နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ကွန်မြူနစ်ပါတီက စစ်တပ်ထိပ်တန်း ဗိုလ်ချုပ်ကြီးများကို တပ်တွင်းနှိမ်နင်းမှုကြီးဖြင့် ထုတ်ပယ်

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်

တရုတ်ကွန်မြူနစ်ပါတီသည် ဆယ်စုနှစ်များအတွင်း စစ်တပ်အပေါ် လူသိရှင်ကြား နှိမ်နင်းမှု အကြီးမားဆုံးထဲမှ တစ်ခုအဖြစ် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကိုးဦးကို ထုတ်ပယ်လိုက်ကြောင်း ကြေညာသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထိုအရာရှိ ကိုးဦးသည် ပြင်းထန်သော ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်သည်ဟု သံသယ ရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့အများစုသည် ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီးများဖြစ်ကြပြီး ပါတီ၏ ဆုံးဖြတ်ချက် ချမှတ်သည့် ဗဟိုကော်မတီဝင်များလည်း ဖြစ်သည်။ ၎င်းတို့ကို စစ်တပ်မှလည်း ထုတ်ပယ် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ထုတ်ပယ်ခြင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြထားသော်လည်း၊ လေ့လာသူများကမူ ၎င်းကို နိုင်ငံရေးအရ အပြစ်ပေး ရှင်းလင်းမှုအဖြစ်လည်း ရှုမြင်နိုင်ကြောင်း ပြောဆိုကြသည်။ ယင်းလုပ်ရပ်သည် ဗဟိုကော်မတီက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ဆွေးနွေးကာ အဖွဲ့ဝင် အသစ်များကို မဲပေးရွေးချယ်မည့် ပါတီ၏ မျက်မှောက်ညီလာခံ (plenum) ကျင်းပခါနီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထုတ်ပယ်ခံရသည့် အရာရှိကိုးဦးမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • ဟေ ဝေတုန်း (He Weidong) – ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယဥက္ကဋ္ဌ
  • မျောင် ဟွာ (Miao Hua) – ဗဟိုစစ်ကော်မရှင်၏ နိုင်ငံရေးလုပ်ငန်းဌာန ညွှန်ကြားရေးမှူး
  • ဟေ ဟုန်ကျွင်း (He Hongjun) – ဗဟိုစစ်ကော်မရှင်၏ နိုင်ငံရေးလုပ်ငန်းဌာန အမှုဆောင် ဒုတိယညွှန်ကြားရေးမှူး
  • ဝမ် ရှုဘင် (Wang Xiubin) – ဗဟိုစစ်ကော်မရှင်၏ ပူးတွဲစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှုဆောင် ဒုတိယညွှန်ကြားရေးမှူး
  • လင် ရှန်းယန် (Lin Xiangyang) – အရှေ့ပိုင်းစစ်နယ်မြေ (Eastern Theatre) တပ်မှူး
  • ချင်း ရှုထုံး (Qin Shutong) – ကြည်းတပ်၏ နိုင်ငံရေး မှူး
  • ယွမ် ဟွာကျစ် (Yuan Huazhi) – ရေတပ်၏ နိုင်ငံရေး မှူး
  • ဝမ် ဟော်ဘင် (Wang Houbin) – ဒုံးပျံတပ်ဖွဲ့ (Rocket Forces) တပ်မှူး
  • ဝမ် ချွန်နင် (Wang Chunning) – လက်နက်ကိုင်ရဲတပ်ဖွဲ့ (Armed Police Force) တပ်မှူး

ဤကိုးဦးထဲတွင် ဟေ ဝေတုန်း သည် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်သော သမ္မတ ရှီကျင့်ဖျင် ပြီးနောက် တရုတ်စစ်တပ်တွင် ဒုတိယအဆင့် အမြင့်ဆုံးအရာရှိ ဖြစ်သည့်အတွက် အထင်ရှားဆုံးဟု သတ်မှတ်ခံရသည်။

ဟေ ဝေတုန်းကို နောက်ဆုံး မြင်တွေ့ရသည်မှာ မတ်လကဖြစ်ပြီး၊ သူ၏ လူအများရှေ့မှ ကာလကြာမြင့်စွာ ပျောက်ကွယ်နေမှုသည် စစ်တပ်ထိပ်တန်းခေါင်းဆောင်များကို ရှင်းလင်းမှု ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စုံစမ်းစစ်ဆေးခံနေရသည်ဟူသော ထင်ကြေးပေးမှု များကို ဖြစ်စေခဲ့သည်။

သူသည် ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်သည့်အဖွဲ့ဖြစ်သော နိုင်ငံရေးဗျူရို (Politburo) ဝင်လည်း ဖြစ်သောကြောင့် စုံစမ်းစစ်ဆေးခံရသည့် ပထမဆုံးသော လက်ရှိ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဖြစ်လာသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ထိုအရာရှိကိုးဦးသည် “ပါတီစည်းကမ်းကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး၊ အလွန်ကြီးမားသော ငွေပမာဏ ပါဝင်သည့်၊ အလွန်အရေးကြီး သော သဘာဝရှိသည့်၊ အလွန်ဆိုးရွားသော အကျိုးဆက်များရှိသည့် တာဝန်နှင့်ဆက်စပ်သော ပြင်းထန်သည့် ရာဇဝတ်မှုများ ကျူးလွန်သည်ဟု သံသယရှိကြောင်း” ဖော်ပြထားသည်။

၎င်းတို့သည် ယခုအခါ စစ်ဘက်ဆိုင်ရာ တရားစွဲဆိုမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အား အပြစ်ပေးအရေးယူခြင်းသည် “ပါတီနှင့် စစ်တပ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွင် ထူးခြားသော အောင်မြင်မှု” ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြား ထားသည်။

ဗဟိုစစ်ကော်မရှင်သည် လွန်ခဲ့သည့်လများစွာကပင် စစ်တပ်တွင် “အဆိပ်အတောက် ဖြစ်စေသော သြဇာလွှမ်းမိုးမှု” များကို ဖယ်ရှားရန် တောင်းဆိုသည့် လမ်းညွှန်ချက် အသစ် များကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး၊ ကေဒါများအတွက် “သံမဏိစည်းမျဉ်းများ” ကိုပါ စာရင်းပြုစုကာ နှိမ်နင်းမှု လုပ်ဆောင်မည်ဖြစ်ကြောင်း အချက်ပြခဲ့သည်။

ဤနှိမ်နင်းမှုသည် မကြာသေးမီနှစ်များအတွင်း ယခင်ကာကွယ်ရေးဝန်ကြီးများဖြစ်သော ဝေ ဖုန်းဟယ် (Wei Fenghe) နှင့် လီ ရှန်ဖူး (Li Shangfu) အပါအဝင် အခြားစစ်ဘက် အရာရှိများ ကို သေးငယ်သော အတိုင်းအတာဖြင့် လူသိရှင်ကြား ရှင်းလင်းခဲ့သည့် နောက်ဆက်တွဲ ဖြစ်သည်။

ဒုံးပျံတပ်ဖွဲ့အတွင်းမှ ထိပ်တန်းဗိုလ်ချုပ်ကြီးများကိုလည်း ဖယ်ရှားခဲ့သည်။ ၎င်းတို့ထဲမှ အစားထိုး ခန့်အပ်ခံရသူ တစ်ဦးမှာ ယခုအခါ ပါတီမှ ထုတ်ပယ်ခံရသည့် ကိုးဦးထဲမှ တစ်ဦးဖြစ်သူ ဝမ် ဟော်ဘင် ဖြစ်သည်။

အရပ်ဘက်ဆိုင်ရာ ရာထူးများ ရယူထားသူများလည်း မလွတ်မြောက်ခဲ့ကြဘဲ၊ အထူးသဖြင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုစဉ်က ၎င်း၏နေရာကို အစားထိုးရန် ခန့်မှန်းခံခဲ့ရသူ လျူ ကျန်းချောင် (Liu Jianchao) ကိုလည်း ဇူလိုင်လကတည်းက မြင်တွေ့ရခြင်း မရှိသေးပေ။

လေ့လာသူများက ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု နှိမ်နင်းမှုများသည် နိုင်ငံရေးအရ ရှင်းလင်းမှုများအဖြစ်လည်း ရှုမြင်နိုင်ကြောင်း ပြောဆိုကြသည်။

အာရှလူ့ဘောင်မူဝါဒဌာန (Asia Society Policy Institute) မှ တရုတ်နိုင်ငံရေးဆိုင်ရာ ပညာရှင် နီးလ် သောမတ်စ် (Neil Thomas) က ရှီ၏ ရှင်းလင်းမှုများသည် ခွန်အားကို ပြသရန် ရည်ရွယ်သည်ဟု ဘီဘီစီတရုတ်ဘာသာသို့ ပြောကြားခဲ့သည်။

“သူ့အမြင်အရဆိုရင် အဂတိလိုက်စားတဲ့ ဒါမှမဟုတ် သစ္စာမရှိတဲ့ ကေဒါတွေကို ဖယ်ထုတ်တာဟာ ပါတီရဲ့ ‘ကိုယ်ပိုင် တော်လှန်ရေး’ ဖြစ်ပြီး၊ သန့်ရှင်း၊ စည်းကမ်းရှိပြီး ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့နဲ့ ထာဝစဉ် အုပ်ချုပ်နိုင်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း၊ ရှင်းလင်းမှုများသည် စိတ်အားထက်သန်မှုကို အေးခဲစေပြီး အုပ်ချုပ်ရေးကို ပိုမို တင်းမာစေနိုင်သည်ဟု ၎င်းက မှတ်ချက်ချသည်။ “ဒါက ရှီရဲ့ အာဏာအတွက် ပေးဆပ် ရတဲ့ တန်ဖိုးပါပဲ- စနစ်က ပိုသန့်ရှင်းပြီး ပိုနာခံလာပေမယ့် ပိုသတိထားလာတယ်၊ တစ်ခါတလေကျတော့ ပိုမိုပျက်စီးလွယ်လာပါတယ်”။

အောက်တိုဘာ ၂၀ ရက်နေ့တွင် စတင်မည့် စတုတ္ထ မျက်မှောက်ညီလာခံ (Fourth Plenum) သို့ မည်သူတွေ တက်ရောက်ကြမည်ကို လူအများက စောင့်ကြည့်နေကြမည်ဖြစ်သည်။ “တက်ရောက်သူ အရေအတွက် သိသိသာသာ လျော့ကျသွားရင် ဒါဟာ ရှင်းလင်းမှုတွေ ဘယ်လောက် အကျယ်အဝန်းဖြစ်ခဲ့တယ်ဆိုတာကို အထင်ရှားဆုံး လူသိရှင်ကြား ပြသလိုက်တဲ့ အချက်ပြမှုပဲ ဖြစ်ပါတယ်” ဟု သောမတ်စ်က ပြောကြားခဲ့သည်။

ဟေ ဝေတုန်း သည် တရုတ်စစ်တပ်တွင် ဒုတိယအဆင့်အမြင့်ဆုံးအရာရှိဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက