နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

အစ္စရေး

အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် အမိန့်မထုတ်ပြန်သေးဟုဆို

ဇွန်လ ၁၉ ရက်။

အမေရိကန် သမ္မတထရမ့်က အီရန်ကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း အီရန်က နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏ အကြီးတန်းလက်ထောက်အား ပြောကြားခဲ့သည်ဟု The Wall Street Journal က အဆိုပါကိစ္စနှင့်နီးစပ်သူ သုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ ဇွန် ၁၈ ရက်တွင် ဖော်ပြလိုက်သည်။

အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်မည်ဟု ခြိမ်းခြောက်ခြင်းမှတစ်ဆင့် နျူကလီးယားစီမံကိန်း စွန့်လွှတ်ရန် အီရန်ကို ထရမ့်က ဖိအားပေးလိုကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။ ထရမ့်သည် ဇွန် ၁၇ ရက် ညနေပိုင်းက အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီး အစ္စရေးနှင့် အီရန် ဆက်တိုက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

အီရန်အပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်ခြင်း အပါအဝင် ရွေးချယ်စရာများစွာကို ထရမ့်က စဉ်းစားနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ “ကာကွယ်ရေးအနေအထား” ကို အားဖြည့်ရန်အတွက် ယင်းဒေသတွင် ပိုမိုများပြားသော စစ်ရေးအင်အား ဖြန့်ထားလျက်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 42 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 45 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 50 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 64 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ
နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ ကြောက်မက်ဖွယ် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း CNN သို့ ပြောကြားခဲ့ပြီး၊ အမျိုးသမီးတစ်ဦးကမူ ဆေးရုံတစ်ခုအတွင်း၌