နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

ဖေဖော်ဝါရီလ (၁၅)ရက်။

အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၅ခုနှစ်ဟာ ချင်းပြည်ထဲ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေ အပြီးတိုင်ကင်းစင်ရေးကနေ ပြည်ထောင်စတဝန်းလုံး စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဘဝတူ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်”လို့ ဆိုပါတယ်။

ချင်းတိုင်းရင်းသားတွေဟာ ပြည်ထောင်စုတည်ထောင်သူ ကနဦးဗိသုကာအနေနဲ့ ပူးပေါင်းပါဝင်ခဲ့သလို စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးမှာလဲ ရှေ့တန်းကနေ ပူးပေါင်းပါဝင်နေတယ်လို့ ပြောဆိုထားပါတယ်။

ချင်းပြည်ကောင်စီအနေနဲ့ Bottom up Federalism Approach ချဉ်းကပ်မှုနဲ့ အပြည့်အဝ လက်ခံကျင့်သုံးသွားမှာဖြစ်ပြီး ဘဝတူညီနောင်တိုင်းရင်းသားတွေနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပူးပေါင်းလက်တွဲသွားမယ်လို့ သူက ဆက်ပြောပါတယ်။

‌နောက်ပြီး တော်လှန်ရေးအလွန်ကာလအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တော်လှန်ရေးအင်အားစုတွေအကြား အရေးကြီးတဲ့ ဘုံရပ်တည်ချက်တွေ ခိုင်မာတဲ့ အာမခံချက်တွေနဲ့ မူဘောင်တွေကို ကြိုတင်ချမှတ်ဖော်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

“တော်လှန်ရေးအင်အားစုတွေအကြား တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း နေကြရင်တော့ ကျွန်တော်တို့ ရည်မှန်းထားတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးမှာ ကြန့်ကြာသွေဖည်သွားမှာကို ခေါင်းဆောင်တွေအားလုံး သတိပြုကြစေလိုပါတယ်”လို့ သူက ထည့်သွင်းသတိပေးထားပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီအနေနဲ့ ဒေသန္တရအစိုးရတွေ အားကောင်း‌ရေးကနေ ပြည်ထောင်စုအစိုးရ အားကောင်းရေးမူကို စွဲကိုင်ပြီး အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာမှာ ဘဝတူညီနောင် တိုင်းရင်းသားတွေနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 48 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို