နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်းတည်မြို့မှာ စခန်းအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ‌

ဖေဖော်ဝါရီလ (၂၀)ရက်။

‌မနေ့က ည (၁၀)နာရီခွဲအချိန်က ပေါင်းတည်မြို့ သစ်ပုတ်ရွာနဲ့ ညောင်နီပင်ရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သစ်ပုတ်ရွာနဲ့ ညောင်နီပင်ရွာကြားမှာ သစ်ပုတ်အထိုင်စခန်းကနေ စခတွေ အချိနအပြောင်းလုပ်ပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေဘက်က ထိခိုက်တာတွေရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သစ်ပုတ်အထိုင်စခန်းကနေ အချိန်းအပြောင်းလုပ်ပြီးအပြန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က (၃)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပေမယ့် သေဆုံးတာရှိမရှိကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းထောက်လှမ်းနေတယ်လို့ ရေးသားထားပါတယ်။

စခန်းအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁)တပ်ရင်း တပ်ခွဲ(၁)နဲ့ တပ်ခွဲ(၅)တို့က တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 14 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ
မြန်မာသတင်း

လမ်းပြမြေပုံ (၆)ချက်ကို အကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၇)ရက်။ လမ်းပြမြေပုံ (၆)ချက်ကို ကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ထဲရှိ အင်အားစုတွေနဲ့ စုပေါင်းကာ နိုင်ငံရေးနဲ့ တော်လှန်ရေးဆိုင်ရာကိစ္စတွေ ဆက်လက်အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ (၆)ချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်သွားမယ်လို့
မြန်မာသတင်း

တိုင်းပြည်မဖွံ့ဖြိုးတာ ခေါင်းဆောင်တွေ အလယ်အလတ်လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ဆိုပြီး ယွက်စစ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၇)ရက်။ တိုင်းပြည်မဖွံ့ဖြိုးတာ တိုင်းပြည်ခေါင်းဆောင်တွေ မလယ်အလတ်လမ်းစဉ်တရားနဲ့ အဆတ်ပြတ်လို့ဆိုပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ ရှမ်းအမျိုးသားနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းပြည်မငြိမ်မသက်၊ အကျပ်အတည်းဖြစ်လို့ ပြည်သူတွေ စစ်ဘေးရှောင်ရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးရတာနဲ့
မြန်မာသတင်း

မူးမြို့နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်တာကြောင့် (၉)နှစ်အရွယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၇)ရက်။ မူးမြို့နယ်ရှိ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်တက်က လက်နက်ကြီး၊ ဒရုန်းတွေအပြင် လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က ခင်ကြီးရွာ၊ လှေဒုံးရွာနဲ့ ငတိုးခင်ရွာထဲကို
မြန်မာသတင်း

ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးစကားဝိုင်းလာဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၇)ရက်။ ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးစကားဝိုင်း လာကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာမှာ ဖိတ်ခေါ်ခဲ့ပြန်တယ်လို့ သိရပါတယ်။ အခုအခါ နိုင်ငံ အေးချမ်းဖို့နဲ့ လုံခြုံဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တည်ငြိမ်အေးချမ်းတဲ့
မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက အကြမ်းဖက်စကမဂိတ်ကို စစ်ရေးမစ်ရှင်အနေနဲ့ ဝင်တိုက်ခိုက်ခဲ့တာ။ အဲ့ဒီဂိတ်က ပေါ်တာဆွဲတာ ပိုက်ဆံတောင်းတာတွေ လုပ်နေတာ” လို
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားတဲ့ လမ်းသွယ်တွေအားလုံးကို မြေပြင်စစ်ရေးအခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားတယ်လို ဆိုပါတယ်။ ဒါ့ကြောင့်