နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးလ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဟားမတ်စ်ကို စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်

အစ္စရေးလ်နှင့် ဟားမတ်စ်တို့အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးလ်က စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ၊ ယင်းအခြေအနေသည် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးသော ကြီးမားသည့် စမ်းသပ်မှု ဖြစ်လာခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုနှင့် တိုက်ခိုက်မှုများ

အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဟားမတ်စ်တပ်ဖွဲ့ဝင်များသည် ရာဖာ (Rafah) တွင် အစ္စရေးလ်တပ်ဖွဲ့များကို ဒုံးပျံပစ်လောင်ချောင်းများ (rocket-propelled grenades) နှင့် စနိုက်ပါ သေနတ်များ (sniper fire) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အစ္စရေးလ်ကလည်း ယင်းဒေသကို တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြားစစ်ဘက်အရာရှိတစ်ဦး၏ အဆိုအရ တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် သုံးခု၌ ဟားမတ်စ်သည် အဝါရောင်မျဉ်း (Yellow Line)—အစ္စရေးလ်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ နောက်ဆုတ်ထားရမည့် မျဉ်း—ကို ကျော်လွန်၍ အစ္စရေးလ် တပ်ဖွဲ့များကို ပစ်ခတ်ခဲ့သည်။

ရာဖာ ဖြစ်စဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အစ္စရေးလ်တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရမှု ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ထိုဖြစ်စဉ်မှာ အဝါရောင်မျဉ်း နောက်ကွယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံများနှင့် မျက်မြင်သက်သေများက ဂါဇာဒေသအနှံ့ အစ္စရေးလ်၏ တိုက်ခိုက်မှု များကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည် ဟု သတင်းပေးပို့ခဲ့ကြသည်။

အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သည့် ကိုးရက်တာကာလအတွင်း နှစ်ဖက်စလုံးက တစ်ဖက်ကို တစ်ဖက် သဘောတူညီချက် ချိုးဖောက်သည်ဟု စွပ်စွဲခဲ့ကြသော်လည်း တနင်္ဂနွေနေ့မှ ဖြစ်စဉ် များသည် အပြင်းထန်ဆုံး ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။

နှစ်ဖက် တုံ့ပြန်မှုနှင့် ဖိအားများ

ဟားမတ်စ် ကမူ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် လိုက်နာ ကြောင်း ပြောကြားပြီး၊ ၎င်း၏ စစ်ရေးဌာနခွဲဖြစ်သော အယ်လ် ကာစမ် ဘရီဂိတ် (Al Qassam Brigades – AQB) ကလည်း ရာဖာတွင် ဖြစ်ပွားခဲ့သည့် မည်သည့်ဖြစ်ရပ် သို့မဟုတ် ရုန်းရင်းဆန်ခတ်မှုမျိုးကိုမျှ မသိရှိကြောင်း ငြင်းဆိုကာ “ ဂါဇာကမ်းမြှောင် တစ်လျှောက်လုံး တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် ကတိပြုထားသည်” ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) သည် လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဂါဇာရှိ “ အကြမ်းဖက်ပစ်မှတ်များ” ကို “ အင်အားသုံး၍ တုံ့ပြန်တိုက်ခိုက်ရန်” ညွှန်ကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် (Israel Katz) က “ ဟားမတ်စ်သည် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ပစ်ခတ်မှုတိုင်းအတွက် ကြီးမားသော နစ်နာကြေး ပေးရမည် ဖြစ်ပြီး၊ သတင်းစကားကို နားမလည်ပါက ကျွန်ုပ်တို့၏ တုံ့ပြန်မှု အရှိန်အဟုန်ကို ဆက်လက် တိုးမြှင့်သွားမည်” ဟု သတိပေးပြောကြားခဲ့သည်။

နေတန်ညာဟုသည် ၎င်း၏ ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံသည့် လက်ယာအစွန်းရောက် ပါတီများ ထံမှ ဖိအားများ ရင်ဆိုင်နေရပြီး အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာ ဘင် ဂဗီယာ (Itamar Ben Gvir) က ဂါဇာစစ်ပွဲကို အင်အားအပြည့်ဖြင့် ပြန်လည်စတင်ရန်” တောင်းဆိုခဲ့သည်။

ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများ ပဋိပက္ခ

ရာဖာဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း ၎င်းသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး၊ ထိုအချိန်၌ ဟားမတ်စ်၏ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ ရာဒါအာ (Rada’a) က အစ္စရေးလ်ကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ “ ပုန်းခိုရာနေရာ” ကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။ (အစ္စရေးလ်သည် ပြီးခဲ့သည့် ဇွန်လက ဟားမတ်စ်ကို တန်ပြန်ရန်အတွက် ထိုကဲ့သို့သော လက်နက်ကိုင်အဖွဲ့များစွာကို လက်နက်တပ်ဆင်ပေးနေကြောင်း အတည်ပြုခဲ့ဖူးသည်။)

အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း ဟားမတ်စ်သည် “ လုံခြုံရေးလှုပ်ရှားမှု” ဟူသော အမည်ဖြင့် “ သစ္စာဖောက်များ၊ ကြေးစားစစ်သားများ၊ ခိုးဆိုးဓားပြများ၊ နှင့် ဇိုင်ယွန်ဝါဒီရန်သူ (Zionist enemy) များနှင့် ပူးပေါင်းသူများ” ကို ပစ်မှတ်ထား၍ နှိမ်နင်းမှုများ လုပ်ဆောင် ခဲ့သည်။

ဤပြည်တွင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လုံခြုံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး၊ ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများအကြား အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရာ ဂါဇာစီးတီးရှိ ရင်ပြင်တစ်ခုတွင် လူ ၈ ဦးကို လူမြင်ကွင်း၌ ကွပ်မျက်သည့် ဖြစ်ရပ်မျိုးလည်း ပါဝင်သည်။

ဓားစာခံ အခြေအနေ

တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေစဉ်အတွင်း AQB က ဓားစာခံအလောင်းတစ်ခုကို ထပ်မံတွေ့ရှိကြောင်း ပြောကြားခဲ့ပြီး “ ကွင်းဆင်းအခြေအနေများ ခွင့်ပြုပါက ယနေ့ လွှဲပြောင်းပေးမည်” ဟု ဆိုသည်။

AQB က အစ္စရေးလ်စစ်တပ်၏ မည်သည့်တိုက်ခိုက်မှု တိုးမြှင့်မှုကိုမဆို “ ရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် အလောင်းများ ပြန်လည်ရယူခြင်းတို့ကို အဟန့်အတားဖြစ်စေမည်” ဟု သတိပေးခဲ့သည်။

ဟားမတ်စ်သည် သဘောတူညီချက်အရ သေဆုံးသွားသော ဓားစာခံ ၂၈ ဦးအနက် ၁၂ ဦး၏ ရုပ်အလောင်းများကို အစ္စရေးလ်ထံ လွှဲပြောင်းပေးခဲ့ပြီး ယင်းအလောင်းများကို တရားဝင် ခွဲခြားသတ်မှတ်ပြီး ဖြစ်သည်။

အစ္စရေးလ်ကလည်း ဟားမတ်စ်အား သေဆုံးသူဓားစာခံအားလုံးကို ပြန်လည် ပေးအပ်ရန် နှောင့်နှေးနေသည်ဟု စွပ်စွဲကာ အရေးကြီး နယ်စပ်ဖြတ်ကျော်ဂိတ် တစ်ခုကို နောက်ထပ်အသိမပေးမချင်း ပိတ်ထားခဲ့သည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ