နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ”

အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီအဖွဲ့ဝင် ပေါ်လစီ ဒါရိုက်တာနေနာဂုပါ (Nayna Gupa) က အာဘရီဂို ဂါဆီယာ (Abrego Garcia) ကို အယ်ဆာဗေဒိုးနိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့်ထောင်သို့ တရားမဝင် ပို့ဆောင်မှုအပေါ် ဒီမိုကရေစီ (Democracy Today) သတင်းဌာနမှာ “ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ” ဟု ပြောကြားခဲ့ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရရင် ဒေါ်နယ်ထရန့်နဲ့ သူ့ရဲ့အစိုးရဟာ အာဘရီဂို ဂါဆီယာကို အိမ်သို့ ပြန်လည်ခေါ်ယူလာနိုင်ပါတယ်။ အဲဒါက သူတို့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိပါ တယ်။ ICE ဟာ အရင်ကလည်း လူထောင်ပေါင်းများစွာကို မတရားသဖြင့် ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ အေဂျင်စီက လူတွေကို ပြန်ခေါ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။

အေဂျင်စီက သူတို့ မှားယွင်းစွာ ပြည်နှင်ဒဏ်ပေးမှုကို ဝန်ခံခဲ့တဲ့အမှုတွေမှာ အေဂျင်စီက လူတွေကို ချက်ချင်း အိမ်ပြန်ပို့တဲ့အမှုကိစ္စတွေမှာ ကျမက ဆောင်ရွက်ခဲ့ပါတယ်၊ သမ္မတက ဒါကို မလုပ်နိုင်ဘူးဆိုတာဟာ လိမ်ညာမှု ဖြစ်ပါတယ်။ အခုဆိုရင် သမ္မတနဲ့ သူ့အစိုးရဟာ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအာဏာဟာ အကန့်အသတ်မရှိဘူး ဆိုတာတော့ မဟုတ်ပါဘူး။

အာဘရီဂို ဂါဆီယာကို သူ့ရဲ့ဇာတိနိုင်ငံ အယ်ဆာဗေဒိုးကို ပြန်လည်ပို့ဆောင်ဖို့ ဟန့်တားတဲ့ လူဝင်မှုကြီးကြပ်ရေးတရားရုံးရဲ့အမိန့်ကို အခုထရန့်အစိုးရဟာ ချိုးဖောက်ခဲ့ပါတယ်။ မစ္စတာ အာဘရီဂို ဂါဆီယာပြန်လာရေးကို လွယ်ကူချောမွေ့စေဖို့ ချမှတ်ထားတဲ့ တရားရုံးချုပ်နဲ့ ဗဟိုတရားရုံးရဲ့အမိန့်ကို သူတို့က ချိုးဖောက်နေပါတယ်။

ဒါဟာ ထရန့်အစိုးရက တရားဥပဒေစိုးမိုးရေးကို ချိုးဖေါက်ပြီး သတ်မှတ်ထားတဲ့လုပ်ငန်းစဥ်ကို လုပ်ဆောင်ဖို့ကို ချိုးဖောက်ပြီး သူ့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မှတ်တမ်းရှိတဲ့ သမ္မတ ဘတ်ကီလီ (Bukele) ကို နွေးထွေးစွာ ပေါင်းဖက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားက ဒီနေရာမှာ အသုံးပြုနေတဲ့နည်းဗျူဟာ အန္တရာယ်ရှိပြီး ရက်စက်ကြမ်းကြုတ်လှပါတယ်။

အခုအချိန်မှာ အမေရိကန်နိုင်ငံသားတွေအတွက် အန္တရာယ်မရှိသေးပါဘူး ဒါပေမဲ့ ထရန့် အစိုးရက တရားရုံးကအမိန့် ကို ထပ်ခါထပ်ခါ ချိုးဖေါက် ရှောင်တိမ်းနေနိုင်ပြီး အာဘရီဂို ဂါဆီယာကို ပြန်ခေါ်ပေးဖို့ ငြင်းဆန်နေတာက အလုပ်ဖြစ်သွားခဲ့ရင် သမတထရန့်ကို ပိုမိုရဲတင်းစွာ လုပ်ဆောင်လာစေမှာ ဖြစ်ပါတယ်။

မနေ့က ကျွန်မတို့မြင်ခဲ့ရတာက နိုင်ငံရေးပြဇာတ်တစ်ခုဖြစ်ပြီး ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 27 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “