နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

ဧပြီလ (၁၇) ရက်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က တွေ့ဆုံခဲ့သည်။

အန်ဝါနဲ့ စစ်ခေါင်းဆောင်တို့တို့သည် မြန်မာနိုင်ငံ မြေငလျင် ဘေးအန္တရာယ် မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံမှ အတူတကွ ပူးပေါင်းဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြသည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာရုပ်သံက သတင်းဖော်ပြခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်ခန့်က မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံအဖွဲ့ကြီးမှ စစ်ခေါင်းဆောင်ကို ဖယ်ထုတ်ထားသောကြောင့် အာဆီယံသဘာပတိနိုင်ငံခေါင်းဆောင်နှင့် တွေ့ဆုံမှုသည် အထူးအဆန်း ဖြစ်သည်ဟု ဂျပန်မီဒီယာများတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးသည့်တိုင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အန်ဝါသည် အပစ်အခတ်ရပ်စဲရန် စစ်ခေါင်းစောင်းအား တိုက်တွန်းခဲ့သည်ဟု ယူဆရသော်လည်း စစ်ခေါင်းဆောင်က ယင်းအချက်ကို လိုက်နာမည်လားဆိုသည်ကတော့ မသေချာဟု ဂျပန်မီဒီယာများက ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 8 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 11 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 65 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “