နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော် အရှေ့တောင်အာရှ

လီကွမ်းယူ (Lee Kuan Yew) က စင်္ကာပူနိုင်ငံကို ထိပ်တန်းနိုင်ငံဖြစ်အောင် ဘယ်လိုတည်ထောင်ခဲ့သလဲ?

အယ်ဒီတာ့အာဘော်

စင်္ကာပူဟာ ဘာကြောင့် အချိန်တိုအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအင်ပါယာကြီးဖြစ်လာသလဲကြည့်ရင် နိုင်ငံခေါင်းဆောင် လီကွမ်းယူရဲ့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေကို ရေရှည်အမြင်နဲ့ ရှေးရိုးသမားတွေကို အံတုပြီး လမ်းသစ်ကို ရဲရဲရင့်ရင့် ဖောက်ထွက်နိုင်ခဲ့တဲ့ စွမ်းအားကြောင့် ဖြစ်တယ်။ လီကွမ်းယူ ဘယ်လောက် အမြင်ကျယ်သလဲဆိုတာကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားက အောက်ပါအတိုင်း ချီးကျူးပြောဆိုခဲ့တယ်။

လီကွမ်းယူ

ဒီနေ့ စင်္ကာပူကို တည်ဆောက်ရာမှာ အဓိကကျတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်သုံးခုကို စင်္ကာပူအတွက် သူက ချမှတ်ခဲ့တယ်။ ဆုံးဖြတ်ချက် တစ်ခုချင်းစီက သိသာထင်ရှားပါတယ်။ အဲဒီတုန်းက လူတွေက တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန် ငြင်းခုံခဲ့ကြတယ်။

၁။ နံပါတ်တစ်ကတော့ စင်္ကာပူမှာ လူတိုင်းအင်္ဂလိပ်စကားပြောတတ်ရမယ်သင်ရမယ်။ အဲဒီအချိန်မှာ လူတော်တော်များများက သူ့ကို ဒေသန္တရဘာသာစကားရှိဖို့ လိုတယ်။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်တို့ရဲ့မျိုးရိုးစဥ်ဆက်ဇစ်မြစ်တွေ မပျောက်ကွယ်ဖို့လိုတယ်။ အရာအားလုံးအပေါ် သစ္စာရှိရန် လိုအပ်တယ်လိုငြင်းချက်ထုတ်ကြပေမဲ့ လီကွမ်းယူက “မဟုတ်ဘူး၊ အင်္ဂလိပ်ဟာ ကမ္ဘာရဲ့ ဘာသာစကားဖြစ်ပြီး ငါတို့အားလုံး အင်္ဂလိပ်လို ပြောရတော့မယ်” လို့ ပြန်ပြောခဲ့တယ်။

မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပုဂ္ဂလိက ကျောင်းတွေကို ပြည်သူပိုင်သိမ်းခဲ့တယ်၊ ဗိုလ်ချုပ်နေဝင်းက အင်္ဂလိပ်စာကို ကိုလိုနီအငွေ့အသက်ရှိနေတဲ့ ဘာသာစကားဖြစ်လို့ အမျိုးသားရေးကို ကြွေးကြော်ပြီး ဗမာစာပေသာ အဓိကသင်ကြားဖို့ ဘာသာရပ်တွေဖြစ်တဲ့ ပထဝီ၊ သင်္ချာ၊ သမိုင်း၊ ဇီဝဗေဒ၊ ဓါတုဗေဒတွေကိုလည်း ဗမာစာနဲ့သာ သင်ကြားရမယ်ဆိုခဲ့သလို သူငယ်တန်းကနေ သင်ကြားခဲ့တဲ့ အင်္ဂလိပ်စာကို ၅ တန်းကျမှသာ သင်ကြားရမယ်ဆိုပြီး ရွှေဥာဏ်တော်စူးရောက်ပြီး ဗမာမှုပြုခဲ့တာ ကြောင့် ကျောင်းသားတွေအင်္ဂလိပ်စာညံ့ဖျင်းသွားသလို သင်ကြားနိုင်တဲ့ ကျောင်းဆရာတွေလည်း အိမ်နီးချင်း ထိုင်းနဲ့အနောက်နိုင်ငံတွေကိုထွက်ခွာသွားခဲ့ကြတယ်။

ဘာသာရပ်များစွာ၊ ကျမ်းများစွာ၊ သုတေသန စာတမ်းများစွာရှိတဲ့ အင်္ဂလိပ်စာရဲ့ အရေးပါမှုကို ကိုလိုနီဘာသာ စကားအဖြစ် အမြင်ကျဥ်းမြောင်းစွာနဲ့ တလွဲ မျိုးချစ်စိတ်တွေနဲ့ ဆန့်ကျင်ခဲ့တယ်။ အမြင်ကျယ်ကျယ် မထားနိုင်ခဲ့ဘူး၊ ပြည်သူတွေ လေ့လာစည်းပူးနိုင်ဖို့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ သုတေသနစာတမ်းတွေ ဘယ်လောက်ရှိသလဲ၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ် ဆေးပညာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်တွေကိုလေ့လာနိုင်ဖို့ မြန်မာဘာသာနဲ့ စုံစုံညီညီရှိနေပြီလား မြန်မာဘာနဲ့ လေ့လာနိုင်တဲ့ ရင်းမြစ်တွေ ဘယ်လောက်များများစားစား ရှိနေလဲကြည့်ရင် အနည်းအကျဥ်းသာ တွေ့ရမှာပါ။ ဒါကြောင့် အဆင့်မြင့်ဘာသာရပ်တွေလေ့လာနိုင်တဲ့အခွင့်အလမ်းတွေ နည်းပါးသွားခဲ့ရတယ်။

မြန်မာစာတတ်ရုံနဲ့ အဆင့်မြင့်ဘာသာရပ်တွေကို မလေ့လာနိုင်ဘူး မသင်ကြားနိုင်ဘူး အဆင့်မြင့်ဘာသာရပ်တွေသင်ကြားချင်ရင်၊ လေ့လာချင်ရင် ကမ္ဘာ့ခြေအနေ အရပ်ရပ်မှာ တိုးတက်ဖြစ်ပေါ်မှုတွေကို သိချင်ရင် အင်္ဂလိပ်စာတတ်ဖို့ လိုပါတယ်။

လီကွမ်းယူက မိမိနိုင်ငံ တိုးတက်ဖို့ ဘာတွေလိုတယ်ဆိုတာကို အနာဂါတ်ကို ကြိုမြင်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပြီး နေဝင်းကတော့ အမြင်ကျဥ်း‌မြောင်းလွန်းတဲ့ ကိုယ်ကျိုးအတ္တသမားတိုင်းပြည်တိုးတက်ရေးထက် မိမိအာဏာတည်မြဲရေးကိုသာ အာရုံစိုက်သူဖြစ်တဲ့အတွက် သူတို့နှစ်ဦးအောက်မှာရှိတဲ့ နိုင်ငံနှစ်ခုရဲ့ တိုးတက်ဖြစ်စဥ်တွေကလည်း ဆန့်ကျင်ဖက်ရလာဒ်တွေရရှိလာခဲ့တာဖြစ်ပါတယ်။

၂။ လီကွမ်းယူရဲ့ ဒုတိယဆုံးဖြတ်ချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နေရာတိုင်းကနေ အကောင်းဆုံး ဥာဏ်ပညာရှိသူ ထူးချွန်သူ ပညာတတ်တွေ အဲဒီလူသားရင်းမြစ်တွေကို စင်ကာပူကို ခေါ်ယူသွားမယ်လို့ သူက ပြောပါတယ်။ အဲ့ဒီအခါမှာလည်း လူတွေက မဟုတ်ဘူး၊ ငါတို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်သင့်ပြီ မင်းက ဗြိတိသျှတွေကိုလာဖို့ ခေါ်နေတာ ငါတို့သိတယ်။ သူတို့နဲ့ ငါတို့ဟာ အမြဲ အခြေအတင်ဖြစ်နေတာတွေ ရှိတယ်ဆိုပြီး ကန့်ကွက်တော့ လီကွမ်းယူက မဟုတ်ဘူး၊ ငါက အကောင်းဆုံး အတော်ဆုံးလူတွေကို ဘယ်နေရာကလာလာ စင်္ကာပူကို ခေါ်ယူမယ်၊ သူတို့က စင်္ကာပူကို လာရမယ်လို့‌ ပြောခဲ့တယ်။

နေဝင်းကတော့ တိုင်းပြည်မှာရှိတဲ့ ဘဏ်လုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံတွေ၊ ပုဂ္ဂလိကမစ်ရှင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းတယ် နိုင်ငံခြားသား ပညာရှင်တွေ၊ စီးပွား‌ရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံဖွား တရုတ် ကုလားတွေကို မောင်းထုတ်တယ်။ တိုင်းပြည်ကို တံခါးပိတ်ဝါဒနဲ့ အုပ်ချုပ်တယ်။ ပြည်သူတွေကို ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ပစ်တယ်။ နိုင်ငံခြားကြောက်ရောဂါနဲ့ နိုင်ငံကို တင်းကြပ်စွာ အုပ်ချုပ်ခဲ့တယ်။

အဲ့ဒီလို လုပ်ခဲ့တဲ့အတွက် နေဝင်းခေတ် ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ကျရောက်သွားခဲ့ရတယ်။ အဲ့ဒီရဲ့အကျိုးဆက်က အခုထိသက်ရောက်နေတုန်းပဲ။ ကိုယ့်ထက်ဆင်းရဲတယ်လို့ ဆိုကြတဲ့ လာအိုနိုင်ငံကိုတောင် မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ရတဲ့ဘဝကို ရောက်သွားခဲ့ရတယ်။

၃။ တတိယဆုံးဖြတ်ချက်ကတော့ သူပြောခဲ့တာက ငါတို့နိုင်ငံမှာ အဂတိလိုက်စားမှု ကင်းစင်စေရမယ် အကျင့်ပျက်ခြစားမှု လုံးဝမရှိစေရဘူး၊ ငါတို လုပ်ရမယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ ကျနော်တို့ နိုင်ငံရေး ခေါင်းဆောင်တွေကို လစာကောင်းကောင်း ပေးဖို့ သေချာအောင် လုပ်မယ်၊ စင်္ကာပူ ခေါင်းဆောင်တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံး လခလစာတွေကို ရရှိစေရမယ်။ အဂတိလိုက်စားမှုကို လုံးဝသည်းခံမှာ မဟုတ်ဘူး။

အဲဒါတွေက ဒီနေ့ စင်္ကာပူကို တည်ဆောက်ရာမှာ အဓိကကျတဲ့ ဆုံးဖြတ်ချက် သုံးခုပါပဲ။

နေဝင်းလက်ထက်ကစတင်လာတဲ့အုပ်ချုပ်ရေးဟာ လူတန်းစားအလွှာအသီးသီးကို ခြစားစေဖို့ တွန်းအားပေးခဲ့တယ် ခြစားအောင်လည်း ဖန်တီးခဲ့တယ်။

လူငယ်တွေကို အကျင့်စာရိတ္တ ကောင်းအောင် သင်ကြားတဲ့ဆရာဆရာမများကအစ၊ သတ္တဝါတွေကို မေတ္တာတရား ထားဖို့တရားပြတဲ့ ဘုန်းကြီးတွေအဆုံး အကျင့်သီလထက် ငွေကြေး လာဘ်လာဘတွေရဖို့သာ အာရုံစိုက်ပြီး သူတို့တာဝန်တွေကို ပစ်ပယ်လာခဲ့ကြတယ်။

အစိုးရရုံးတွေ၊ ဆေးရုံတွေ၊ တရားရေးဌာနတွေ၊ ရဲစခန်းတွေ အားလုံးမှာ အကျင့်ပျက် ခြစားမှုတွေရှိတယ်။ ဘယ်နေရာမှာမှ သူတို့ဆီကို လာတဲ့လူတွေ လွယ်လွယ်ကူကူ ဝန်ဆောင်မှုမပေးကြဘူး။ သူတို့တာဝန်အရ ပြည်သူကို လာရောက်အကူအညီတောင်းရင် လွယ်လွယ်ကူကူဝန်ဆောင်မှုပေးမဲ့အစား ငွေကြေး အတိုင်းအတာတခု အနေနဲ့ပေးမှ လိုတာကို လုပ်ပေးတဲ့ နက်ရှိုင်းတဲ့ အကျင်ပျက်ခြစားမှုကြီး အရိုးစွဲ အမြစ်တွယ်လာတယ်။

ဒီလိုဖြစ်လာတာဟာ တိုင်းပြည်တိုးတက်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားကြီး ဖြစ်နေခဲ့တယ်၊ နောက်တချက်က အခြေခံစားကုန်တွေ တဖြေးဖြေး မြင့်တက်လာနေပေမဲ့ ဝန်ထမ်းတွေရဲ့ လစာတွေကတော့ တိုးမလာတဲ့အတွက် သူတို့အနေနဲ့ လာဘ်စားလာရတာ အကြောင်းရင်းတခုဖြစ်တာတွေ့ရတယ်။

လာဘ်စားတာကို လာဘ်စားတယ်လို့မမြင်တော့ဘဲ လုပ်ငန်းစဥ်တခုလို ထမင်းစားရေသောက် ဖြစ်လာခဲ့တယ်။ စစ်အာဏာအောက်မှာ လက်ဖက်ရည်ဖိုးတောင်းတယ် ပေးတယ်ဆိုတာ လာဘ်စားမှုရဲ့ တရားဝင် အသုံးအနှုန်း ဖြစ်လာပါတယ်။

ဒီတော့ မြန်မာနိုင်ငံကို နိုင်ငံသစ်တည်ထောင်ဖို့ အခြေအနေ ဖြစ်လာခဲ့ရင် လီကွမ်းယူရဲ့ အခြေခံ အချက် ၃ ချက်ကို မဖြစ်မနေ လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

May be an image of 1 person

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 39 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 86 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 79 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 92 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 96 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 88 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 101 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 101 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်