နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

1027 Operations

1027 Operations

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီ အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောလို့ TNLA ပြော

ဖေဖော်ဝါရီလ (၁၆)ရက်။

ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီက အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောဆောင်နေတယ်လို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ နစက နဲ့ လုပ်ရတဲ့ ကူမင်းဆွေးနွေးပွဲက MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေဆွေးနွေးမဲ့သဘောဆောင်ပါတယ်၊ အောက်ခြေကလဲ တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်” လို့ ဆိုပါတယ်။

ဒီကနေ့ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ TNLA တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

စစ်ကောင်စီဟာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တို့မှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8 နဲ့ Y-12 လေယာဉ်တွေ တောက်လျှောက် ပျံသန်းနေပြီး ဗုံးသီးတွေ အများအပြားနဲ့ ကြဲချတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေချချင်သလို ဖောဖောသီသီ ချနေတယ်၊ တရုတ်စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နဲ့အမျှကြီးနေဆဲ” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ ကူမင်းမြို့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ကာ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် (၉)ဦးအဖွဲ့ဟာ မနေ့က ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကူမင်းဆွေးနွေးပွဲမစခင် တစ်ရက်အလိုဖြစ်တဲ့ မနေ့ကလဲ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာနဲ့ချီပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 15 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 24 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေံက သိရပါတယ်။ “ ပြိန်းခမ်းရွာနားက ရွှေလုပ်ကွက်မှာ ရွှေတူးနေတဲ့ တရုတ်တွေကို
1027 Operations မြန်မာသတင်း

တလထဲ TNLA နယ်မြေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 29 Views
‌မတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ TNLA အုပ်ချုပ်တဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA အုပ်ချုပ်တဲ့ နယ်မြေတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က
1027 Operations မြန်မာသတင်း

KIA နဲ့ နယ်မြေအငြင်းပွားတဲ့ မန်တုံမှာ TNLA က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 1 ရက်
  • 36 Views
ဆက်ဆံရေးတင်းမာ‌တာတွေ မကြီးထွားစေဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ TNLA စစ်ဦးစီးချုပ်ပြော မတ်လ (၁)ရက်။ မနေ့က မန်တုံမြို့ကို TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်က သွားရောက်ခဲ့ပြီး လူထုတွေ့ဆုံပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် သီလရှင်တစ်ပါး ထိမှန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 1 ရက်
  • 25 Views
မတ်လ (၁)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က နောင်ချိုမြို့နယ်ရှိ ရွှေမုဋ္ဌောကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံ (၃)ကြိမ် ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ရွှေမုဋ္ဌောရွာကို စကစက
1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 49 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက