နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ စစ်သုံ့ပန်း ၁၇၅ ဦးကို အပြန်အလှန် လဲလှယ်ခဲ့

မတ်လ (၂၀) ရက်။

ယူကရိန်းကို ရုရှားကျူးကျော်မှု အဆုံးသတ်ဖို့ ညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေချိန် ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ စစ်သုံ့ပန်း ၁၇၅ ဦးကို အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

ယူကရိန်းသမ္မတဗလော်ဒီမီယာ ဇလန်းစကီးက မတ်လ ၁၉ ရက်နေ့မှာ ယူအေအီး (ယူအေအီး) ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုအရ ယူကရိန်းစစ်သား ၁၇၅ ဦးနဲ့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ စစ်သား ၂၂ ဦးကို ရုရှားက လွှတ်ပေးခဲ့ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ ကြေညာခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရုရှား စစ်သား ၁၇၅ ဦး နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း ပြောကြားပြီး မနေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ အမေရိကန် သမ္မတ ပူတင်တို့အကြား တယ်လီဖုန်း ပြောဆိုဆွေးနွေးမှုရဲ့ရလဒ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း သမ္မတဇလန်းစကီးက ၁၈ ရက်နေ့က အမေရိကန်နဲ့ ရုရှားခေါင်းဆောင်နှစ်ဦးအကြား တယ်လီဖုန်းပြောဆိုမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ “ အကျဉ်းသားလဲလှယ်မှုအကြောင်းကို ကျွန်တော် သိထားပြီး ဖြစ်ပါတယ်။ အဲ့ဒါက ကြိုတင်စီစဉ်ထားပြီး ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှာရဲ့ ပြောဆိုချက်တွေက တူညီမှု မရှိတာကို တွေ့မြင်ရတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 43 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့