နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသက်အငယ်ဆုံး ဓားစာခံ (၂) ဦး အပါအဝင် ဓားစာခံလေးဦး၏ ရုပ်အလောင်းများကို ဟားမတ်စ်က လွှဲပြောင်းပေးခဲ့သည်။

ဖေဖော်ဝါရီလ (၂၁) ရက်။

အစ္စလမ်မစ်အဖွဲ့ ဟားမတ်စ်က ဖမ်းထားတဲ့ အသက်အငယ်ဆုံးကလေးငယ်နှစ်ဦး အပါအဝင် အစ္စရေး ဓားစာခံလေးဦးရဲ့အလောင်းတွေကို လာမယ့် ၂၀ ရက်နေ့ မှာ ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်အဖွဲ့က ၁၈ ရက်နေ့က ကြေညာလိုက်ပြီး ၂၀ ရက်နေ့မှာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ပြန်လည်လွှဲပေးခဲ့ပါတယ်။ ၂၂ ရက်နေ့မှာလည်း မူလစီစဉ်ထားတဲ့ ၃ ယောက်အစား အသက်ရှင်ကျန်နေတဲ့ ဓားစာခံခြောက်ဦးကို လွှတ်ပေးမယ်လို့ သိရပါတယ်။ (ပူးတွဲဓာတ်ပုံမှာ သူတို့ ၆ ဦးကို တွေ့မြင်နိုင်ပါတယ်။)

အစ္စရေး ဝန်ကြီးချုပ်ရုံးက ၂၀ ရက်နေ့မှာ “ သတ်ပစ်ခဲ့တဲ့ဓားစာခံလေးဦး” ကို လွှဲပြောင်းပေးဖို့နဲ့ ၂၂ ရက်နေ့မှာ အသက်ရှင်ကျန်ရစ်တဲ့ဓားစာခံ ခြောက်ဦးကို လွှတ်ပေးဖို့ ကိုင်ရိုမှာ ညှိနှိုင်းဆွေးနွေးမှုအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြုလုပ်ခဲ့တဲ့အတိုင်း အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ အစ္စရေးက မျှော်လင့်ထားပါတယ်။

အီဂျစ်၊ ကာတာ၊ အစ္စရေးနဲ့ အမေရိကန် တာဝန်ရှိသူတွေအကြား ဆွေးနွေးမှု အောင်မြင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ကျန်ရှိနေတဲ့ဓားစာခံတွေကို ဟားမတ်စ်တို့က ၂၂ ရက်တွင် ပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်းနဲ့ အဲ့ဒီကိစ္စနှင့် နီးစပ်တဲ့ အီဂျစ်သတင်းရင်းမြစ်တစ်ခုက CNN ကို အတည်ပြုခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ ကလေးနှစ်ဦး သေဆုံးမှု အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ပြောခဲ့ပြီး ဟားမတ်စ်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်မမေးခဲ့ပါဘူး။

ဟားမတ်စ်အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ကလေးနှစ်ယောက်နဲ့ သူတို့ရဲ့မိခင် သေဆုံးခဲ့ကြောင်း ပြောဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ဒီသေဆုံးမှုအတွက် ဟားမတ်စ်မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 25 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 138 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ