နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မရမ်းကုန်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်ထိန်းတပ်ဂိတ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

ဖေဖော်ဝါရီလ (၁၇)ရက်။

မနေ့က ည (၈)နာရီခန့်က မရမ်းကုန်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်ထိန်းတပ်ဂိတ်ပေါက်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ည(၈) (၁၉)မိနစ်လောက် မရမ်းကုန်း ဘုရင့်နောင်လမ်းနဲ့ ပါရမိလမ်းထောင့်က တပ်ထိန်းတပ်ရဲ့ ဂိတ်ပေါက်ကို လက်ပသ်ဗုံး(၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်ကိုတော့ စုံစမ်းနေတုန်း” လို့ ဆိုပါတယ်။

မရမ်းကုန်းမြို့ ဘုရင့်နောင်လမ်းနဲ့ ပါရမီလမ်းထောင့်ရှိ စစ်ကောင်စီရဲ့ တပ်ထိန်းတပ်ဂိတ်ပေါက်ဝကို လက်ပစ်ဗုံး (၂)လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့ကာ အထိအခိုက်ကိုတော့ စုံစမ်းနေဆဲလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Yangon UG People Army(YUPA)နဲ့ မဟာမိတ်ညီနောင်ဖြစ်တဲ့ မြောက်ဥက္ကလာ ပကဖ တပ်ခွဲ(၂)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

စစ်ဆင်ရေးထဲ ‌တော်လှန်ရေးရဲဘော်တွေအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ အသိပေးထားပါတယ်။

ဒါ့အပြင် YUPA အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 5 Views
အောက်တိုဘာလ (၂၃)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်အချိန်က ဘားအံမြို့ရှိ ဖားဘော်ရွာလေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 6 Views
အောက်တိုဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကာလ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ဆိုပြီး စစ်ကော်မရှင်ခန့်ဝန်ကြီးချုပ် ညိုစောက မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 7 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့
မြန်မာသတင်း

စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 45 Views
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့ အယူအဆက
မြန်မာသတင်း

လှိုင်သာယာရှိ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 31 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ည (၉)နာရီ (၄၈)မိနစ်အချိန်က လှိုင်သာယာမြို့အနောက်ပိုင်း စစ်တပ်ရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှိုင်သာယာအနောက်ပိုင်း အနော်ရထာလမ်းမပေါ်က စကစရဲ့
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက် ရွာသစ်ရွာရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 30 Views
တိုက်ပွဲထဲ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီးအပါ (၁၅)ဦးသေဆုံးခဲ့ အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ရွာရှိ စစ်တပ်ရဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွာသစ်ရွာမှာ
မြန်မာသတင်း

မိုးကုတ်မြို့ရှိ ဖူဆယ်ကွင်း လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 26 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က မိုးကုတ်မြို့ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်က ဖူဆယ်ကွင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က
မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 52 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ သိရသေးတာက ကချင်၊ ပဲခူးနဲ့ ဧရာဝတီတို့က စကမခန့် ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီကနေ