နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ထရန့်သည် အီရန်တွင် အမေရိကန်၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန် နီးကပ်လာချိန်တွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်မှုကို ရှောင်ရှားရန် အာရုံစိုက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ဇွန်လ (၁၉) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများတွင် ပါဝင်ခြင်း ပြုသင့်မသင့်ကို ချိန်ဆနေပြီး နက်ရှိုင်းစွာ တည်ဆောက်ထားသည့် မြေအောက်နျူကလီးယား သန့်စင် အဆောက်အအုံများကို ပစ်ရန် ဘန်ကာဗုံးများ အသုံးပြုခြင်းအပါအဝင် စစ်ပွဲတွင် အပြည့်အဝ ပါဝင်ပတ်သက်ခြင်းမရှိဘဲ အဆိုပါပစ်မှတ်များကိုသာ အမေရိကန်က မည်သို့ တိုက်ခိုက်နိုင်သည်နှင့်ပတ်သက်၍ ၎င်း၏ထိပ်တန်းအရာရှိများကြားတွင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထရန့်အတွက်၊ ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်ခဲ့သော ပဋိပက္ခကို ရှည်ကြာအောင် ရှောင်ရှားရန် ကြိုးပမ်းခြင်းသည် မရှိမဖြစ် ထိပ်တန်း လိုအပ်ချက် ဖြစ်လာခဲ့သည်။

အမေရိကန်ကသာ အီရန်၏ နျူကလီးယား ရည်မှန်းချက်များကို ပြတ်ပြတ်သားသား အဆုံးသတ် လုပ်ဆောင်နိုင်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် အများက မြင်ထားကြသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ပြောဆိုမှုများ ရှိနေခဲ့သော်လည်း ထရန့်က ရှောင်လွှဲရန် ကတိပြုထားသည့် နိုင်ငံခြား ပဋိပက္ခစစ်ပွဲအတွင်း အမေရိကန် ပါဝင်နစ်မွန်းသွားမည်ကို နက်ရှိုင်းစွာ သတိထားနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အမေရိကန်၏ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို အသုံးပြုခြင်းနှင့် ပတ်သက်၍ ပါဝင်ရန် ဆုံးဖြတ်ချက် မချမီ ပထမပတ် အတွင်း အစ္စရေးတို့က အီရန်၏ နျူကလီးယား အစီအစဉ်ကို တိုက်ခိုက်နေခြင်းသည် မည်မျှ အောင်မြင်ခဲ့သည်ကို အမေရိကန်နှင့် မဟာမိတ်အချို့က စောင့်ဆိုင်းပြီး ကြည့်ရှုရန် စီစဉ်နေကြောင်း ဥရောပသံတမန်နှစ်ဦးက ပြောကြားခဲ့သည်။

ထိုနောက်ဆုံးသတ်မှတ်ရက် မတိုင်မီတစ်ရက်အလိုတွင် မည်သို့ ဆက်လက် ဆောင်ရွက်ရမည်ကို နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်းနှင့် ဗုဒ္ဓဟူးနေ့တွင် အမေရိကန် မဟာမိတ်များနှင့် စကားပြောဆိုရာတွင် ထရန့်ကပြောဆိုခဲ့သည်။

အစိုးရအရာရှိများသည် မည်သည့်အရာကို ဦးတည်လုပ်ဆောင်ရမည်ကို အတိအကျ မသိရကြောင်း သံတမန်များက ပြောကြားခဲ့သည်။ ထရန့်သည် အီရန်အတွက် တိုက်ခိုက်ရေး အစီအစဉ်များကို ပြန်လည် သုံးသပ်ခဲ့သော်လည်း တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်မှ နောက်ပြန်ဆုတ် သွားခြင်းရှိမရှိကို စောင့်ကြည့်နေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

“ မပြီးခင် တစ်စက္ကန့်အလိုမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချရတာကို ကြိုက်ပါတယ်” ဟု ထရန့်က ဘဲဥပုံရုံးခန်းတွင်းတွင် ပြောကြားခဲ့သည်။ “ အထူးသဖြင့် စစ်ပွဲတွင်၊ အရာများသည် စစ်ပွဲနှင့်အတူ ပြောင်းလဲသွားသည်။ ၎င်းသည် အစွန်းတစ်ဖက်မှ အခြားအစွန်းတဖက်သို့ ရောက်သွားနိုင်သည်” ဟု သူက ဆိုသည်။

“ သမ္မတက သူ့ရွေးချယ်ခွင့်တွေကို တွေးတောနေချိန်မှာတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံခြားစစ်ပွဲမှာ အမေရိကန်ရဲ့ အလုံးစုံ ဝင်ရောက်စွက်ဖက်မှုကို ဆိုလိုတယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့တယ်” ဟု ဤကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောခဲ့သည်။

ထို့ပြင် ထရန့်နှင့် အနီးကပ်ရှိသူများကတော့ “ နေရာတခုကို တိကျပြတ်သားနဲ့ တိုက်ခိုက်တာဟာ ပဋိပက္ခကို ရှည်သွားစေနိုင်တဲ့ ကျယ်ပြန့်တဲ့ လုပ်ဆောင်ချက်နဲ့ မတူကွဲပြားတယ်” ဟု ငြင်းခုံကြကြောင်း သူက ပြောခဲ့သည်။

“ အမေရိကန်သည် ဖောဒိုး (Fordow) ပေါ် တွင် ဘန်ကာဖျက်ဗုံး (MOAB) အနည်းငယ်ကို ချပစ်နိုင်ပြီး နောက်ဆုံး နျူကလီးယားပိုင်ဆိုင်မှုကို ဖျက်ဆီးပြီးနောက် ထွက်ခွာသွားလိမ့်မည်” ဟု ၎င်း၏ပထမသက်တမ်းအတွင်း အစ္စရေးနိုင်ငံဆိုင်ရာ ထရန့်၏သံအမတ်ကြီး ဒေးဗစ် ဖရက်ဒ်မန် (David Friedman) က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ MOAB သည် “ဗုံးအားလုံး၏မိခင်” ဟု ခေါ်ဝေါ်သော ကြီးမားသော လေကြောင်းဗုံးကို ရည်ညွှန်းသည်။

“အပေါ် လေကြောင်းလမ်းတွေက ရှင်းနေပြီ” ဟု ဖရီးဒ်မန်းက ဆက်ပြောသည်။ “ အဲဒါကြောင့် ဘာကြောင့် နောက်တွန့်နေရမှာလဲ?” ဟု သူက ဆိုသည်။

ထရန့်သည် ၎င်း၏ရွေးချယ်ခွင့်များကို အရှင်ထားပြီး ဆက်လက်လုပ်ဆောင်နေချိန်တွင် အစိုးရအဖွဲ့သည် မဟာမိတ်များထံမှ ထိုးစစ်ဆင်နေခြင်းတွင် အမေရိကန်အနေနှင့် ပါဝင်ပတ်သက်မှု မပြုရန် ဆန့်ကျင်တိုက်တွန်းနေခဲ့ကြသည်။

အကြောင်းရင်းများစွာတွင် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ရန် ကြိုးပမ်းနိုင်ခြေရှိပြီး၊ ကမ္ဘာ့ရေနံစီးဆင်းမှုကို နှောက်ယှက်တားဆီးနိုင်ခြေနှင့် အမေရိကန်၏ တိုက်ခိုက်မှု အပြီးတွင် အီရန်သည် နျူကလီးယား လက်နက်ထုတ်လုပ်ရန် ဆုံးဖြတ်ရွေးချယ်လာဖွယ် ရှိကြောင်း ဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်တပ်များ အစ္စရေးနှင့် ပူးပေါင်းတိုက်ခိုက်ပါက လက်တုံ့ပြန်မည်ဟု အီရန်က ကတိပြုထားသည်။

“တကယ်လို့ အမေရိကန်တွေက စစ်ရေးအရ ပူးပေါင်းဖို့ ဆုံးဖြတ်ရင် အရေးယူဖို့ လိုအပ်တဲ့ပစ်မှတ်တွေရှိတဲ့ နေရာတိုင်းကို လက်တုံ့ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး” ဟု အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မာဂျစ် တပ်ခ် ရာဗန်ချီ (Majid Takht-Ravanchi) က CNN ၏ ခရစ်တင်း အာမန်ပို (Christiane Amanpour) နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒါက ရှင်းရှင်းလင်းလင်းနဲ့ ရိုးရိုးရှင်းရှင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ လုပ်နေလို့ပါပဲ။”

မကြာသေးမီရက်သတ္တပတ်များအတွင်း ထရန့်၏မဟာမိတ်များ သီးသန့်ဆွေးနွေးခဲ့သည့် လုပ်ဆောင်မှုပုံစံတစ်ခုမှာ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး MQ-9 Reaper ဒရုန်းကို အသုံးပြု၍ အီရန်ထိပ်တန်းတပ်မှူး ကွာဆန်ဆိုလေမာနီ (Qasem Soleimani) ကို လုပ်ကြံရန် ၎င်း၏ ၂၀၂၀ ဆုံးဖြတ်ချက် ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် အီရန်ထံမှ လက်တုံ့ပြန်မှုကို ပြင်းထန်စွာ ဖြစ်ပေါ်စေသည့် ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် ဆက်လက် ဖြစ်ပွားနေသော်လည်း အလုံးစုံစစ်ပွဲ အထိမဖြစ်ပွားခဲ့ပေ။

အမေရိကန်၏ တိုက်ခိုက်မှုသည် ထိန်းမနိုင်သိမ်းမရ စစ်ပွဲအရှိန် တိုးမြင့်လာမည်ဟု ရင်းနှီးသော သတင်းရင်းမြစ်များက ပြောဆိုမှုများနှင့် ပတ်သက်၍ ဆိုလေမန်နီအား အမေရိကန်က တိုက်ခိုက်သတ်ဖြတ်မှုတွင် အီရန်မှ တန်ပြန်ခြင်းသည် အလုံးစုံစစ်ပွဲအသွင် မကူးပြောင်းခဲ့ကြောင်းကို သီအိုရီအဖြစ် ထရန့် အစိုးရ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

ယခုအချိန်တွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်ကို သတ်ပစ်ရန်ကိစ္စကို ထရန့် က လူသိရှင်ကြား ငြင်းဆိုထားသည်။ ထရန့်၏ထိပ်တန်း အမျိုးသားလုံခြုံရေး အရာရှိများသည် သမ္မတအတွက် ရွေးချယ်စရာများကို သတိရှိစွာ တင်ပြခဲ့ပြီးသိရှိနိုင်ရန် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့ကြသည်။

“ ကျွန်တော်တို့ရဲ့အလုပ်က အချိန်တိုင်းမှာ သမ္မတမှာ ရွေးချယ်စရာတွေကို တင်ပြပြီး အဲ့ဒီ ရွေးချယ်စရာတွေထဲက ဖြစ်နိုင်တာတို့ကို ရွေးချယ်ပြီး အဲ့ဒီရွေးချယ်မှုတွေရဲ့ အကျိုးဆက်တွေကို သိရှိရန် ဖြစ်ပါတယ်” ဟု ကာကွယ်ရေး ဝန်ကြီး ပိ့ဟက်ဆက် (Pete Hegseth) က ဆီးနိတ်လွှတ်တော် အစည်းအဝေးတွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ထရန့်၏ CIA ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ် (John Ratcliffe) သည် မကြာသေးမီ ရက်များအတွင်း ထရန့်က အစ္စရေး၏ တိုက်ခိုက်မှုများ မတိုင်မီနှင့် သမ္မတက ၎င်း၏ နောက်ထပ်ခြေလှမ်းများကို ထည့်သွင်းစဉ်းစားထားသူများထဲတွင် ပါဝင်ခဲ့သည်။

ရက်ကလစ်ဖ်သည် အစ္စရေး၏ပထမဆုံးတိုက်ခိုက်မှုမစမီ မကြာမီ ဇွန်လ ၈ ရက်နေ့တွင် ဒေးဗစ်စခန်း (Camp David) တွင် ရှိနေခဲ့ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် အစ္စရေး၏ နောက်ထပ် လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးပေါ်ထောက်လှမ်းရေးအကြောင်း ထရန့်အား အကျဉ်းချုပ်ဖော်ပြခဲ့ကြောင်း၊ ဆွေးနွေးမှုနှင့်ရင်းနှီးသောသတင်းရင်းမြစ်တစ်ခုအရ သိရသည်။

ရက်ကလစ်ဖ်နှင့် ထရန့်၏ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ တူလ်ဆီဂက်ဘတ် (Tulsi Gabbard) တို့ကို ကနဦး ဖိတ်ကြားခြင်း မပြုခြင်းသည် မူလက ထောက်လှမ်းရေးကို အာရုံစိုက်သည့် အစည်းအဝေးတစ်ခုအဖြစ် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ရက်ကလစ်ဖ်သည် နောက်ဆုံးမိနစ်တွင် ခရီးစဉ်ကို ပြုလုပ်ခဲ့ကြောင်း အရာရှိက ပြောကြားပြီး ၎င်းကို အကျဉ်းချုံး ပြောကြားခဲ့သည်။

ထရန့်၏နားထဲသို့ နောက်ထပ်ပြောကြားခဲ့သောအသံမှာ အမေရိကန် ဗဟိုကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး မိုက်ကယ်ကူရီလာ (Michael Kurilla) ဖြစ်သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကူရီလာ အပါအဝင် အမေရိကန် စစ်ဘက်ခေါင်းဆောင်အချို့သည် အီရန်နှင့် အစ္စရေးတို့ ဆက်လက်တိုက်ခိုက်နေကြသောကြောင့် အစ္စရေးအား ခုခံကာကွယ်ရန်နှင့် ထောက်ပံ့ရန် အရင်းအမြစ်များ ပိုမိုတောင်းခံခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုအရ သိရသည်။

“ကူရီလာသည် စိန်ခေါ်မှုအရှိဆုံး အခြေအနေအတွက် ပြင်ဆင်ထားလိုသည်” ဟု ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ကူရီလာက အစ္စရေးကို ထောက်ခံ ပံ့ပိုးရန်အတွက် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ လက်နက် အစုအဝေးများကို ပြင်ဆင်နေရာချထားရန် ၎င်း၏ တွန်းအားပေးမှုကို ပြုလုပ်ခဲ့သည်။

အစ္စရေး၏ခိုင်မာသောထောက်ခံသူဖြစ်သည့် ကူရီလာသည် ယီမင်ရှိ ဟူသီသူပုန်အဖွဲ့အပါအဝင် အစ္စရေးနှင့် အီရန်ကြား ပဋိပက္ခဖြစ်နိုင်ခြေရှိသော အီရန်၏ကြားခံစစ်ရေး အဖွဲ့အစည်းတို့ကြား ပဋိပက္ခဖြစ်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်ရန် ဟက်ဆက်နှင့် ထရန့်တို့အား စစ်ရေးပိုင်ဆိုင်မှု အများအပြားကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းရန် လပေါင်းများစွာကတည်းက တွန်းအားပေးခဲ့သည်။

ထရန့်သည် ချောက်ထဲသို့ ဆွဲသွင်းခံရခြင်းကို ရှောင်ရှားရင်း အီရန်ကို တိုက်ခိုက်နိုင်သည် ဆိုခြင်းမှာ ငြင်းခုံရမည့်ကိစ္စ ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မှုများသည် ထရန့်၏သမ္မတသက်တမ်းကို တိုစေနိုင်ပြီး အစ္စရေး၏ တောင်းဆိုချက်အရ အမေရိကန်၏အသက်နှင့် အရင်းအမြစ်များအပေါ် ပြင်းထန်စွာ သေဆုံးစေနိုင်ကြောင်း အီရန်ကျွမ်းကျင်သူအချို့က သတိပေးထားသည်။

“အမေရိကန်ရဲ့ တိုက်ခိုက်မှုမှန်သမျှဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်က အပြည့်အဝ ပြန်လည်တိုက်ခိုက်ပြီး အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲတွေ အလုံးစုံ ဖြစ်လာမှာပါ” ဟု ဝါရှင်တန်ဒီစီရှိ Quincy Institute ၏ အမှုဆောင်ဒုဥက္ကဋ္ဌ ထရီတာ ပါစီက CNN သို့ ပြောကြားခဲ့သည်။

တီဟီရန်သည် အမေရိကန်နှင့် ကြာရှည်စွာ တိုက်ပွဲကို ဆက်ထိန်းထားနိုင်မည် မဟုတ်သော်လည်း ဝါရှင်တန်အတွက် လွယ်ကူသောစစ်ပွဲဖြစ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရန့်အား တဖက်တလမ်းမှ တင်းတင်းမာမာ ထောက်ခံသူ အများအပြားသည် မျိုးဆက်အလိုက်ပဋိပက္ခ ထောင်ချောက်ထဲတွင် ပိတ်မိခြင်းမရှိဘဲ အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်နိုင်သလားဟု မေးခွန်းထုတ်ခဲ့ကြသည်။

“ ပထမအချက်၊ ဒါက ငါတို့စစ်ပွဲမဟုတ်ဘူး။ ဒါက အီရန်ရဲ့စစ်ပွဲပဲ။ အမေရိကန်သမ္မတက ငါတို့တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်ဖြစ်တယ်။ နိုင်ငံတော်လုံခြုံရေးလမ်းကြောင်းမှာ အလုပ်လုပ်နေတဲ့ ငါတို့အားလုံးပြောတာကို သူနားထောင်တယ်” ဟု အိုင်ဒါဟိုမှ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ဥက္ကဋ္ဌ ဂျင်မ်ရစ်ခ်ျ (Sen. Jim Risch) က ဗုဒ္ဓဟူးနေ့တွင် အိမ်ဖြူတော်တွင် ထရန်နှင့် တွေ့ဆုံခဲ့စကား ပြောကြားခဲ့သည်။

“အရမ်းခက်ခဲတဲ့ အပ်တစ်ချောင်းကို ချည်ပြီး ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သမ္မတနှင့် မတွေ့ဆုံမီ တစ်ရက်အလိုတွင် ရစ်ခ်ျက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ထရန့် နှင့် စကားပြောခဲ့သည့် နောက်ထပ် အထက်လွှတ်တော် ရီပတ်ဘလီကန်တစ်ဦးဖြစ်သည့် မစ်ဆိုရီ (Missouri) မှ အထက်လွှတ်တော်အမတ် ဂျော့ ဟောလေး (Josh Hawley) က အမေရိကန်သည် အီရန်အပေါ် ထိုးစစ်ဆင်ပါက သက်သာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ စစ်မတိုက်စေချင်ပါဘူး။ နောက်ထပ် အရှေ့အလယ်ပိုင်းစစ်ပွဲကို မလိုချင်ပါဘူး၊ ဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ ရုတ်တရတ် စစ်ရေးတည်ဆောက်မှုတွေ အတွက် နည်းနည်းစိုးရိမ်မိပါတယ်” ဟု ထရန့် နှင့် စကားပြောအပြီး တစ်ရက်အကြာတွင် ဟောလေးက ပြောကြားခဲ့သည်။

ထရန့် ဆုံးဖြတ်ချက်မချမီတွင်ပင် အမေရိကန်စစ်တပ်သည် ထရန့် က တိုက်ခိုက်မှုတစ်ခုဖြင့် ရှေ့ဆက်လုပ်ဆောင်မည်ဆိုပါက အမေရိကန်တပ်များကို အီရန်က လက်တုံ့ပြန်မည့် ဖြစ်နိုင်ခြေအတွက် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အီရန်ထံမှ လက်တုံ့ပြန်မည့်အန္တရာယ် လုံလောက်စွာ အားကောင်းနေကြောင်း အဆိုပါ စီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

နေတန်ယာဟုနှင့် မကြာခဏ စကားပြောဆိုမှုများအပြီးတွင် အစ္စရေးခေါင်းဆောင်က အီရန်၏နျူကလီးယားစွမ်းရည်ကို ချေဖျက်ရန် ၎င်း၏နောက်ဆုံးပန်းတိုင်ကို အပြီးသတ်ရန် အမေရိကန်၏ အကူအညီ လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက်တွင် အမေရိကန်၏ပါဝင်ပတ်သက်မှုသည် အစ္စရေး၏ အောင်မြင်မှုအတွက် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးမည်ဖြစ်ကြောင်း သမ္မတက ဗုဒ္ဓဟူးနေ့တွင် အသိအမှတ်ပြုခဲ့သည်။

“ ကျွန်တော်တို့က အဲဒါကို လုပ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသောသူတွေပါ၊ ဒါပေမယ့် အဲဒါကို လုံးလုံးလုပ်မယ်လို့ မဆိုလိုပါဘူး” ဟု ထရန့် က ပြောကြားခဲ့သည်။

သို့သော် “ ရေရှည်စစ်ပွဲ” ကို ရှောင်ရှားရန်သူ၏ ကတိကဝတ်ကိုလည်းအတည်ပြုခဲ့သည်။

“ကျွန်တော်လိုချင်တာ တစ်ခုပဲ၊ အီရန်မှာ နျူကလီးယားလက်နက် မပိုင်ဆိုင်ရပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ “ ဒါပါပဲ၊ ကျွန်တော် ရေရှည်တွေ ရေတိုတွေကို မကြည့်ဘူး။ ပြီးတော့ ဒါကို ကျွန်တော်ပြောနေတာ အနှစ် ၂၀ ရှိပြီ။”

CNN အင်္ဂလိပ်သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 18 Views
CNN —ဇူလိုင် ၁၄၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 43 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 28 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 47 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ