နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ထဲမဝင်ရင် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာ

ဖေဖော်ဝါရီလ (၁၇)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီအချိန်က ပဲခူးရိုးမထဲရှိ စစ်ကောင်စီရဲ့ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်က တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ထံက သိရပါတယ်။

“ အခုအလင်းဝင်လာတဲ့သူက ရခိုင် ပုဏ္ဏားကျွန်းကနေ ရန်ကုန်ကို ကားစီးလာရင်း စကစစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာ။ အဲ့မှာ စစ်တပ်ထဲမဝင်ရင် ထောင်ချမယ်ဆိုပြီး စစ်မှုထမ်းသင်တန်းထဲ ပို့ခံရတာ” လို့ ဆိုပါတယ်။

အလင်းဝင်လာသူ စစ်ကောင်စီတပ်သားဟာ အောင်တင်မြင့်ဖြစ်ပြီး ကိုယ်ပိုင်အမှတ်(၁၂၆၃၄၄)ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူဟာ ၂၀၂၄ခုနှစ် အောက်တိုဘာလထဲ ရခိုင် ပုဏ္ဏားကျွန်းမြို့ကနေ ရန်ကုန်ကို ကားစီးလာချိန် အုတ်ဖိုတာဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ဖမ်းဆီးတာခံခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒီလိုဖမ်းဆီးခံရပြီးနောက် စစ်တပ်ထဲဝင်ဖို့နဲ့ စစ်တပ်ထဲမဝင်ရင် ထောင် (၅)နှစ်ချမယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် စစ်မှုထမ်းအပတ်စဉ် (၆) တပ်သားအနေနဲ့ ဝင်ရောက်ခဲ့ရတာလို့ အောင်တင်မြင့်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ ဝရမ်းပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလင်းဝင်ကြဖို့နဲ့ လက်နက်နဲ့အတူ အလင်းဝင်ရင် ထိုက်တန်စွာ ချီးမြှင့်သွားမယ်လို့ အသိပေးထယးချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းတပ်ဖွဲ့တွေပူးပေါင်းပြီး Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 2 Views
မေလ (၁၂)ရက်။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေပေါင်းစည်းကာ Standard Army အနေနဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ဖို့ သဘောတူခဲ့တယ်လို့ ချင်းညီနောင်(CB)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဒီပဲယင်းရှိ စာသင်ကျောင်း ဗုံးကြဲခံရပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 10 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဒီပဲယင်းမြို့အနောက်ဘက်ခြမ်း အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့
မြန်မာသတင်း

ရွှေကျင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 14 Views
စစ်ကောင်စီဘက်က တပ်ရင်မှူးအပါအဝင် အရာရှိတွေနဲ့ တပ်သား (၅၀)ခန့် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြ မေလ (၁၂)ရက်။ မေလ (၈)ရက်နေ့က ရွှေကျင်မြို့ ညောက်ခြေထောက်ရွာရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 10 Views
မေလ (၁၂)ရက်။ မြန်မာစစ်တပ်က နိုင်ငံတကာစစ်တပ်တွေနဲ့အတူ အဆင့်မီတဲ့စစ်တပ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရုရှားကနေပြန်လာချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာ့တပ်မတော်ဟာ နံပါတ်တစ် နိုင်ငံတကာတပ်မတော်တွေနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်တယ်။ နိုင်ငံတကာတပ်မတော်တွေနဲ့အတူ အဆင့်မီ
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 29 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
မြန်မာသတင်း

သပိတ်ကျင်းမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 22 Views
မေလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီ (၁၀)မိနစ်အချိန်က သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁)နာရီ (၁၀)မိနစ်လောက်မှာ သပိတ်ကျင်း ဇရပ်ကွင်းရွာက ကောင်းကင်မေမေ ကားဝပ်ရှော့ကို
မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်ကူညီမယ်လို့ တရုတ်သမ္မတပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 39 Views
မေလ (၁၀)ရက်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က မော်စကိုမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့
မြန်မာသတင်း

သယံဇာတတွေကို တစုတဖွဲ့က စီမံခန့်ခွဲတာမျို လက်မခံဘူးလို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 43 Views
မေလ (၁၀)ရက်။ သယံဇာတကို တစ်ဦးတစ်ယောက်/တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာ လုံးဝလက်မခံဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ သယံဇာတအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုအချိန်ဟာ တော်လှန်ရေးကာလအလွန် အကောင်အထည်ဖော်မယ့် ဖက်ဒရယ်သယံဇာတမူဝါဒလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့ ပြည်သူဗဟိုပြု