နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ရုရှားနှင့် ယူကရိန်းတို့ တွေ့ဆုံရန် စီစဉ်ထားသော်လည်း ပူတင် လာရောက်မည့်ပုံမပေါ်ပါ။

၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။

ရုရှားခေါင်းဆောင်က သူကိုယ်တိုင် အကြံပြုထားသည့် ဆွေးနွေးပွဲကို တက်ရောက်ရန် ဆုံးဖြတ်ခဲ့လျှင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကြာသပတေးနေ့တွင် တူရကီတွင် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ယခုသီတင်းပတ်တွင် ထင်ကြေးပေးမှုများ ရှိနေသည်။

သူတို့နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ခြေက ကြီးကြီးမားမား စိတ်လှုပ်ရှားစရာ ဖြစ်စေသော်လည်း ကရင်မလင်၏ ကိုယ်စားလှယ်များစာရင်းတွင် ပူတင်ကို ဖော်ပြထားခြင်း မရှိသည့်အတွက် ဖြစ်လာစရာမရှိချေ။

ရုရှားအာဏာပိုင်များသည် ရက်ပေါင်းများစွာကြာအောင် ပျက်ကွက်မှုအတွက် အကြောင်းပြချက်များ ပေး၍ ပြင်ဆင်နေခဲ့ပြီးနောက် ပူတင်သည် အလွန်မျှော်လင့်ထားသော ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိမရှိ ရှင်းလင်းရန် CNN မှ ကရင်မလင်သို့ ဆက်သွယ်ခဲ့သည်။

ဆွေးနွေးပွဲများသည် ချက်ခြင်းရလဒ်များထွက်ပေါ်လာဖွယ် မရှိသလို၊ ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ သမတအဖြစ် ပြန်ရောက်လာကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကတိပေးထားသော စစ်ပွဲကို ရပ်ဆိုင်းမည်ဆိုသည်ကို ရရှိရန် “သဘောတူညီချက်” ကို ၎င်းတို့က ယူဆောင်လာမည် မဟုတ်သည်မှာ သေချာပေါက်နီးပါးဖြစ်သည်။

ဆုံးဖြတ်ချက်အတွက် သတိပေးချက်များရှိနေသော်လည်း၊ မည်သည့်အဆင့်တွင်မဆို ကိ့ဗ် နှင့် မော်စကို အကြား တိုက်ရိုက်တွေ့ဆုံမှုသည် ပဋိပက္ခအတွက် မှတ်တိုင်တစ်ခုဖြစ်သည်။ မော်စကိုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော် ဝင်ရောက်လာပြီးနောက် မကြာမီတွင် ၎င်းတို့နှစ်ဦး တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေ။

ယခုလို အခြေအနေ ဘာကြောင့် ဖြစ်လာခဲ့သလဲ။
ဂျာမနီ၊ ပြင်သစ်၊ ပိုလန်နှင့် ဗြိတိန်တို့က ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားက လက်ခံရန် သို့မဟုတ် ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို ရင်ဆိုင်ရန် စနေနေ့က မော်စကိုအား ပိတ်ဆို့အရေးယူရေး ရာဇသံပေးလိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပူတင်က တိုက်ရိုက် ဆွေးနွေးပွဲကို ပထမဆုံး အဆိုပြုခဲ့ခြင်းဖြစ်သည်။

အနောက်မဟာမိတ်များ၏ ပိတ်ဆို့အရေးယူရေး ရာဇသံကို ပူတင်က လျစ်လျူရှုခဲ့ပြီး တိုက်ရိုက်ဆွေးနွေးပွဲကို အဆိုပြုခဲ့သည်။

ထိုအဆိုပြုမှုသည် ပူတင်၏ အချိန်ဆွဲရေးနည်းပရိယာယ်ဖြစ်နိုင်သလို၊ ယခင်က သူ့အနေနှင့် အကြိမ်ပေါင်းများစွာ အောင်မြင်စွာ အသုံးချခဲ့သည့်နည်းလည်း ဖြစ်သည်။ သို့ရာတွင် ထိုနည်းသည် သူ့အား ပို၍ အကြပ်ရိုက်စေခဲ့သည်။

ဥရောပနှင့် ယူကရိန်းတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီခြင်း မပြုမီ ဆွေးနွေးပွဲများ မဖြစ်နိုင်ကြောင်း ကနဦးတွင် ပြောကြားခဲ့သော်လည်း ထရန့် ပါဝင်လာသောအခါ မြန်ဆန်သော အပြောင်းအလဲ ဖြစ်လာခဲ့သည်။ ထရန့်က ဆိုရှယ်မီဒီယာပေါ်တွင် ပို့စ်တစ်ခု၌ ဇလန်းစကီးအား “ အခု ချက်ချင်း အစည်းအဝေးလုပ်ပါ” ဟု လူသိရှင်ကြားတိုက်တွန်းခဲ့သည်။

ပူတင်သည် ၎င်း၏ ရွံမုန်းဖွယ် ပြိုင်ဖက် ယူကရိန်းခေါင်းဆောင်နှင့် တစ်ဦးချင်း တွေ့ဆုံမည်ဟု အကြံပြုခဲ့ခြင်း မရှိပါ။ ၂၀၂၂ ခုနှစ် နွေဦးရာသီတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများကို ပြန်လည်စတင်လိုကြောင်းနှင့် ထိပ်တန်းသံတမန်များ တက်ရောက်ကြရန်ဖြစ်သော်လည်း ခေါင်းဆောင်များ ကိုယ်တိုင်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် ဇလန်းစကီးက တူရကီသို့ သူကိုယ်တိုင်သွားရောက်ပြီး ပူတင်ကို အလားတူ လာရောက်ရန် တောင်းဆိုခြင်းဖြင့် စိတ်ဝင်စားစေမှုကို မြှင့်တင်ခဲ့သည်။ ယူကရိန်းခေါင်းဆောင်သည် အခြားရုရှားအရာရှိတစ်ဦးနှင့် တွေ့ဆုံမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောပြီး “ရုရှားရှိ အရာအားလုံးသည် ပူတင်အပေါ်တွင် မူတည်သည်” ဟု ထောက်ပြခဲ့သည်။

လက်ရှိသူ၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ထရန့်က ဆွေးနွေးပွဲအတွက် “ အထောက်အကူဖြစ်လျှင်” သူ့အနေနှင့် လည်းလာရောက်နိုင်ကြောင်း အကြံပြုခြင်းဖြင့် ဖိအားပေးခဲ့သည်။ ထိုအကြံအစည်ကို ဇလန်းစကီးက ထောက်ခံခဲ့ပြီး ထရန့် လာရောက်မှုအတွက် ယူကရိန်းက “ ကျေးဇူးတင်ရှိမည်” ဟု ပြောကြားခဲ့သည်။ ပူတင်က “ ကျွန်တော်ကို အဲဒီမှာ ရှိစေချင်တယ်” ဟု ဗုဒ္ဓဟူးနေ့တွင် ထရန့် မှ CNN သို့ပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူတော်အရာရှိနှစ်ဦးက CNN သို့ ပြောကြားရာတွင် ထရန့်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် တူရကီနိုင်ငံသို့ သွားရောက်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းတွင် ထရန့်သည် ပူတင်နှင့် လာရောက်ပူးပေါင်း နိုင်သည်ဟု ထင်ကြေးပေးနေသည့်အချက်သည်လည်း ဖြစ်နိုင်စရာ အကြောင်း မရှိတော့ချေ။

အကယ်၍ ပူတင်က လာရောက်ရန်ဆုံးဖြတ်ပါက ဇလန်းစကီးနှင့် ၎င်း၏အစိုးရသည် တရားမ၀င်ကြောင်း ၎င်းကိုယ်တိုင်ပြောကြားနေသည့်အချက်ကို ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ပူတင်လာရောက်ရန်ကိစ္စသည် ဖြစ်နိုင်ခြေမရှိချေ။

သို့သော် ပူတင်အနေနှင့် အိမ်တွင်နေခြင်းသည် ရုရှားသည် ငြိမ်းချမ်းရေးကို အလေးအနက် မထားကြောင်းကို ဇလန်စကီးအား ပြောဆိုနိုင်သည့် အခွင့်ရေးကောင်းကို ပေးနိုင်သည်။

ထိုအချက်သည် ထရန့်ကို အလေးအနက်သိစေရန် ရည်ရွယ်ပါသည်။ ကိ့ဗ်နှင့် ၎င်း၏ ဥရောပမဟာမိတ်များက ပူတင်သည် ငြိမ်းချမ်းရေးဆွေးနွေးရန် အလေးအနက်ထား စိတ်ဝင်စားသည်ဟု မယုံကြည်ကြောင်း ကာလရှည်ကြာစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။

ဆန့်ကျင်ဘက်အဖြစ် ထရမ့်က ၎င်း၏ ပူတင်အပေါ် ယုံကြည်မှုကို အကြိမ်ကြိမ်ထုတ်ဖော်ခဲ့ပြီး နောက် မကြာသေးမီရက်သတ္တပတ်များအတွင်းက ၎င်း၏သံသယများကို စတင်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်လက ဗာတီကန်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန အခမ်းအနား ဘေးတွင်ဇလန်းစကီး နှင့် စကားပြောပြီးနောက် ပူတင်က ငြိမ်းချမ်းရေး လိုလားခြင်း ရှိမရှိ မေးခွန်းထုတ်ခဲ့သည်။

ယူကရိန်းနှင့် အနောက်တိုင်း ထောက်လှမ်းရေးဌာနများ အဆိုအရ ဇလန်းစကီးအား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးခဲ့သော ရုရှားသမ္မတပူတင်နှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံရန် ဇလန်းစကီး အကြံပြုခဲ့သည့် အဓိက အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

ဆွေးနွေးစားပွဲပေါ်မှာ ဘာရှိနိုင်မလဲ။
နှစ်ဘက်စလုံးက ဝေးကွာစွာ ရှိနေခြင်းကြောင့် ဆွေးနွေးပွဲက ဘယ်လိုဖြစ်မည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။
ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှလွဲ၍ အခြားမည်သည့်အရာမဆို မအောင်မြင်ကြောင်း ဇလန်းစကီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ရုရှားသမ္မတပူတင်က “ ဤဆွေးနွေးပွဲများအတွင်း စစ်ပြေငြိမ်းရေးအသစ်၊ အပစ်အခတ်ရပ်စဲရေးအသစ်ကို စီစဉ်ရန် ဖြစ်နိုင်ခြေရှိသည်” ဟု ‌ပြောဆိုထားပြီး ပဋိပက္ခဖြစ်ပေါ်မှု၏ “ အရင်းခံအကြောင်းတရားများ” ကို ချေဖျက်ရန် ရည်ရွယ်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

သူကိုးကားဖော်ပြသည့် “အရင်းခံအကြောင်းတရားများ” တွင် အချုပ်အခြာ အာဏာပိုင် ယခင်က ဆိုဗီယက်ယူနီယံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်တည်မှုမှ နိုင်ငံတစ်ခုအဖြစ် ယူကရိန်း၏တည်ရှိလာမှုနှင့် စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ နေတိုး၏အရှေ့ဘက်သို့ ချဲ့ထွင်မှုတို့ ပါဝင်သည်။
ထိုအချက်များသည် ယူကရိန်း သို့မဟုတ် ၎င်း၏မဟာမိတ်များအတွက် နှစ်ဖက်ညှိနှိုင်းနိုင်သည့်အချက်များ မရရှိနိုင်ပါ။

ယူကရိန်းနှင့် ရုရှားတို့ နောက်ဆုံးစကားပြောခဲ့စဉ်က ဘာတွေ ဖြစ်ခဲ့သလဲ။
ကိယက်ဗ်နှင့် မော်စကိုတို့အကြား နောက်ဆုံးသိထားသည့် တိုက်ရိုက်ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် နွေဦးပေါက်တွင် တူရကီနှင့် ဘီလာရုစ်တွင် ကျင်းပခဲ့သည်။ ပူတင်သည် ယူကရိန်းတစ်ခုလုံးကို သိမ်းပိုက်ပြီး ရက်အနည်းငယ်အတွင်း ကိယက်ဗ်တွင် ရုပ်သေးအစိုးရသစ်တစ်ခု ထူထောင်ရန် ကနဦးအစီအစဉ်သည် ဆိုးရွားစွာ မှားယွင်းသွားခဲ့ကြောင်း သိသာထင်ရှားလာခဲ့သည်။

ယင်းကြောင့် ရုရှားသည် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ၎င်း၏ရည်မှန်းချက် အောင်မြင်ရန် ကြိုးပမ်းမှုအား အလျင်အမြန် အားထုတ်ခဲ့သည်။

မော်စကိုက အဆိုပြုထားသည့် သဘောတူညီချက်တွင် ယူကရိန်းအား ၎င်း၏အချုပ်အခြာအာဏာကို လက်နက်ချရန် တောင်းဆိုခဲ့ပြီး ထိုအချက်သည် နောင်လာမည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ယူကရိန်းအား လုံးဝအင်အားမရှိစေတော့ကြောင်း အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာ စောင့်ကြည့်ရေး အင်စတီကျုက ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ယူကရိန်းမြောက်ပိုင်း၏ နယ်မြေအစိတ်အပိုင်းများကို လွတ်မြောက်အောင် စတင်တိုက်ခိုက်ခဲ့ပြီး နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ရှင်းရှင်းလင်းလင်း အထောက်အထားများကို တွေ့ရှိခဲ့ရပြီးနောက်တွင် ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သည်။

အထူးသဖြင့် ကိ့ဗ်မြောက်ဘက်ရှိ ဘူချာ (Bucha) မြို့တစ်မြို့၌ ရုရှားအကြမ်းဖက်မှုများကို ဖော်ထုတ်ခဲ့ရာ ကမ္ဘာကို ထိတ်လန့်စေခဲ့ပြီး ယူကရိန်းပြည်သူများ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။

ပူတင် မဟုတ်ရင် ဘယ်သူတွေ လာမှာလဲ။

ဇလန်းစကီးသည် ရုရှားခေါင်းဆောင်အား တူရကီနိုင်ငံတွင် စောင့်နေမည်ဟု စိန်ခေါ်ပြီးနောက် မကြာမီတွင် ရုရှားသမ္မတပူတင် မတက်ရောက်နိုင်သည့် ဖြစ်နိုင်ခြေအတွက် ကရင်မလင်နန်းတော်မှ အုတ်မြစ်ချခဲ့သည်။
“ ဒါက ရှင်းရှင်းလေးပါပဲ၊ ဒါဟာ ဒရမ်မာခင်းနေတာပါ။ အထူးသဖြင့် ဒီလိုခက်ခဲတဲ့ အခြေအနေမှာ အဆင့်မြင့်အစည်းအဝေးတွေကို ဒီနည်းနဲ့ လုံးဝမစီစဉ်ထားတာကြောင့်ပါ” ဟု ရုရှားဖက်ဒရေးရှင်းကောင်စီ၏ လက်ထောက်အကြီးအကဲ Konstantin Kosachev က ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်း Russia 24 ကို တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“ကျွမ်းကျင်သူ-နည်းပညာအဆင့်” တွင် စေ့စပ်ညှိနှိုင်းသူများ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားသမ္မတပူတင်၏အကြီးတန်းလက်ထောက်နှင့် နိုင်ငံ၏ဗဟိုကောင်စီဗျူရိုအဖွဲ့ဝင် ဗလာဒီမာမင်စကီးသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ကိယက်ဗ်နှင့် မော်စကိုတွင် ၎င်းတို့၏ နောက်ဆုံး တိုက်ရိုက်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကိုယ်စားလှယ်အဖွဲ့ကို ယင်းလက်ထောက်က ဦးဆောင်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကို သဘောမတူပါက မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု ထရန့်နှင့် ယူကရိန်း၏ ဥရောပမဟာမိတ်နှစ်နိုင်ငံစလုံးက ပြောကြားထားသောကြောင့် ယခုတစ်ကြိမ်တွင် ရင်ဆိုင်ရမည့်အခက်အခဲက ပို၍များပြားနေခဲ့သည်။

ဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး အခြား ဘာများ သိထားပါသလဲ။

အအများကြီး သိထားခြင်း မရှိပါ။ “ ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့ စေ့စပ်ညှိနှိုင်းရေးနဲ့ လက်ခံကျင်းပပေးရေးအပါအဝင် ပံ့ပိုးကူညီမှုတွေ အားလုံးကို ပံ့ပိုးပေးဖို့ ပြင်ဆင်ထားတယ်” ဟု တူရကီအစိုးရက သီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

တူရကီသည် ယခင်က မော်စကိုနှင့် ကိယက်ဗ်ကြား ပေါင်းကူးရေးအခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော ပဋိပက္ခတွင် ရှားရှားပါးပါး သံတမန်ရေးအရ အောင်မြင်မှုအဖြစ် ရိက္ခာတင်ပို့သည့် ယူကရိန်းသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ကို အာမခံသည့် ပင်လယ်နက်အတွင်း ဂျုံတင်ဖို့ဖြတ်သန်းခွင့် အစပျိုးညှိနှိုင်းမှု (Black Sea Grain Initiative) ကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ ရုရှားသည် ၂၀၂၃ ခုနှစ်တွင် စာချုပ်မှ နုတ်ထွက်ခဲ့သည်။

နေတိုးအဖွဲ့ဝင်တစ်ဦးအနေဖြင့် တူရကီသည် ပဋိပက္ခတွင် ရင်းနှီးမြုပ်နှံထားသော်လည်း ရုရှားနှင့် ပိုမိုလိုက်လျောညီထွေရှိသည်ဟုလည်း ရှုမြင်ကြောင်း တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်က ယခင်က ပူတင်နှင့် ၎င်း၏ အထူးဆက်ဆံရေးကို ချီးကျူးခဲ့သည်။

ထရန့်၏ ယူကရိန်းနိုင်ငံဆိုင်ရာ အထူးသံတမန် ကိ့ကဲလ်လော့ဂ် (Keith Kellogg) နှင့် ၎င်း၏ နိုင်ငံခြားသံတမန် စတိ့ဗ်ဝတ်ကော့ဖ် (Steve Witkoff) တို့ နှစ်ဦးစလုံး ဆွေးနွေးပွဲအတွက် အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ထရန့်၏အကြီးတန်း အုပ်ချုပ်ရေး အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာက နေတိုးနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော အစည်းအဝေးကို တက်ရောက်ရန် တူရကီနိုင်ငံကို ရောက်ရှိနေသည်။

အင်္ဂါနေ့အထိ ယူကရိန်းနှင့် ရုရှားတို့အကြား တူရကီနှင့်အတူ ဆွေးနွေးပွဲများကို စောင့်ကြည့်လေ့လာရန် အမေရိကန် အရာရှိများအတွက် စီစဉ်ထားသည်။

ရူဘီယို၊ ကဲလ်လော့ဂ်နှင့် ဝတ်ကော့ဖ်တို့သည် ဆော်ဒီအာရေဗျတွင် ကြားခံများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ရက်အနည်းငယ်အကြာတွင် ယူကရိန်းနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ကိုယ်စားလှယ်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်သည်ဆိုသည့်အချက်သည် သိသာထင်ရှားလှသည်။ ၎င်းတို့၏ရည်မှန်းချက်မှာ အမှန်တကယ် သဘောတူညီချက်တစ်ခုရရှိခြင်းထက် ထရန့်အား စိတ်ကျေနပ်စေရန်အတွက် ပို၍ပင်အရေးကြီးပါသည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု