နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ICC စွဲချက်တင်

BBC- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် စွဲချက်တင်လိုက်သည်။

အသက် ၈၀ အရွယ်ရှိ ဒူတာတေးသည် သူ၏ မူးယစ်ဆေးဝါးစစ်ပွဲဟု ခေါ်တွင်သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားသော လူသတ်မှု ဒါဇင်ပေါင်းများစွာအတွက် ရာဇ၀တ်ကြောင်းအရ တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည်။ အဆိုပါစစ်ပွဲအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများနှင့် အခြားသူ ထောင်ပေါင်းများစွာတို့သည် တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်ခံခဲ့ရသည်။

အချို့အချက်အလက်များကို ဖယ်ရှားတည်းဖြတ်ထားသော ICC ၏ စွဲချက်လွှာသည် ဇူလိုင်လကတည်းကဖြစ်သော်လည်း တနင်္လာနေ့တွင်မှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ICC ၏ ဒုတိယတရားစွဲမှူး မာမီ မန်ဒီရာရေး နိုင်(Mame Mandiaye Niang) က ရဲများ အပါအဝင် အခြားသူများက ကျူးလွန်ခဲ့သည်ဟု တရားရုံးက စွပ်စွဲထားသော အဆိုပါ လူသတ်မှုများတွင် ဒူတာတေးသည် “သွယ်ဝိုက်သော ပူးတွဲတရားခံ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မစ္စတာဒူတာတေးအပေါ် ပထမဆုံးစွဲချက်မှာ သူ ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၃ မှ ၂၀၁၆ ခုနှစ်အတွင်း လူ ၁၉ ဦး သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။

ကျန်စွဲချက်နှစ်ခုမှာ သူ ဖိလစ်ပိုင်သမ္မတအဖြစ် ၂၀၁၆ မှ ၂၀၂၂ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ပြီး သူ၏ မူးယစ်ဆေးဝါးစစ်ပွဲကို စတင်ခဲ့သည့်အချိန်များနှင့် သက်ဆိုင်သည်။

ဒုတိယစွဲချက်မှာ တစ်နိုင်ငံလုံးရှိ “အရေးကြီးပစ်မှတ်” ၁၄ ဦးကို သတ်ဖြတ်မှုနှင့် သက်ဆိုင်ပြီး တတိယစွဲချက်မှာ ကျေးရွာရှင်းလင်းရေး စစ်ဆင်ရေးများတွင် လူ ၄၅ ဦးကို သတ်ဖြတ်မှုနှင့် သတ်ဖြတ်ရန် ကြိုးပမ်းမှုတို့နှင့် သက်ဆိုင်သည်။

တရားစွဲမှုဦးစီးသည့်ရှေ့နေများက မစ္စတာဒူတာတေးနှင့် သူ၏ ပူးတွဲတရားခံဟု စွပ်စွဲ ခံရသူများသည် “ဖိလစ်ပိုင်နိုင်ငံအတွင်း ရာဇ၀တ်သားဟု စွပ်စွဲခံရသူများ (မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတို့နှင့် ဆက်စပ်သည်ဟု ယူဆခံရသူများ သို့မဟုတ် စွပ်စွဲခံရသူများ အပါအဝင်) ကို သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက် ရာဇ၀တ်မှု များဖြင့် ‘ရှင်းလင်း’ ရန် ဘုံသဘောတူညီချက် သို့မဟုတ် အစီအစဉ်တစ်ခုကို မျှဝေခဲ့ကြပုံ” ကို ရည်ညွှန်းပြောဆိုခဲ့သည်။

လူ ၆,၀၀၀ ကျော် သေဆုံးခဲ့သည့် သူ၏ ရက်စက်ကြမ်းကြုတ်သော မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် သူက တောင်းပန်ခြင်းမရှိခဲ့ပေ။ သို့သော် တက်ကြွလှုပ်ရှားသူများကမူ အမှန်တကယ် အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနိုင်သည်ဟု ယုံကြည်ကြသည်။

မစ္စတာဒူတာတေးက နိုင်ငံအတွင်း လမ်းပေါ်ရာဇ၀တ်မှုများ ပပျောက်စေရန် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရိုဒရီဂို ဒူတာတေးသည် ICC က တရားစွဲဆိုသည့် ပထမဆုံး အာရှခေါင်းဆောင်ဟောင်း ဖြစ်ပြီး သုံးနှစ်ကျော်အတွင်း တရားရုံးတည်ရှိရာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ခံရသည့် ပထမဆုံး သံသယရှိသူလည်း ဖြစ်သည်။ သူသည် မတ်လကတည်းက ထိုနေရာတွင် အချုပ်ကျနေခဲ့သည်။

သူ၏ ရှေ့နေက မစ္စတာဒူတာတေးသည် ကျန်းမာရေးမကောင်းသောကြောင့် တရားခွင်တွင် ရင်ဆိုင်နိုင်ခြင်းမရှိဟု ပြောကြားခဲ့သည်။

မေလတွင် သမ္မတဟောင်းသည် ထောင်ထဲတွင် ရှိနေသော်လည်း ဒါဗာအိုမြို့တော်ဝန်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ (၂၀၂၂ ခုနှစ်ကတည်းက မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော) သူ၏သားဖြစ်သူ ဆီဘက်စ်တီယန်က ဖခင်ကိုယ်စား ယာယီမြို့တော်ဝန်အဖြစ် ဆက်လက်တာဝန်ယူလျက်ရှိသည်။

မစ္စတာဒူတာတေးကို ထောက်ခံသူများက ICC ကို လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်က နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုနေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ မားကို့စ်သည် အာဏာရှိသော ဒူတာတေးမိသားစုနှင့် လူသိရှင်ကြား သဘောထားကွဲလွဲခဲ့သူဖြစ်သည်။

ICC သည် သံသယရှိသူများရှိနေသည့် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဖမ်းဆီးရန် အာဏာမရှိသလောက်ဖြစ်ပြီး အများအားဖြင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရန် ငြင်းပယ် ခံရလေ့ရှိသည်။ မားကို့စ်သည်လည်း ICC နှင့် ပူးပေါင်းဆောင်ရွက်ရန် အကြံဉာဏ်ကို ယခင်က ပယ်ချခဲ့ဖူးသည်။

မှတ်ချက်။ မြန်မာပြည်သူများကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်နေတာတွေ လေယဥ်ကနေမညှာမတာဗုံးကြဲသတ်ဖြတ်နေတာတွေကြောင့် တချိန်ချိန်မှာ ICCကိုပို့ဆောင်ပြီး စစ်ဆေးခံရဖို့မျှော်လင့်ကောင်းမျှော်လင့်နေကြမှာဖြစ်သည်။

ခေတ်မျက်လုံးအယ်ဒီတာ

အိုင်စီစီ တွင်ထားသည့် ရိုဒရီဂို ဒူတာတေးအကျဥ်းထောအခန်း

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးတရားကြားနာနေစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက