နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

တူရကီတွင် အလားအလာရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ပူတင်က ကျွန်တော်ကို ယင်းနေရာတွင် ရှိနေစေလိုသည်ဟု ထရန့်က ပြောကြားခဲ့သည်။

မေလ (၁၄) ရက်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ဖြစ်နိုင်ခြေရှိသော အဆင့်မြင့်တွေ့ဆုံပွဲအတွက် တူရကီသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖော်ပြခဲ့ပြီး ပူတင်က “ကျွန်တော့်ကို အဲဒီမှာ ရှိစေချင်ပါတယ်” ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး “ဒါက ဖြစ်နိုင်ခြေရှိနေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

အဲဒါက ကျွန်တော်က အသက်အများကြီးကို မကယ်တင်ဘဲ ပြန်လာဖို့ မဆိုလိုပါဘူး” ဟု Air Force One လေယာဉ်ပေါ်ရှိ CNN မှ မေးမြန်းချက်ကို တုံ့ပြန်သည့်အနေဖြင့် ထရန့်က ပြောကြားခဲ့သည်။

“ကျွန်တော် မရှိရင် သူအဲဒီမှာ ရှိမယ်ဆိုတာ မသိနိုင်ဘူး။” ဟု သူက ဆက်ပြောသည်။

ပူတင်၏ မဟာဗျူဟာနှင့် ပတ်သက်၍ ရုရှားခေါင်းဆောင်က “သူ့ကို ကစားနေသလား” ဟု ယခင်ပို့စ်တွင် ဆိုရှယ်မီဒီယာတွင် သူကပြောထားအတိုင်း သူ့အား ရုရှားခေါင်းဆောင်က ကစားနေသည်ဟု ခံစားရသေးသလားဟု မေးမြန်းရာ ထရန့်က ရက်ပိုင်းအတွင်း ၎င်းတို့ကို အသိပေးမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ပူတင်သည် ၎င်းကိုယ်တိုင် အဆိုပြုထားသော်လည်း ကြာသပတေးနေ့တွင် ပြုလုပ်မည့် တူရကီတွင် ဆွေးနွေးပွဲသို့ ကိုယ်တိုင်တက်ရောက်ရန် သဘောတူညီမှု မရရှိသေးပေ။ ဇလန်းစကီးက “ ပူတင်ကိုယ်တိုင်ကလွဲလို့ ရုရှားကိုယ်စားလှယ်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူး” ဟု ပြောဆိုထားပါသည်။

ဆွေးနွေးပွဲများမှ “သတင်းကောင်း” ထွက်ရှိလာမည်ဟုလည်း ထရန့်က ခန့်မှန်းခဲ့သည်။

ထရန့်သည် ၎င်း၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း တူရကီတွင် ရပ်တန့်နိုင်ခြေကို ယခင်က ပြောကြားခဲ့ပြီး “ ကျွန်တော်တွေးနေမိတယ်။ အဲဒီနေရာကို ပျံသန်းသွားဖို့ ကိစ္စတွေ ဖြစ်လာနိုင်မယ်လို့ ထင်ရင် ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ထရန့်သည် လောလောဆယ်တွင် ဒိုဟာနှင့် အဘူဒါဘီကို ကြာသပတေးနေ့တွင် သွားရောက်ရန် စီစဉ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်