နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဂျင်တီးနားရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာက မှားယွင်းတဲ့စွပ်စွဲချက်လို့ NUG ထုတ်ပြန်

ဖေဖော်ဝါရီလ (၁၈)ရက်။

အာဂျင်တီးနားနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတာဟာ မှားယွင်းတဲ့ စွပ်စွဲချက်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရိုဟင်ဂျာတွေအပေါ်  နည်းလမ်းမျိုးစုံအသုံးပြုပြီး အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေသာဖြစ်ကာ တရားမျှတမှု ပြန်လည်ရရှိ စေဖို့ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းတာတွေကို ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်က တရားဝင်ကျင့်သုံးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်သာဖြစ်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု၊ ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမယ့်သူတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို UK အခြေစိုက် Burmese Rohingya Organisation UK (BROUK)က အာဂျင်တီးနားတရားရုံးကနေတဆင့် တရားစွဲဆိုတာနဲ့ ဖမ်းဝရမ်းထုတ်တာကို ကြိုဆိုတယ်လို့ NUG က ပြောဆိုထားပါတယ်။

ဒါပေမယ့် သမ္မတဟောင်း ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေလို တရားခံစာရင်းထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာဟာ မှားယွင်းတဲ့ စွပ်စွဲချက်ဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မယ့် အဖြေရရှိစေဖို့ “ ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းတာအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် NUG အနေနဲ့ “ ရိုဟင်ဂျာမူဝါဒ” တရပ် ပြဌာန်းပြီး ရိုဟင်ဂျာပြည်သူတွေ တရားမျှတမှုရရှိဖို့နဲ့ ပတ်သက်ကာ တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့လဲ အသိပေးထားပါတယ်။

အခုလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ထည့်သွင်းတရားစွဲဆိုတာဟာ ရိုဟင်ဂျာပြည်သူလူထုနဲ့ အခြားပြည်သူလူထုတွေအကြား နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်လာနိုင်သလို ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို များစွာ အနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာက မြန်မာနိုင်ငံသားတွေ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေဖို့အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး စစ်အာဏာရှင်တွေကိုသာ အကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 7 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ထွေ/အုပ်ရုံးအပါအဝင် ထောက်တိုင် ရုံးဌာနတွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့
မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 10 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၀)ရက်နေ့က ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဒီပဲယင်းနယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 11 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်က ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ စစ်ဘေးရှောင်တွေ‌ရှိတဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ည (၇)နာရီခွဲလောက် မူးကမ်းကြီးရွာမှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို
မြန်မာသတင်း

မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို တော်လှန်ရေးတပ်တွေ အပြည့်အဝသိမ်းပိုက်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 8 Views
ဇန်နဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ တော်လှန်ရေးတပ်တွေ မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးအစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း (၄၁)မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့
မြန်မာသတင်း

မင်းကင်းမြို့နယ်မှာ ပကဖနဲ့ ပလဖ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 9 Views
ဇန်နဝါရီလ (၂) ရက်။ ဖြစ်စဥ်မှာ ဇန်နဝါရီလ (၁) ရက်နေ့ မနေ့ညက မင်းကင်းမြို့နယ် ရွာဘရွာက ကျေးရွာပအဖ ဦးချစ်ဌေးဆိုသူက အရက်မူးပြီး လက်တဖက်က လက်ပစ်ဗုံးကိုင် လက်တဖက်က ပစ္စတို ကိုင်ပြီး ဘုန်းကြီးကျောင်းထဲဝင်ပြီး ရမ်းကားနေလို့
မြန်မာသတင်း

ပဲခူးမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 29 Views
ဇန်နဝါရီလ (၁)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က ပဲခူးမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲခူးမှာ စစ်တပ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြနေတဲ့အချိန် စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 28 Views
ဇန်နဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်းမှာ ဒီဇင်ဘာလထဲကို စစ်တပ်က ဂျက်ဖိုက်တာတွေ၊
မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 27 Views
ဇန်နဝါရီလ (၁)ရက်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ မိမိတို့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့