နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးလ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဟားမတ်စ်ကို စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်

အစ္စရေးလ်နှင့် ဟားမတ်စ်တို့အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးလ်က စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ၊ ယင်းအခြေအနေသည် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးသော ကြီးမားသည့် စမ်းသပ်မှု ဖြစ်လာခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုနှင့် တိုက်ခိုက်မှုများ

အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဟားမတ်စ်တပ်ဖွဲ့ဝင်များသည် ရာဖာ (Rafah) တွင် အစ္စရေးလ်တပ်ဖွဲ့များကို ဒုံးပျံပစ်လောင်ချောင်းများ (rocket-propelled grenades) နှင့် စနိုက်ပါ သေနတ်များ (sniper fire) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အစ္စရေးလ်ကလည်း ယင်းဒေသကို တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြားစစ်ဘက်အရာရှိတစ်ဦး၏ အဆိုအရ တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် သုံးခု၌ ဟားမတ်စ်သည် အဝါရောင်မျဉ်း (Yellow Line)—အစ္စရေးလ်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ နောက်ဆုတ်ထားရမည့် မျဉ်း—ကို ကျော်လွန်၍ အစ္စရေးလ် တပ်ဖွဲ့များကို ပစ်ခတ်ခဲ့သည်။

ရာဖာ ဖြစ်စဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အစ္စရေးလ်တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရမှု ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ထိုဖြစ်စဉ်မှာ အဝါရောင်မျဉ်း နောက်ကွယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံများနှင့် မျက်မြင်သက်သေများက ဂါဇာဒေသအနှံ့ အစ္စရေးလ်၏ တိုက်ခိုက်မှု များကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည် ဟု သတင်းပေးပို့ခဲ့ကြသည်။

အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သည့် ကိုးရက်တာကာလအတွင်း နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် သဘောတူညီချက် ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ကြသော်လည်း တနင်္ဂနွေနေ့မှ ဖြစ်စဉ် များသည် အပြင်းထန်ဆုံး ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။

နှစ်ဖက် တုံ့ပြန်မှုနှင့် ဖိအားများ

ဟားမတ်စ် ကမူ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် လိုက်နာ ကြောင်း ပြောကြားပြီး၊ ၎င်း၏ စစ်ရေးဌာနခွဲဖြစ်သော အယ်လ် ကာစမ် ဘရီဂိတ် (Al Qassam Brigades – AQB) ကလည်း ရာဖာတွင် ဖြစ်ပွားခဲ့သည့် မည်သည့်ဖြစ်ရပ် သို့မဟုတ် ရုန်းရင်းဆန်ခတ်မှုမျိုးကိုမျှ မသိရှိကြောင်း ငြင်းဆိုကာ “ ဂါဇာကမ်းမြှောင် တစ်လျှောက်လုံး တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် ကတိပြုထားသည်” ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) သည် လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဂါဇာရှိ “ အကြမ်းဖက်ပစ်မှတ်များ” ကို “ အင်အားသုံး၍ တုံ့ပြန်တိုက်ခိုက်ရန်” ညွှန်ကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် (Israel Katz) က “ ဟားမတ်စ်သည် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ပစ်ခတ်မှုတိုင်းအတွက် ကြီးမားသော နစ်နာကြေး ပေးရမည် ဖြစ်ပြီး၊ သတင်းစကားကို နားမလည်ပါက ကျွန်ုပ်တို့၏ တုံ့ပြန်မှု အရှိန်အဟုန်ကို ဆက်လက် တိုးမြှင့်သွားမည်” ဟု သတိပေးပြောကြားခဲ့သည်။

နေတန်ညာဟုသည် ၎င်း၏ ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံသည့် လက်ယာအစွန်းရောက် ပါတီများ ထံမှ ဖိအားများ ရင်ဆိုင်နေရပြီး အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာ ဘင် ဂဗီယာ (Itamar Ben Gvir) က ဂါဇာစစ်ပွဲကို အင်အားအပြည့်ဖြင့် ပြန်လည်စတင်ရန်” တောင်းဆိုခဲ့သည်။

ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများ ပဋိပက္ခ

ရာဖာဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း ၎င်းသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး၊ ထိုအချိန်၌ ဟားမတ်စ်၏ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ ရာဒါအာ (Rada’a) က အစ္စရေးလ်ကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ “ ပုန်းခိုရာနေရာ” ကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။ (အစ္စရေးလ်သည် ပြီးခဲ့သည့် ဇွန်လက ဟားမတ်စ်ကို တန်ပြန်ရန်အတွက် ထိုကဲ့သို့သော လက်နက်ကိုင်အဖွဲ့များစွာကို လက်နက်တပ်ဆင်ပေးနေကြောင်း အတည်ပြုခဲ့ဖူးသည်။)

အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း ဟားမတ်စ်သည် “ လုံခြုံရေးလှုပ်ရှားမှု” ဟူသော အမည်ဖြင့် “ သစ္စာဖောက်များ၊ ကြေးစားစစ်သားများ၊ ခိုးဆိုးဓားပြများ၊ နှင့် ဇိုင်ယွန်ဝါဒီရန်သူ (Zionist enemy) များနှင့် ပူးပေါင်းသူများ” ကို ပစ်မှတ်ထား၍ နှိမ်နင်းမှုများ လုပ်ဆောင် ခဲ့သည်။

ဤပြည်တွင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လုံခြုံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး၊ ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများအကြား အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ဂါဇာစီးတီးရှိ ရင်ပြင်တစ်ခုတွင် လူ ၈ ဦးကို လူမြင်ကွင်း၌ ကွပ်မျက်သည့် ဖြစ်ရပ်မျိုးလည်း ပါဝင်သည်။

ဓားစာခံ အခြေအနေ

တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေစဉ်အတွင်း AQB က ဓားစာခံအလောင်းတစ်ခုကို ထပ်မံတွေ့ရှိကြောင်း ပြောကြားခဲ့ပြီး “ ကွင်းဆင်းအခြေအနေများ ခွင့်ပြုပါက ယနေ့ လွှဲပြောင်းပေးမည်” ဟု ဆိုသည်။

AQB က အစ္စရေးလ်စစ်တပ်၏ မည်သည့်တိုက်ခိုက်မှု တိုးမြှင့်မှုကိုမဆို “ ရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် အလောင်းများ ပြန်လည်ရယူခြင်းတို့ကို အဟန့်အတားဖြစ်စေမည်” ဟု သတိပေးခဲ့သည်။

ဟားမတ်စ်သည် သဘောတူညီချက်အရ သေဆုံးသွားသော ဓားစာခံ ၂၈ ဦးအနက် ၁၂ ဦး၏ ရုပ်အလောင်းများကို အစ္စရေးလ်ထံ လွှဲပြောင်းပေးခဲ့ပြီး ယင်းအလောင်းများကို တရားဝင် ခွဲခြားသတ်မှတ်ပြီး ဖြစ်သည်။

အစ္စရေးလ်ကလည်း ဟားမတ်စ်အား သေဆုံးသူဓားစာခံအားလုံးကို ပြန်လည် ပေးအပ်ရန် နှောင့်နှေးနေသည်ဟု စွပ်စွဲကာ အရေးကြီး နယ်စပ်ဖြတ်ကျော်ဂိတ် တစ်ခုကို နောက်ထပ်အသိမပေးမချင်း ပိတ်ထားခဲ့သည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 13 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 31 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 23 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော