နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ) MOD ကနေ နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်

ဖေဖော်ဝါရီလ (၁၉)ရက်။

(၂)နှစ်ခွဲကျော်ကြာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ)က နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဂန့်ဂေါတပ်ရင်းဟာ ဇန်နဝါရီလ (၁၉)ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနကို ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်း ပြန်လည်အပ်နှံခဲ့ပေမယ့် ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဂန့်ဂေါတပ်ရင်းက တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးအပါအဝင် တပ်ထောက်၊ ဘဏ္ဍာရေးတာဝန်ခံ၊ တပ်ရင်း(၁၊၂၊၃၊၄)က တပ်ခွဲမှူး/တပ်စုမှူး/ဒုတပ်စုမှူး/တပ်စိတ်မှူး/ဒုတပ်စိတ်မှူးနဲ့ ရဲဘော်တွေက နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး PDF ဂန့်ဂေါတပ်ရင်းအနေနဲ့ ယောတပ်တော်(YA)မှာ ဆက်လက် တာဝန်ထမ်းဆောင်ကြမှာဖြစ်ပြီး‌ ယောဒေသနဲ့ တနိုင်ငံလုံး လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

PDF ဂန့်ဂေါတပ်ရင်း(ယောဒေသ)ကို ၂၀၂၁ခုနှစ် ဇူလိုင်လကစပြီး ဂန့်ဂေါမြို့နယ် အခြေစိုက်တပ်ရင်းအနေနဲ့ ဖွဲ့စည်းခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ရဲဘော်တစ်ဦး ကျဆုံးပြီး တဦး ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် ၂၀၂၂ခုနှစ် ဧပြီလမှာ NUG အစီအစဉ်နဲ့ တပ်ရင်းတွေဖွဲ့စည်းတဲ့ PDF အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း(၇၀၁)အနေနဲ့ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၂၂ခုနှစ် နိုဝင်ဘာလမှာတော့ MOD ရဲ့ စစ်တိုင်းအစီအစဉ်ကနေ စစ်ဒေသအစီအစဉ်ကို ပြောင်းလဲပြင်ဆင်တာကြောင့် အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်းကို ထပ်မံပြောင်းလဲခဲ့ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တပ်ရင်းအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ ဂန့်ဂေါခရိုင်တပ်ရင်းက ရဲဘော် (၂)ဦး ကျဆုံးကာ ရဲဘော်(၈)ဦး နားနဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို MOD ကနေ နှုတ်ထွက်ရတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိဘဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး MOD အောက်ကနေ နှုတ်ထွက်တဲ့ တော်လှန်ရေးတပ်ဖွဲ့အရေအတွက် ပိုများလာတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 19 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 22 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 23 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 28 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 292 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 30 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 30 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်