နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်

မတ်လ (၁၈) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို အစ္စရေးစစ်တပ်က ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာ ကလေးငယ်များ အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့တာကို ရိုက်တာ အပါအဝင် မီဒီယာအချို့က ဖော်ပြကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “အစ္စရေးက ဟားမတ်စ်ကို ဒီထက်ပြင်းထန်တဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမှာပါ” လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ အစ္စရေး-ဟားမတ်စ်အကြား အပစ်အခတ် ရပ်စဲရေးဟာ ပျက်ပြားသွားဖွယ် ရှိပါတယ်။

အခုနှစ် ဇန်နဝါရီလကတည်းက အပစ်အခတ် ရပ်စဲထားတဲ့ ပါလက်စတိုင်းရှိ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ဟားမတ်စ်အခြေစိုက်စခန်းများကို အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း ဒေသစံတော်ချိန် ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် ကြေညာခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့ရတဲ့ အကြောင်းရင်းကို “အပစ်အခတ်ရပ်စဲရေးကို အချိန်အတိုင်းအတာတစ်ခုအထိ သက်တမ်းတိုးပြီး ဓားစာခံတွေ လွှတ်ပေးဖို့ အမေရိကန်ရဲ့အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့တဲ့အတွက် ဖြစ်တယ်” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး အစ္စရေးက ပိုမိုပြင်းထန်တဲ့ စစ်အင်အားနဲ့ ဟားမတ်စ်ကို တိုက်ခိုက်သွားမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်တစ်လျှောက်မှာ ကလေးငယ်များအပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာနဲ့ အရှေ့အလယ်ပိုင်း ဂြိုလ်တုရုပ်မြင်သံကြားဌာန Al Jazeera တို့က ဖော်ပြကြပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့ ခက်ခဲနေတဲ့အချိန်မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဒရုန်းတွေ အသုံးပြုပြီး ကြို့ကြားကြိုကြား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အသေအပျောက်တွေရှိခဲ့ပေမဲ့ အခုနောက်ဆုံးလေကြောင်းတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စွန့်လွှတ်ပြီး ဓားစာခံတွေကို အန္တရာယ်ဖြစ်စေတယ်” လို့ ဟားမတ်စ်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ 18 ရက် (ဒေသစံတော်ချိန်) တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

NHK ဂါဇာရုံးက ကင်မရာမင်း Salam Abtahon က ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်ရှိ နက်ဆာ (Nasser) ဆေးရုံမှာ ဒေသစံတော်ချိန် နံနက် ၂း၃၀ နာရီခန့်က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူများကို တယောက်ပြီးတယောက် ခေါ်ဆောင်လာတာကို တွေ့ရပါတယ်။

အစ္စရေး ကုလသမဂ္ဂ သံတမန် – “ ကျွန်တော်တို့ ရန်သူတွေကို မသနားဘူး”

အစ္စရေးလေတပ်က ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူတွေကို သနားညှာတာမှု မပြဘဲ အစ္စရေးလေတပ်က ဓားစာခံအားလုံးကို မလွှတ်ပေးမချင်း တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေးရဲ့ ကုလသမဂ္ဂသံအမတ်ကြီးက ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ပြောရေးဆိုခွင့်ရှိသူက “ဂါဇာကမ်းမြှောင်ကို တိုက်ခိုက်ဖို့ အစ္စရေးက ကျွန်မတို့နဲ့ ဆွေးနွေးခဲ့တယ်”

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အခြေစိုက်စခန်းတွေကို အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက်နေ့က Fox News အစီအစဉ်မှာ ပြောဆိုခဲ့ပြီး “ ထရန့်အစိုးရနဲ့ အိမ်ဖြူတော်တို့က ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးတို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကိုးကား။ ရိုက်တာ, NHK, Al Jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 63 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ