နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုရင့်နန်းတော်၏ အတည်ပြုချက်ရပြီးနောက် ထိုင်းသူဌေးကြီး အနုတင် ချန်ဗီရာကူလ် ဝန်ကြီးချုပ်အဖြစ် ရာထူးယူ

CNA-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၇ရက်

ထိုင်းဝန်ကြီးချုပ်သစ်က “ရိုးသားမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု အပြည့်ဖြင့်” လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။

ဘန်ကောက်- ရှေးရိုးစွဲဝါဒီထိုင်းသူဌေးကြီး အနုတင် ချန်ဗီရာကူလ်သည် တနင်္ဂနွေနေ့ (စက်တင်ဘာ ၇ ရက်) တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးတက်လာပြီး ဆေးခြောက် တရားဝင် သုံးစွဲ ရောင်းချမျုကို ထောက်ခံသူလည်းဖြစ်သည်။၎င်း၏ ထိုင်းနိုင်ငံ၏ ဩဇာကြီးမားသော ဝန်ကြီးချုပ်ဟောင်းတပ်ဆင်၏ နိုင်ငံရေးမင်းဆက်ကို အာဏာမှ ဖယ်ရှားကာ လာမည့်နှစ် အစောပိုင်းတွင် ရွေးကောက်ပွဲများအတွက် ဦးတည်သွားရန် လမ်းကြောင်းချလိုက်သည်။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲများကတည်းက ထိုင်းနိုင်ငံ၏ အမြင့်ဆုံးရာထူးကို ရှင်နာဝါထရာမင်းဆက်၏ ဖေးထိုင်းပါတီက တစ်ဦးတည်းကအာဏာရယူထားခဲ့သည်။ ယင်းပါတီသည် ဘုရင်စနစ်နှင့် စစ်တပ်ကို ထောက်ခံသော အင်အားစုများနှင့် အချိန်အတော်ကြာ ပဋိပက္ခဖြစ်ခဲ့သည့် လူကြိုက်များသော အင်အားစုဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့်လတွင် မင်းဆက်အမွေဆက်ခံသူ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝါထရာသည် တရားရုံး၏ အမိန့်ဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အနုတင်သည် ၎င်း၏ မဟာမိတ်အစိုးရအဖွဲ့ကို အလျင်အမြန် စုဖွဲ့ခဲ့ပြီး ဖွေထိုင်းပါတီကို ရာထူးမှဖယ်ရှားနိုင်ရန် သောကြာနေ့ ပါလီမန်မဲခွဲဆုံးဖြတ်ပွဲတွင် အနိုင်ရရှိခဲ့သည်။

အနုတင်သည် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ထိုင်းနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဆေးခြောက်ကို ရာဇဝတ်မှု အဖြစ်မှ ပယ်ဖျက်ရေးအတွက် စတင်ခဲ့သည့် ဦးဆောင်ပညာရှင်အဖြစ် အထင်ရှားဆုံး ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးသည် နှစ်နှစ်အတွင်း ထိုင်းနိုင်ငံ၏ တတိယမြောက် ခေါင်းဆောင် ဖြစ်လာခဲ့သော်လည်း လေးလအတွင်း ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲအသစ်များ ကျင်းပရန် ၎င်းအပေါ်မူတည်သည့် မဟာမိတ်အဖွဲ့၏ ကျောထောက်နောက်ခံပြုမှုဖြင့် အာဏာရရှိခဲ့ခြင်း ဖြစ်သည်။

“ဘုရင်မင်းမြတ်ရဲ့ ယုံကြည်မှုကို ထိုက်တန်စေဖို့၊ ပြည်သူတွေရဲ့ အကျိုးအတွက်နဲ့ နိုင်ငံအတွက်အတွက် ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုအပြည့်နဲ့ ကျွန်တော် အပြည့်အဝ လုပ်ဆောင်သွားပါမယ်” ဟု အနုတင်က ရာထူးတက်ပြီးနောက် ချက်ချင်းဆိုသလို ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အချိန်အများကြီး မရှိပေမဲ့လည်း လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု အနုတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်တော့်အစိုးရက မရပ်မနား အလုပ်လုပ်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ “ကျွန်တော်တို့မှာ လေးလပဲ အချိန်ရှိလို့ အလုပ်အပေါ်မှာ အစွမ်းကုန်မြှုပ်နှံပြီး လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဘုရင် မဟာ ဝဇိရာလင်္ကရဏ၏ ဘုရင့်နန်းတော်၏ အတည်ပြုချက်သည် ဘန်ကောက်မြို့ရှိ အနုတင်၏ ဘူမ်ဂျိုင်းထိုင်းပါတီဌာနချုပ်တွင် တရားဝင်အခမ်းအနားဖြင့် ကျယ်လောင်စွာ ဖတ်ကြားခဲ့ပြီးနောက် ၎င်း၏သက်တမ်း စတင်ခဲ့သည်။

“ဘုရင်မင်းမြတ်က မစ္စတာ အနုတင် ချန်ဗီရာကူလ်ကို အခုကစပြီး ဝန်ကြီးချုပ်ဖြစ်ဖို့ အတည်ပြုလိုက်ပါပြီ” ဟု အောက်လွှတ်တော်၏ အထွေထွေအတွင်းရေးမှူး အာပတ် ဆူခါနွန်က ဘုရင့်အမိန့်တော်ကို ဖတ်ပြရင်း ပြောကြားခဲ့သည်။

စနေနေ့တွင် အနုတင်က “ထိုင်းနိုင်ငံအတွက် ယုံကြည်မှုယူဆောင်လာပေးမည်” ဟု ဆိုကာ ဘဏ္ဍာရေး၊ စွမ်းအင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကို ဦးဆောင်ရန်အတွက် လွှတ်တော်အမတ်မဟုတ်သည့် လူပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဘဏ္ဍာရေးဌာနအကြီးအကဲ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ထိပ်တန်းအမှုဆောင်ဟောင်းနှင့် လေးစားခံရသည့် အငြိမ်းစားသံတမန်တစ်ဦးတို့၏ အမည်များကို ကြေညာခဲ့သည်။

သက်ဆင် သို့မဟုတ် ဩဇာကျဆင်းလာသော မင်းဆက်

အနုတင်သည် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသော ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုကို စီမံခန့်ခွဲရာတွင် မအောင်မမြင်ဖြစ်လာသည့်အပေါ် အနောက်တိုင်းသားများသည် ဗိုင်းရပ်စ်ကို ကူးစက်စေသည်ဟု စွပ်စွဲပြီး နောက် ပဋိပက္ခဖြစ်ခဲ့ခြင်းကြောင့်လည်း နာမည်ကြီးသည်။

၎င်းသည် လွန်ခဲ့သော ရာစုနှစ်အစောပိုင်းကတည်းက ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုး ထားသည့် ဩဇာကြီးမားသော အင်အားစုဖြစ်ခဲ့သည့် ရှင်နာဝါထရာများနှင့် မဟာမိတ်ဖြစ် ခဲ့ဖူးသော် လည်း ဥပဒေရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အခက်အခဲများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် ပိုမိုယိမ်းယိုင်လာခဲ့သည်။

နွေရာသီတွင် အနုတင်သည် အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာဖြစ်ပွားနေစဉ် ဖေတုံတန်၏ လုပ်ဆောင်မှုများအပေါ် ဒေါသထွက်ပုံရပြီး ဖေးထိုင်းပါတီနှင့် မဟာမိတ်အဖွဲ့ကို စွန့်လွှတ်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သြဂုတ်လ ၂၉ ရက်နေ့တွင် ၎င်း၏ လုပ်ရပ်များသည် ဝန်ကြီးချုပ်ကျင့်ဝတ်ကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ပြီး တစ်နှစ်သာ အာဏာရပြီးနောက် သူမကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

မင်းဆက်၏ ဦးသျှောင်ခေါင်းဆောင် ဖြစ်သည့် သက်ဆင် ရှင်နာဝါထရာသည် အနုတင်ကို အတည်ပြုသည့် သောကြာနေ့ ပါလီမန်မဲခွဲဆုံးဖြတ်ပွဲ မတိုင်မီ နာရီအနည်းငယ်အလိုတွင် နိုင်ငံမှ ထွက်ခွာခဲ့ပြီး သူငယ်ချင်းများကို သွားရောက်တွေ့ဆုံကာ ဆေးကုသမှုခံယူမည်ဟု ဆိုကာ ဒူဘိုင်းသို့ ထွက်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထောင်မှ စောစောစီးစီး လွတ်မြောက်လာမှု၏ တရားဝင်မှုကို ထိခိုက်စေနိုင်သည့် ၂၀၂၃ ခုနှစ် သြဂုတ်လက ပြည်ပရောက်နေရာမှ ပြန်လာပြီးနောက် သက်ဆင်၏ ဆေးရုံတက်နေမှုနှင့်ပတ်သက်သည့် အမှုတစ်ခုတွင် တရားရုံးချုပ်က အင်္ဂါနေ့၌ စီရင်ချက်ချရန်ရှိသည်။

၎င်း၏ပြစ်မှုသည် အမှု၏ အကြောင်းအရာမဟုတ်သော်လည်း အချို့သော လေ့လာသူများက စီရင်ချက်သည် ၎င်းကို ထောင်ချနိုင်သည်ဟု ဆိုသည်။

သက်ဆင်သည် တရားရုံးသို့ “ကိုယ်တိုင်” လာရောက်ရန် ဒူဘိုင်းမှ ပြန်လာမည်ဟု လူမှုမီဒီယာတွင် ကတိပြုခဲ့ပြီး အနုတင်က ၎င်း၏အစိုးရသည် “မျက်နှာသာပေးမှုမရှိ၊ ဖိနှိပ်မှုမရှိ၊ လက်စားချေမှုမရှိ” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဥပဒေအရ ခြိမ်းခြောက်ခံရတာတွေ ကြုံခဲ့ရပေမယ့် အတိတ်က အရာတွေကတော့ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ” ဟု အနုတင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အစိုးရဟာ ဥပဒေကို လိုက်နာမှာဖြစ်ပြီး တရားရေးစနစ်ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက