နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရဲဘော်ကိုစိုင်း သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြမယ်လို့ဆို

မတ်လ (၂၀)ရက်။

မတ်လ (၁၈)ရက်နေ့က မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ ကယန်းပြည်သစ်ရုံးစိုက်ရာနယ်မြေမှာ Napy Pyi Taw PDF တာဝန်ရှိသူတွေက သွားရောက် ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တွေ့ဆုံချိန် ကယန်းပြည်သစ်ပါတီက ရဲဘော်ကိုစိုင်းထံက သိမ်းဆည်းခဲ့တဲ့ 9mm ပစ္စတို(၁)လက်၊ လက်ကိုင်ဖုန်းတလုံးနဲ့ icom စကားပြောစက်တခုတို့ကို နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ရဲဘော်ကိုစိုင်းဖြစ်စဉ်မှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ကယန်းပြည်သစ်ပါတီက ပွင့်လင်းမြင်သာစွာ ချပြသွားမယ်ဆိုတာအပါအဝင် အချက် (၅)ချက်ကို သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချက်တွေထဲ နေပြည်တော်တိုင်းစစ်ဌာနက စုံစမ်းစစ်ဆေးတာတွေအရ ကယန်းပြည်သစ်တပ်မတော်က တပ်စုမှူးဟာ စစ်မြေပြင်မှာ နယ်မြေဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိကာ ကျဆုံးခဲ့တဲ့အပေါ် အထူးဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီး အခုလိုဖြစ်ရပ်တွေ မဖြစ်ပေါ်စေဖို့ အောက်ခြေတပ်မှူးတွေအထိ ခိုင်မာတဲ့ယုံကြည်မှုရှိစေအောင် ဆောင်ရွက်ဖို့နဲ့ နှစ်ဖက်အဖွဲ့အကြား လက်နက်အသုံးပြု ပဋိပက္ခမဖြစ်ဖို့ကို အပြည့်အဝ တာဝန်ယူ ကတိပြုဖို့အချက် ထည့်သွင်းထားပါတယ်။

‌ဒါ့အပြင် တော်လှန်ရေးအကျိုးစီးပွားကို ရှေ့ရှုကာ အသေးအဖွဲ့ကိစ္စတွေကအစ အလျင်အမြန် ညှိနှိုင်းဆောင်ရွက်ကြပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ ယုံကြည်မှုတည်ဆောက်ဖို့ သဘောတူညီခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ပျဉ်းမနားစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ အရေးယူမှုပြီးဆုံတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 18 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 34 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့