နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီလေကြောင်းကြောင့် ကျောင်းသူတွေအပါအဝင် (၄)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့

မတ်လ (၂၁)ရက်။

မနေ့က နံနက် (၂)နာရီအချိန်ခန့်က ထီးလင်းမြို့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။

“ စကစက အလယ်ဘန်းရွာက နေရာတော်တော်များများကို ရော့ကတ်၊ မီးလောင်ဗုံး၊ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သေဆုံးတာ (၄)ဦးနဲ့ ဒဏ်ရာရတာ (၃၃)ဦးရှိတယ်။ သေဆုံးတဲ့အထဲ ကျောင်းသူ (၂)ဦးပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် Grade (12) ‌ကျောင်းသူ (၂)ဦးအပြင် အမျိုးသားတစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း (၄)ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ (၃၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားပြည်သူ့နေအိမ် (၄)လုံး မီးလောင်ပြာကျခဲ့ကာ နေအိမ် (၁၂)လုံး အလုံးစုံပျက်စီးခဲ့ပြီး နွား၊ဝက် (၁၀)ကောင် သေဆုံးခဲ့တဲ့အပြင် တိရစ္ဆာန်အကောင်ရေ (၃၀)ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ နေ့တိုင်းဆိုသလို ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေကို ရက်ရက်စက်စက် ဖျက်ဆီးနေပြီး အရပ်သားပြည်သူတွေကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ဂန့်ဂေါခရိုင်(ယောဒေသ)ကို လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာ အနည်းဆုံးဖြစ်စေဖို့အတွက် ဗုံးခိုကျင်း‌တွေ မဖြစ်မနေ တူးဖော်ကြဖို့ အသိပေးထားပါတယ်။

တူးထားတဲ့ ဗုံးခိုကျင်းတွေ ကြံ့ခိုင်မှုစစ်ဆေးတာအပါအဝင် လေကြောင်းသတင်းတွေကို ချိတ်ဆက်ရယူ သတိပေးတာတွေကို လုပ်ဆောင်ကြဖို့လဲ သတိပေးထားတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 14 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ မိုင်းဖောက်ခွဲသူတွေဟာ တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက်နေ (၃၇)နှစ်အရွယ် မကြည်ကြည်ရွှေနဲ့ သားဖြစ်သူ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီပါတီရုံးမှာ ရုံးစောင့်တွေနဲ့ ပျူစောထီးတွေ အရပ်ဝိုင်းဖွဲ့သောက်နေတဲ့အချိန်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLD ပါတီရဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကရင်ပြည်နယ်က (၂)ဦး၊
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 44 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်(KSIP)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်ဖို့နဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မီးကုန်ယမ်းကုန် အသုံးပြုပြီး
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 47 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။