နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်လေဆိပ်ကို ပစ်ခတ်မယ့် ရှော့တိုက်ဒုံးတလုံး သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီပြော

ဖေဖော်ဝါရီလ (၁၇)ရက်။

ဒီကနေ့ နံနက်ပိုင်း (၈)နာရီခွဲအချိန်က နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်တောင်းမြစ်ကမ်းဘေးမှာ ရှော့တိုက်ဒုံးတလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ လယ်ဝေး အုတ်ဖိုရှောင်းရွာအနီး စစ်တောင်းမြစ်ကမ်းဘေးမှာ ရှော့တိုက်ဒုံးတလုံးကို တွေ့တာလို့ပြောတယ်။ အဲ့ရှော့တိုက်ဒုံးက နေပြည်တော် ဧလာလေဆိပ်ကို ပစ်ဖို့ ပြင်ထားတာ” လို့ ဆိုပါတယ်။

အဲ့ဒီရှော့တိုက်ဒုံးကို ရေကာအုပ်စု ဗွက်ကြီးကျေးရွာနေ အမျိုးသားတစ်ဦးက လှည်းမောင်းချိန် တွေ့ရှိခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီရှော့တိုက်ဒုံးရှိတဲ့နေရာကို စစ်ကောင်စီရဲ့ နေပြည်တော် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုးနဲ့အဖွဲ့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး မနေ့က နံနက် (၇)နာရီကျော်အချိန်ကလဲ လယ်ဝေးမြို့နယ် ရေကာအုပ်စု ဗွက်ကြီးရိုးတဲစုအနီးက ပဲစိုက်ခင်းထဲ ရှော့တိုက်ဒုံးတလုံး ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီရှော့တိုက်ဒုံးဟာ နေပြည်တော် ဧလာလေဆိပ်ကို ဦးတည်ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီချန်နယ်တွေက ပြောဆိုထားကာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်လာတာမရှိသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘုံရန်သူကိုချေမှုန်းဖို့ အောင်ပွဲရတဲ့အထိ အတူတိုက်ပွဲဆင်နွှဲဖို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ဘုံရန်သူကိုချေမှုန်းဖို့ အောင်ပွဲရတဲ့အထိ အတူတကွ တိုက်ပွဲဆင်နွှဲကြဖို့ ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇိန်ကျုံးရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မှာ တိုက်တွန်းခဲ့တယ်လို့
မြန်မာသတင်း

မန္တလေးမှာ MDY-PDF အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ မန္တလေးမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကို သတ်ဖြတ်ခဲ့တဲ့ MDY-PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းမှ ရွေးကောက်ပွဲကျင်းပနိုင်မှာလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းမှသာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ NCA ပါ သဘောတူညီချက်တွေအတိုင်း
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ မနေ့က ည (၈)နာရီ (၁၃)မိနစ်အချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို
မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီရဲတပ်သားတစ်ဦး ကားမောင်းနေချိန် သေနတ်ကျည်ထွက်ပြီး သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲကျော်အချိန်က မန္တလေး အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲတပ်သားတစ်ဦး သေနတ်ကျည်ထွက်ပြီး သေဆုံးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ ကန်ပတ်လမ်းအတိုင်း ကားမောင်းလာရင်း (၁၁၄)လမ်း၊ (၇၃)နဲ့(၇၄)လမ်းကြားအရောက်မှာ ကိုင်ထားတဲ့ သေနတ်ကနေ ကျည်ထွက်ပြီး
1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲ ညှိနှိုင်းလို့မရဘဲ ပြီးဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 12 Views
ဖေဖေယ်ဝါရီလ (၁၉)ရက်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲဟာ နှစ်ဖက် ညှိနှိုင်းလို့မရဘဲ ပြီးဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၆)ရက်နဲ့ (၁၇)ရက်နေ့တို့က ကူမင်းမြို့ရှိ ဟိုင်ဂင်‌ဟိုတယ်မှာ
မြန်မာသတင်း

တောင်သာမြို့ရှိ ပျူ‌စောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်က တောင်သာမြို့ရှိ ထနောင်းကုန်းပျူစောထီးရွာကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထနောင်းကုန်းပျူရွာကို စီးနင်းတိုက်ခိုက်ခဲ့တာ တိုက်ပွဲက (၁)နာရီခွဲလောက် ကြာမြင့်ခဲ့ပါတယ်။ စကစဘက်က လေကြောင်းကနေ
မြန်မာသတင်း

PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ) MOD ကနေ နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ (၂)နှစ်ခွဲကျော်ကြာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ)က နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါတပ်ရင်းဟာ ဇန်နဝါရီလ (၁၉)ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနကို ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်း