နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်မှ ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များ ပေးအပ်ရန် ငြင်းဆို၊ နှစ်ဖက်စလုံးကို ‘စစ်ပွဲ ချက်ချင်း ရပ်ရန်’ တိုက်တွန်း

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးသည် သောကြာနေ့က ဒေါ်နယ်လ် ထရမ့်နှင့် တွေ့ဆုံ ရာတွင် ရုရှားကို တိုက်ခိုက်ရန်အတွက် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ ရရှိရေး မအောင်မြင်ခဲ့ဘဲ၊ အမေရိကန်သမ္မတက နောက်ပိုင်းတွင် နှစ်ဖက်စလုံးအား တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လက်ရှိ တိုက်ပွဲနယ်နိမိတ်များကို လက်ခံရန် တောင်းဆို လိုက်သည်။

ဇလန်စကီးသည် ရုရှား၏ စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်သော ထိုးနှက်ချက်ဖြစ်စေမည့် တာဝေးပစ် ခရုစ်ဒုံးကျည်များ ရရှိရန် မျှော်လင့်ချက်ဖြင့် ဝါရှင်တန်သို့ ခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဒုံးကျည်များသည် ရုရှားအတွင်းပိုင်းရှိ ရေနံနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မည်ဟု ၎င်းက ယုံကြည်သည်။

သို့သော်လည်း အိမ်ဖြူတော်ရှိ လုပ်ငန်းစဉ် နေ့လယ်စာစားပွဲတွင် ထရမ့်က “တိုမာဟော့ခ် အကြောင်း မစဉ်းစားဘဲ” စစ်ပွဲကို ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းလက်နက် သည် အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် လိုအပ်သည့်” လက်နက်တစ်ခု ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် လက်ဗလာဖြင့် ပြန်လာခဲ့ရပုံရပြီး ၎င်း၏ တွေ့ဆုံမှုမှာ “အကျိုးဖြစ်ထွန်း သည်” ဟု ဖော်ပြခဲ့သော်လည်း အမေရိကန်က တင်းမာမှု ပိုမိုမြင့်တက်သည်ကို မလိုချင် သောကြောင့်” တိုမာဟော့ခ်နှင့် ပတ်သက်၍ ထပ်မံ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

နာရီအနည်းငယ်အကြာတွင် ထရမ့်က ကိယက်ဗ်နှင့် မော်စကိုတို့အား စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန်” လူသိရှင်ကြား တောင်းဆိုခဲ့သည်။ ” တိုက်ပွဲနယ်နိမိတ် အတိုင်းရှိနေစဲ နေရာမှာရပ်လိုက်ပါ မဟုတ်ရင် အရမ်းရှုပ်ထွေးသွားလိမ့်မယ်။ ဘယ်တော့မှ တွက်ချက်နိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲနယ်နိမိတ်မှာ ရပ်လိုက်ပါ” ဟု ဖလော်ရီဒါ၊အနာက် ပမ်း ပင်လယ်ကမ်းခြေ သို့ ဆင်းသက်ပြီးနောက် ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ပြီးတော့ နှစ်ဖက်စလုံး အိမ်ပြန်၊ သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပြီး အသတ်အဖြတ်တွေကို ရပ်တန့်သင့်တယ်။ ဒါပဲ ဖြစ်သင့်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး၊ ယင်းခံစားချက် ကို ဇယ်လန်စကီးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှစ်ဦးစလုံးအား ဆက်သွယ်ပြောကြားပြီး ဖြစ်ကြောင်း ပြောသည်။

ယင်းတွေ့ဆုံမှုသည် ထရမ့်က ပူတင်နှင့် ဖုန်းဖြင့် ပြောဆိုပြီးနောက် ဟန်ဂေရီနိုင်ငံ၌ မကြာမီ တွေ့ဆုံရန် သဘောတူညီခဲ့သည့် တစ်ရက်အကြာတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအတွင်း တိုမာဟော့ခ် ဒုံးကျည်များ (မော်စကိုနှင့် စိန့်ပီတာစဘတ် ကဲ့သို့ သော ရုရှားမြို့ကြီးများကို ပစ်မှတ်ထားပစ်နိုင်သည့် အကွာအဝေးအထိရောက်ရှိသည်) သည် စစ်မြေပြင်တွင် သိသာထင်ရှားသော သက်ရောက်မှု မရှိနိုင်ကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့သည် အမေရိကန်-ရုရှား ဆက်ဆံရေးကို ထိခိုက် စေမည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ယူကရိန်းက တိုမာဟော့ခ် ဒုံးကျည်များကို အဘယ်ကြောင့် ရှာဖွေနေသနည်း။

တိုမာဟော့ခ် ဒုံးကျည်များသည် ယူကရိန်း၏ လက်ရှိ လက်နက်တိုက်ရှိ အခြားဒုံးကျည်များ ထက် သိသိသာသာ ပိုမိုဝေးကွာသော အကွာအဝေးကို ရောက်ရှိနိုင်သည်။ ထရမ့်သည် ၎င်းတို့ကို ပေးအပ်ရေး ဆွေးနွေးမှုများကို လျှော့ချထားသော်လည်း လုံးဝ ငြင်းဆိုထားခြင်း မရှိသေးပေ။

သောကြာနေ့ အိမ်ဖြူတော် အစည်းအဝေး မတိုင်မီ ဇယ်လန်စကီးက ယူကရိန်းဒရုန်းများကို အမေရိကန် တိုမာဟော့ခ်နှင့် လဲလှယ်ရန် အကြံပြုခဲ့ပုံရသည်။

“ယူကရိန်းမှာ ကျွန်တော်တို့ ကိုယ်တိုင်ထုတ် ဒရုန်း ထောင်ပေါင်းများစွာ ရှိပါတယ်၊ ဒါပေမယ့် တိုမာဟော့ခ် မရှိပါဘူး” ဟု ၎င်းက ပြောသည်။ “သူတို့ (အမေရိကန်) က ကျွန်တော်တို့ရဲ့ ဒရုန်း ထောင်ပေါင်းများစွာကို ယူလို့ရပါတယ်၊ ဒါက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းပဲ” ဟု ဆိုသည်။

ဇယ်လန်စကီးသည် ထရမ့်နှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များကို အွန်လိုင်းမှ တစ်ဆင့် ရှင်းပြခဲ့သည်။ ခေါင်းဆောင်များသည် “ရုရှား၏ ဆက်လက်ကျူးကျော်မှုကို ရင်ဆိုင် ရာတွင် ယူကရိန်းအပေါ် မယိမ်းမယိုင် ထောက်ခံကြောင်းကတိပြုမှု” ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ကြသည်။

ယူကရိန်းခေါင်းဆောင်က စစ်ပွဲကို အဆုံးသတ်လိုသည့် ထရမ့်၏ စေတနာကို ယုံကြည် ကြောင်း သတင်းထောက်များကို ထပ်မံ အတည်ပြုခဲ့ပြီး “အရှေ့အလယ်ပိုင်းက အခြေအနေ ကို စီမံခန့်ခွဲဖို့လည်း ခက်ခဲခဲ့ပါတယ်၊ သမ္မတက အဲဒီမှာ အောင်မြင်ခဲ့တယ်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

သောကြာနေ့တွင် ထရမ့်က ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ယူကရိန်းသည် နယ်မြေကို စွန့်လွှတ်ရန် လိုအပ်မည်လားဆိုသည့်အပေါ် ၎င်း၏ အမြင်ကို တိတိကျကျ ပြောဆိုခြင်း မရှိခဲ့ပေ။ ထရမ့်သည် ယင်းကိစ္စနှင့် ပတ်သက်၍ ကွဲပြားသော ရပ်တည်ချက်များကို ပြသခဲ့သည်။

ပူတင်နှင့် သြဂုတ်လတွင် တွေ့ဆုံရန် မတိုင်မီက စစ်ပွဲအဆုံးသတ်ရန်အတွက် “နယ်မြေ လဲလှယ်မှုများ” လိုအပ်မည်ဟု ၎င်းက ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင်မူ ၎င်း၏ သဘောထား ကို ပြောင်းလဲခဲ့ပြီး ယူကရိန်းသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေအားလုံးကို ပြန်လည် အနိုင်ယူနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့ မှတ်ချက်များတွင် ထရမ့်က ပူတင်သည် ယူကရိန်းရှိ စစ်ပွဲရည်မှန်းချက်များကို အောင်မြင်ရန် အချိန်ရရန်အတွက် မိမိကို လှည့်ဖျားနေခြင်း ဖြစ်နိုင်ခြေကို လက်ခံခဲ့သော် လည်း နိဂုံးချုပ်အနေဖြင့် “သူက သဘောတူညီချက် ရယူချင်တယ်လို့ ကျွန်တော် ထင်ပါ တယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်ဘဝတစ်လျှောက်လုံး အတော်ဆုံးလူတွေရဲ့ လှည့်စားခြင်းကို ခံခဲ့ရပေမယ့် တကယ်ကို ကောင်းကောင်းမွန်မွန်နဲ့ ထွက်လာခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက