နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖားကန့်မှာ ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့

ဇန်နဝါရီလ (၁၆)ရက်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့တယ်လို့ မြေပြင်ကူညီပေးနေတဲ့ လူမှုကုညီရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ စပေါ့ရွာမှာ ရွှံ့နွံကန်ပြိုကျတာမှာ (၃)ရက်ထဲ ရှာဖွေခဲ့တာ ရွံတွေအောက်ကနေ သေဆုံးအလောင်းတွေ ပြန်တွေ့ခဲ့တာပါ။ မနေ့ကအထိ ရုပ်အလောင်း (၃၁)လောင်းအထိ ပြန်တွေ့ထားပြီးဖြစ်ပါတယ်။ သေဆုံးသူထဲ ကိုယ်ဝန်သည်တစ်ဦး ပါတယ်” လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်အစောပိုင်းအချိန်က စပေါ့ကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်က ရွှံ့နွံကန်ပြိုကျတာမှာ နေအိမ် (၅၀)ကျော် ရွှံ့နွံအောက်နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

ရွှံ့နွံကန်ပြိုကျတာမှာ (၃)ရက်တာထဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်း (၃၁)လောင်းမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်သလို ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးလဲ ပါဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ ရွှံ့နွံကန်ပြိုကျတဲ့ ဖြစ်စဉ်ထဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ရပ်နားခဲ့ပြီဖြစ်ကာ သေဆုံးသူတွေကို ဒီကနေ့ နေ့လယ် (၁)နာရီအချိန်မှာ သင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။

စပေါ့ရွာထိပ်ရှိ နွံကန်ပြိုကျလာနိုင်တာကို အခုလဆန်းပိုင်းမှာ KIO တာဝန်ရှိသူတွေက သတိပေးတာနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ အကြောင်းကြားခဲ့ပေမယ့် ဆက်လက်လုပ်ကိုင်နေရာက ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ပုံနှိပ်ထုတ်ဝေသူတွေ ဥပဒေဖောက်ဖျက်ရင် တရားစွဲမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်
မြန်မာသတင်း

ပသုံးလုံး ပြုပြင်ပြောင်းလဲရေး လက်မနှေးဖို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 3 Views
ဇန်နဝါရီလ (၁၅)ရက်။ ပသုံးလုံး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ လက်မနှေးဘဲ အလုပ်ဖြစ်ရုံထက် ပိုသင့်တယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 7 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်
မြန်မာသတင်း

ပုလောမြို့ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
ဇန်နဝါရီလ (၁၅)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပါဒစက်တော်ရာဘုရားမှာ တပ်စွဲထားတဲ့
မြန်မာသတင်း

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ အပစ်ရပ် (၇)ဖွဲ့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
ဇန်နဝါရီလ (၁၅)ရက်။ သက်ဆိုင်သူ‌တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အပစ်ရပ်(၇)ဖွဲ့က မနေ့က ဦးဆောင်အဖွဲ့အစည်းအဝေးတရပ်ကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးထဲ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူတွေ နေ့တိုင်းကြုံနေရတဲ့ လူမှုဒုက္ခမျိုးစုံကို