်ထမ်းများကို လွတ်လပ်စွာ အလုပ်ထုတ် နိုင်သည်” ဟု မှတ်ချက်ပြုထားသည်။

ဓာတ်ပုံ။

တရားသူကြီး ဂျိမ်းစ်ဗရီဒါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 131 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 108 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 48 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု