နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အသက်အငယ်ဆုံး ဓားစာခံ (၂) ဦး အပါအဝင် ဓားစာခံလေးဦး၏ ရုပ်အလောင်းများကို ဟားမတ်စ်က လွှဲပြောင်းပေးခဲ့သည်။

ဖေဖော်ဝါရီလ (၂၁) ရက်။

အစ္စလမ်မစ်အဖွဲ့ ဟားမတ်စ်က ဖမ်းထားတဲ့ အသက်အငယ်ဆုံးကလေးငယ်နှစ်ဦး အပါအဝင် အစ္စရေး ဓားစာခံလေးဦးရဲ့အလောင်းတွေကို လာမယ့် ၂၀ ရက်နေ့ မှာ ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်အဖွဲ့က ၁၈ ရက်နေ့က ကြေညာလိုက်ပြီး ၂၀ ရက်နေ့မှာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ပြန်လည်လွှဲပေးခဲ့ပါတယ်။ ၂၂ ရက်နေ့မှာလည်း မူလစီစဉ်ထားတဲ့ ၃ ယောက်အစား အသက်ရှင်ကျန်နေတဲ့ ဓားစာခံခြောက်ဦးကို လွှတ်ပေးမယ်လို့ သိရပါတယ်။ (ပူးတွဲဓာတ်ပုံမှာ သူတို့ ၆ ဦးကို တွေ့မြင်နိုင်ပါတယ်။)

အစ္စရေး ဝန်ကြီးချုပ်ရုံးက ၂၀ ရက်နေ့မှာ “ သတ်ပစ်ခဲ့တဲ့ဓားစာခံလေးဦး” ကို လွှဲပြောင်းပေးဖို့နဲ့ ၂၂ ရက်နေ့မှာ အသက်ရှင်ကျန်ရစ်တဲ့ဓားစာခံ ခြောက်ဦးကို လွှတ်ပေးဖို့ ကိုင်ရိုမှာ ညှိနှိုင်းဆွေးနွေးမှုအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြုလုပ်ခဲ့တဲ့အတိုင်း အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ အစ္စရေးက မျှော်လင့်ထားပါတယ်။

အီဂျစ်၊ ကာတာ၊ အစ္စရေးနဲ့ အမေရိကန် တာဝန်ရှိသူတွေအကြား ဆွေးနွေးမှု အောင်မြင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ကျန်ရှိနေတဲ့ဓားစာခံတွေကို ဟားမတ်စ်တို့က ၂၂ ရက်တွင် ပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်းနဲ့ အဲ့ဒီကိစ္စနှင့် နီးစပ်တဲ့ အီဂျစ်သတင်းရင်းမြစ်တစ်ခုက CNN ကို အတည်ပြုခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ ကလေးနှစ်ဦး သေဆုံးမှု အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ပြောခဲ့ပြီး ဟားမတ်စ်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်မမေးခဲ့ပါဘူး။

ဟားမတ်စ်အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ကလေးနှစ်ယောက်နဲ့ သူတို့ရဲ့မိခင် သေဆုံးခဲ့ကြောင်း ပြောဆိုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ဒီသေဆုံးမှုအတွက် ဟားမတ်စ်မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ