နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

မတ်လ (၁၈)ရက်။

မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ပံလှရွာ လေကြောင်းထပ်မံတိုက်ခိုက်ခံရတဲ့ထဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး (၅)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၄)ရက်နေ့ကလဲ စစ်ကောင်စီက လက်ပံလှရွာရှိ ‌ဈေးတန်းကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ (၃၁)ဦးအထိ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့ပြင် စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတာဟာ ကာလအတန်ကြာပြီဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာကို မကြာခဏ ပြုလုပ်နေတယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။

လက်ပံလှရွာဈေးတန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ပြစ်တင်ရှုံ့ချထားပြီး နိုင်ငံတကာ တရားစီရင်တဲ့ယန္တရားတွေကနေ အမြန်ဆုံး အရေးယူဖို့ ထုတ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 0 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့
မြန်မာသတင်း

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာကို စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 13 Views
ဇွန်လ (၄) ရက်။ မနေ့က ဇွန်လ (၃) ရက်နေ့ ညနေ ၆နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဆားလင်း စစ်ကောင်စီ
မြန်မာသတင်း

ကြို့ပင်ကောက်မှာ ရွာထဲ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
‌ဇွန်လ (၄)ရက်။ ကြို့ပင်ကောက်မြို့ရှိ ပိတောက်မြိုင်ရွာကို စစ်မှုထမ်းဖို့ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yoma GBK PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြို့ပင်ကောက်အရှေ့ ပိတောက်မြိုင်ရွာကို
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 4 Views
ဇွန်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသထဲ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက် (၉)နာရီကျော်အချိန်မှာ
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 14 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ KNLA အနေနဲ့ ပြည်သူတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေ၊
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေထဲ နောင်ချိုမြို့မှာ လေကြောင်းနဲ့
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 14 Views
ဇွန်လ (၄)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က
မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၂၅)ရက်နေ့ကနေ ဇွန်လ (၁)ရက်နေ့အထိ ဓါတ်ခွဲနမူနာစုစုပေါင်း (၁၇၇၈)ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် (၁၇)ဦးကို