ဇန်နဝါရီလ (၂၀)ရက်။
မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို မိုင်း(၂)လုံး (၁)ပွိုင့်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ စခ(၄)ကောင်ထိမှန်ပြီး (၂)ကောင် ပွဲချင်းပြီးသေဆုံးခဲ့တယ်” လို့ ဆိုပါတယ်။
မုံရွာ-ချောင်းဦးလမ်းတနေရာမှာ ကင်းယူပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးထိမှန်ကာ (၂)ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က ဘက်စုံခွေးခြံထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ချောင်းဦးအခြေစိုက် BLDF တပ်ခွဲ အညာမိုင်းက အသိပေးထားပါတယ်။
စစ်ဆင်ရေးထဲ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၃) BLDF တပ်ခွဲ အညာမိုင်းက တိုက်ခိုက်ခဲ့တာလို့ ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ထားချက်အရ သိရပါတယ်။