နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူတွေ တစ်မြို့လုံးနီးပါး တိမ်းရှောင်နေကြ

ဇန်နဝါရီလ (၂၀)ရက်။

တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူ‌တွေ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“အခုက တစ်မြို့လုံးနီးပါး ပြောင်းနေကြပြီ၊ ပစ္စည်းတွေသယ်ဖို့ကို ကားတွေငှားတာ မလိုက်ကြလို့ အခင်တွေ့နေတယ်။ တချို့‌ဆို ရိက္ခာတွေစုထားတာ မသယ်နိုင်လို့ ထားခဲ့ရတာတွေရှိတယ်၊ တပ်ပြေးတွေလဲ အများကြီးပဲ၊ ပြေးလိုက် ပြန်ခေါ်လိုက်နဲ့ ခြေရှုပ်နေကြတာ၊ လက်နက်ကြီသံတွေ လေယာဉ်သံတွေက နီးတော့ ကြောက်နေရတယ်”လို့ ဆိုပါတယ်။

မနေ့ကလဲ ချောင်းသာမြို့ရှိ ဟိုတယ်နဲ့ တည်းခိုခန်းအချို့ ဧည့်သည်ခရီးစဉ်တွေ ဖျက်သိမ်းပြီး မီးစက်အပါအဝင် ပစ္စည်းတွေ သိမ်းဆည်းကာ တိတ်တဆိတ် ပုသိမ်မြို့ပေါ်ကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

“အချို့ဟိုတယ်တွေကတော့ စကစက ဖိအားပေးလို့ ခရီးသွားတွေကို လက်ခံနေရတာရှိတယ်။ အခုလိုတွေဖြစ်တော့ စေတနာနဲ့ သတိပေးတာကို လက်မခံကြဘူး၊ ဒေသခံတွေ ငတ်ရင်တာဝန်ယူမလားဆိုပြီး။ အခုအချိန်က အပျော်ခရီးထွက်ဖို့ သင့်မသင့်ကို စဉ်းစားကြပါ။ ချောင်းသာဒေသခံတွေတောင် စစ်ရှောင်နေကြပြီ”လို့ ‌သူက ဆက်ပြောပါတယ်။

အခုအခါ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် ချောင်းသာရှိ ဟိုတယ်အချို့ ခရီးသွားတွေကို လက်မခံတော့တာတွေ ရှိနေသလို ဒေသတွင်းလုပ်ငန်းရှင်အချို့ကလဲ အခုကာလ ချောင်းသာကို လည်ပတ်ဖို့ မသင့်တော်ဘူးလို့ အသိပေးထားကြပါတယ်။

“ရွှေသောင်ယံတကြောမှာ စစ်ရှောင်တွေ အရင်ကထက် ပိုများလာတာတွေ့ရတယ်။ တော်တော်များများ တိမ်းရှောင်နေကြသလို ချောင်းသာကမ်းခြေမှာလဲ လာရောက်လည်ပတ် ရေကူးကစားတဲ့သူ မတွေ့ရသလောက်ဖြစ်နေပြီ”လို့ ဧည့်လမ်းညွှန်လုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ခရီးသွားလာမယ့်သူများ ရွှေသောင်ယံတကြောကို အရေးကြီးကိစ္စမရှိဘဲ မသွားဖို့ အသိပေးပြောဆိုတာတွေရှိပြီး ငါးသိုင်းချောင်းမြို့နဲ့ ပုသိမ်မြို့ မကျီးဇင်ရွာက ‌ရဲကင်းစခန်းအပါအဝင် စစ်ကောင်စီစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 44 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 45 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို