နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

ဇန်နဝါရီလ (၁၆)ရက်။

ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မောင်းမရွာအုပ်စု ကမိုင်ကုန်းရွာကို စကစက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒရုန်းဗုံးတွေနဲ့ လိုက်ပြီး ကြဲချတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်တဲ့အထဲ အရပ်သားတစ်ဦး မီးလောင်ဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ ဆေးရုံပို့ချိန် သေဆုံးသွားပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ကမိုင်ကုန်းရွာနေ အသက် (၂၇)နှစ်အရွယ် စောသားသား ထိမှန်ကာ မီးလောင်ဒဏ်ရာရခဲ့ပြီး (၅၇)နှစ်အရွယ် စောပလုံးချီ(ခ)ဦးမောင်အောင်မြင့်ဟာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံပို့ချိန် သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ (၁၁)ရက်နေ့ကလဲ လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာစာသင်ကျောင်းအနီးနဲ့ အင်တိုင်းကုန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၇)ရက်နေ့က မူးမြို့နယ် သပြေညွှန့်စခန်းရှိ စစ်ကောင်စီတပ်က ကမူလိုကျေးရွာနေ (၃၅)နှစ်အရွယ် စောမောင်ချိုကို ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ KNU ရဲ့ အုပ်ချုပ်နယ်မြေတွေထဲကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေကာ အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 5 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ
မြန်မာသတင်း

မအလအိန္ဒိယခရီးစဥ်နဲ့တရုပ်သြဇာလွှမ်းမိုးမှု”

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၅၀)မှာ မအလ အိန္ဒိယခရီးစဥ်ကို ဘာရည်ရွယ်ချက်နဲ့သွားခဲ့သလဲ ဆိုတာကိုလေ့လာသုံးသပ်ခြင်းနဲ့ မြန်မာနိုင်ငံကို တရုတ် သံတမန်တွေလာရောက်ပြီး မြန်မာ-တရုတ် ဆက်ဆံရေး တိုးမြင့်ဖို့ အတွက် ဘာကြောင့် အင်တိုက် အားတိုက် လုပ်ဆောင်နေလဲဆိုတာတွေကို