နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုးကန့်ကျားဖြန့်ဂိုဏ်းကို လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် တရုတ်တရားရုံးက တရားစွဲဆို

တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးစေခဲ့တဲ့ အကြံအစည်မှာ နာမည်ဆိုးရှိသော ဂိုဏ်းဝင် ၂၃ ဦး ပါဝင်ခဲ့တယ်လို့ သိရပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်။

ရာဇ၀တ်မှုများစွာဖြင့် စွပ်စွဲခံထားရသော မြန်မာနိုင်ငံကိုးကန့်ဒေသအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းမှ အဖွဲ့ဝင် ၂၃ ဦးကို တရုတ်တရားရုံးတစ်ခုက စတင်ကြားနာစစ်ဆေးနေပြီဖြစ်သည်။

တရားခံများသည် မြီမိသားစုဂိုဏ်းနှင့် ဆက်နွယ်နေပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်လိမ်လည်မှု၊ လူသတ်မှု၊ နှိပ်စက်ညှင်းပန်းဒဏ်ရာရစေမှု၊ တရားမဝင် ထိန်းသိမ်းမှု၊ ငွေညှစ်မှု၊ လောင်းကစား မြေအောက်ဝိုင်းဖွင့်မှု၊ ပြည့်တန်ဆာလုပ်ငန်းတည်ထောင်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ရာဇ၀တ်မှု ၁၁ မှုဖြင့် တရားစွဲဆိုထားကြောင်း နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

CCTV ၏အဆိုအရ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်၊ Wenzhou မှ အစိုးရရှေ့နေများက မြီမိသားစုသည် “ စက်မှုဇုံများ” ထူထောင်ကာ ရာဇ၀တ်မှု အမျိုးမျိုးအတွက် ငွေကြေး စိုက်ထုတ်သူများနှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံသား ၁၄ ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရကာ လိမ်လည်မှုများကြောင့် ယွမ်ငွေ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါဂိုဏ်း၏စစ်ဆင်ရေးများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကိုးကန့်တွင် ဗဟိုပြုသည်ဟု ၎င်းတို့က စွပ်စွဲထားသည်။

အဆိုပါဂိုဏ်းသည် ထောင်ပေါင်းများစွာသော လိမ်လည်သူများ နေရာယူထားသည့် စက်မှုဇုန်များနှင့် ခြံဝင်းကြီးများကို ချိတ်ဆက်ထူထောင်ခဲ့ပြီး ၎င်းတို့၏သားကောင်များအား ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အတုများ၊ ဖြားယောင်းယောင်ဆောင်မှုများနှင့် ငွေညှစ်ခြင်း အပါအဝင် နည်းမျိုးစုံကို အသုံးပြုခဲ့ပြီး လိမ်လည်ခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ် အောက်တိုဘာလတွင် မြီဂိုဏ်းမှ အခြားခြံဝင်းတခုသို့ ပြောင်းပေးစဥ် ထွက်ပြေးရန် ကြိုးပမ်းသည့် မတရားထိန်းသိမ်းခံတရုတ်များကို သတ်ဖြတ်ခဲ့ကြောင်း ထိုပစ်မှုအတွက် သက်သေများရှိကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

မြီရာဇ၀တ်ဂိုဏ်းကို မြီရှောက်ချန်း (Ming Xuechang) ကခေါင်းဆောင်ခဲ့ပြီး သူသည်တရုတ်-မြန်မာလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်လွှတ်တော်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး ကိုးကန့်ခေါင်းဆောင်မှုကော်မတီအဖွဲ့ဝင်ဟောင်းလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ရဲများ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်ဟု ယူဆရသည်။

သားဖြစ်သူ မြီကော်ဖျင် (Ming Guoping)၊ သမီးဖြစ်သူမြီဂျူလန်(Ming Julan) နှင့် မြေးဖြစ်သူ မြီကျိန်းကျန်း (Ming Zhenzhen) ခေါ် မသီရီမောင်တို့သည် မြန်မာနိုင်ငံဖွားတရုတ်လူမျိုးများဟု ယူဆရပြီး သူတို့ကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြီရှောက်ချန်း၏ သားဖြစ်သူ အသက် (၄၃) နှစ် အရွယ်ရှိ မြီကော်ဖျင်သည် စစ်ကောင်စီ ကွပ်ကဲမှုအောက်ရှိ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ရန်နှင့် အမြတ်ထုတ်ရန် ရာဇဝတ်ဂိုဏ်းတွင် တာဝန်ရှိသူဖြစ်ကြောင်း သိရသည်။

သားဖြစ်သူ မြီကော်ဖျင်သည် ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်ပြီး မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်နေသည့်သူလည်း ဖြစ်သည်။ ထိုရာထူးနေရာဖြင့် သူ၏ဂိုဏ်းသည် လိမ်လည်လှည့်ဖြားမှုလုပ်ဆောင်နေသူများကို အကာအကွယ်ပေးပြီး ထိုလိမ်လည်မှုများမှ အကျိုးအမြတ်ရနေခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

Wenzhou ပြည်သူ့တရားရုံးက သောကြာနေ့မှ ဗုဒ္ဓဟူးနေ့အထိ မိသားစုထံမှ အမှုနှင့် ပတ်သက်သည်တို့ကို ကြားနာခဲ့ပြီး စီရင်ချက်အား နောက်မှကြေညာမည်ဟု ပြောခဲ့သည်။

ထိုကဲ့သို့ တရုတ်အစိုးရ၏ လတ်တလော ကြိုးပမ်းမှုဖြစ်သည့် နိုင်ငံကျော်ဖြတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရခြင်းမှာ ယင်းကိစ္စသည် မရေမတွက်နိုင်သော တရုတ်နိုင်ငံသားများအတွက် သိသိသာသာ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကို ဖြစ်စေခဲ့၍ ဖြစ်သည်။ ရွှေတြိဂံဟုခေါ်တွင်သော ၎င်းတို့၏ အခြေစိုက်စခန်းများတွင် သံသယရှိသူများကို ပစ်မှတ်ထား ဖြိုခွင်းခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တယ်လီကွန်းလိမ်လည်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းခဲ့ပြီး မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ အိမ်နီးချင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မြန်မာအာဏာပိုင်များသည် “နိုင်ငံဖြတ်ကျော်လိမ်လည်မှု မြောက်မြားစွာကို ချေမှုန်းခဲ့ပြီး ရာဇ၀တ်ဂိုဏ်းများ၏ လှုပ်ရှားမှုများကို သိသိသာသာ တားဆီးပိတ်ပင်ခဲ့သည်” ဟု ဖော်ပြထားသည့် CCTV အစီရင်ခံစာတွင် သံသယရှိသူ ၅၃,၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

အင်္ဂါနေ့တွင် ထိုင်းရဲများက ၎င်းတို့သည် နိုင်ငံတကာ လိမ်လည်မှုဂိုဏ်းကွင်းဆက်နှင့် ပတ်သက်သည့် တရုတ် နိုင်ငံသားများ အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါဂိုဏ်းသည် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် သားကောင်များထံမှ ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိ လိမ်လည်မှု စင်တာများ နှင့် ချိတ်ဆက်မှုများရှိသည်ဟု ယူဆရသည်။

ထိုသို့ဖြစ်ပျက်ပြီးနောက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်ပြီးနောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် လိမ်လည်ဂိုဏ်း များကို ကိုင်တွယ်ဖြေရှင်းရန် ညှိနှိုင်းရေး စင်တာများ တည်ထောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 26 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 15 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 9 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ